အိန္ဒိယတွင် နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်မှုသစ် ၁၈၅၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်မှာ ၅၀၀,၀၀၀ ကျော်လွန်သွားခဲ့ကြောင်း အစိုးရအဖွဲ့က ဇွန် ၂၇ တွင် ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
၂၄ နာရီအတွင်း လူ ၃၈၅ ဦးသေဆုံးခဲ့ ရာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်းသည်လည်း ၁၅,၆၈၅ ဦး ရှိလာခဲ့သည်။
လာမည့်သီတင်းပတ်များစွာအထိ အိန္ဒိယ၌ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုသည် အ ထွတ်အထိပ်သို့ ရောက်ရှိလာမည်မဟုတ်ဟု ခန့် မှန်းထားကြပြီး ဇူလိုင်လကုန်မတိုင်မီတွင် ဗိုင်းရပ်စက်ကူးစက်သူ တစ်သန်းကျော်လာ နိုင်ကြောင်း ပါရဂူများက ဆိုသည်။
အချို့သောပြည်နယ်အစိုးရအဖွဲ့များ က lockdown အသစ်ချမှတ်ရန် စဉ်းစားနေ ကြသည်။ နိုင်ငံ့စီးပွားရေး ထိခိုက်လာခြင်း ကြောင့် မတ်လတွင်စတင်ခဲ့သော နိုင်ငံအနှံ့ lockdown ချမှုကို တဖြည်းဖြည်းချင်း ပြန် လည်ဖြေလျှော့ခဲ့သည်။
အထူးသဖြင့် အိန္ဒိယရှိ လူနေထူထပ် သော မြို့များတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိပြီး ရောဂါပိုးကူးစက်ခံရသူ အရေအတွက်တွင် မွမ်ဘိုင်းမြို့ကို ကျော် တက်သွားပြီး ပိုးတွေ့လူနာ ၈၀,၀၀၀ နီးပါးရှိ နေသည့် နယူးဒေလီမြို့အတွက် ဗိုင်းရပ်စ် ကူးစက်မှုအခြေအနေမှာ စိုးရိမ်စရာဖြစ်လာ သည်။
ဇူလိုင်လကုန် မတိုင်မီအထိ မြို့တွင်း၌ ဗိုင်းရပ်စ်ကူးစက်မှု ၅၀၀,၀၀၀ ရှိလာလိမ့် မည်ဟု နယူးဒေလီမြို့အစိုးရအဖွဲ့က ခန့် မှန်းထားသည်။ အလွန်ဝန်ပိနေသော ဆေး ရုံများတွင် ကြုံတွေ့နေရသည့် ဖိအားများ လျော့နည်းသက်သာစေရန်အတွက် နယူး ဒေလီ၌ မီးရထားတွဲများ၊ ဟိုတယ်များ၊ အခမ်း အနားကျင်းပရာ ခန်းမများကို လူနာဆောင် များအဖြစ် ပြောင်းလဲအသုံးပြုနေပြီဖြစ်သည်။
ရောဂါစမ်းသပ်စစ်ဆေးမှု နည်းပါးနေသည့်ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ အဖွဲ့မှာ ဝေဖန်ခံနေရပြီး ကျွမ်းကျင်ပညာရှင် များက အိန္ဒိယအစိုးရသည် ဗိုင်းရပ်စ်ကူးစက် ခံရသူအရေအတွက်အမှန်ကို ဖုံးကွယ်ထား သည်ဟု ပြောကြားထားသည်။ အိန္ဒိယတွင် တရားဝင်ထုတ်ပြန်ထားသော ကူးစက်သူအ ရေအတွက်မှာ ၅၀၉,၀၀၀ ဖြစ်သည်။
လတ်တလောတွင် အိန္ဒိယနိုင်ငံသည် အမေရိကန်၊ ဘရာဇီး၊ ရုရှားပြီးလျှင် ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှု စတုတ္ထမြောက် အမြင့်ဆုံးနိုင်ငံဖြစ်နေသည်။
ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ အား ခြေရာခံခြင်းလုပ်ငန်းကို အရှိန်မြှင့်လုပ် ဆောင်ရန် ကြိုးပမ်းမှုအဖြစ် လူဦးရေသန်း ၂၀ နေထိုင်ရာ နယူးဒေလီမြို့တစ်ဝန်း အဝင် အထွက်ပိတ်ဆို့ထားသည့် နယ်မြေဒေသ များ၌ လူနှစ်သန်းခန့်ကို ရောဂါစမ်းသပ်စစ် ဆေးမှုပြုလုပ်ရန် နယူးဒေလီအာဏာပိုင်များ က ကျန်းမာရေးဝန်ထမ်း ၃၃ç၀၀၀ ကို အကူ အညီတောင်းထားသည်။ သို့သော် လူဦးရေ ၁.၃ ဘီလျံနေထိုင်ရာ အိန္ဒိယနိုင်ငံတစ်ဝန်းရှိ မြို့များသည် လာမည့်သီတင်းပတ်များအ တွင်း ဖြစ်ပွားလာနိုင်ဖွယ်ရှိသော ကူးစက်မှု လှိုင်းသစ်အတွက် အားတင်းတောင့်ခံနေကြ သည်။
“ကျွန်တော်တို့တွေ အထိတ်တလန့် ဖြစ်ရမယ့် အခြေအနေကို ရောက်သွားနိုင်တဲ့ အလားအလာရှိနေပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းမျဉ်းကို လိုက်နာကြဖို့ တိုက်တွန်းမှုအားနည်းတာ ဒါမှမဟုတ် စည်းကမ်းတင်းကျပ်တဲ့ lockdown ချတာကို ကျွန်တော်တို့ မလုပ်ဆောင်နိုင်ရင် ကူးစက်မှုနှုန်းက ဆက်လက်မြင့်တက် နေပါလိမ့်မယ် ”ဟု ပြည်သူ့ကျန်းမာရေး ပါရဂူ အာနန့်ဘန်က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေတွင် တရုတ်နိုင်ငံနှင့်မတူသည့်အချက်မှာ တရုတ် တွင် ဝူဟန်မြို့ဝန်းကျင်နှင့်မြို့အချို့၌ ရောဂါ ပိုးကူးစက်မှုပိုမိုမြင့်မားခြင်းဖြစ်ကာ အိန္ဒိယ တွင်မူ ရောဂါပိုးကူးစက်မှုသည် ထိုထက် ပိုမို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် တရုတ်ထက် အနည်း ငယ်ပိုများသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရကြောင်း ဘန်က အေအက်ဖ်ပီသို့ ပြောကြား ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုသည် ပြောင်းလဲနိုင်သည့်အတွက် လာမည့်လများအတွင်း အိန္ဒိယ၌ ဗိုင်းရပ်စ်ကူး စက်ခံရသူအရေအတွက် များပြားနေဦးမည်ဟု ခန့်မှန်းရကြောင်း ဘန်က ဆိုသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်