ဆင်ဟွာ၏အင်္ဂလိပ်ဘာသာဝက်ဘ်ဆိုက်တွင် မန်စီးတီးအသင်းသည် ပရိသတ်များကို ဥပေက္ခာပြုခဲ့ကာ ငွေကြေးကြောင့်သာ လာရောက်ခြင်းဖြစ်သည်ဟု ရေးသားခဲ့ပြီး ပွဲကစားအပြီးတွင် ပရိသတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်းလည်း မရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
တရုတ်အစိုးရပိုင်မီဒီယာဖြစ်သည့် ဆင်ဟွာက မန်စီးတီးအသင်းသည် တရုတ်ခရီးစဉ်အတွင်း ပရိသတ်များအပေါ် လေးစားမှုမရှိခဲ့ဟု ဖော်ပြမှုအား မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာမှ မှားယွင်းကြောင်း တုံ့ပြန်ခဲ့သည်။
ဆင်ဟွာ၏အင်္ဂလိပ်ဘာသာဝက်ဘ်ဆိုက်တွင် မန်စီးတီးအသင်းသည် ပရိသတ်များကို ဥပေက္ခာပြုခဲ့ကာ ငွေကြေးကြောင့်သာ လာရောက်ခြင်းဖြစ်သည်ဟု ရေးသားခဲ့ပြီး ပွဲကစားအပြီးတွင် ပရိသတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်းလည်း မရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
"ကျွန်တော် ဒါကို သဘောမတူပါဘူ။ လုံးဝမှားနေတယ်လို့ ပြောရလိမ့်မယ်။ ဒီလို သတင်းထုတ်ပြန်မှုမျိုးမှာ ကျွန်တော်တို့ ကလပ်အသင်းအတွင်းထဲ ဖြစ်ပျက်နေတာကို တိတိကျကျ သိရပါမယ်။ လူတွေက ဘယ်လို ပြောကြသလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဂျာနယ်လစ်တစ်ယောက်ယောက်က အစဖော်လိုက်တာဖြစ်မယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တကယ့်လက်တွေ့နဲ့ ဝေးကွာလွန်း ပါတယ်"ဟု ဂွါဒီယိုလာက ဟောင်ကောင်တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်