Top News

ဝက်စ်ဘန့်၌ အစ္စရေးတို့၏ နယ်မြေအပိုင်စီးရေး အစီအစဉ်ကို စစ်ကြေညာခြင်းဟု ဟားမားအဖွဲ့က သတိပေး
24htopnews | October 23, 2024 8:12 AM CST

သိမ်းပိုက်ခံ ဝက်စ်ဘန့်၏ အစိတ်အပိုင်းများကို အစ္စရေးတို့က ၎င်းတို့ပိုင်နက်ထဲသို့ သွတ်သွင်းရန်  အစီအစဉ်သည် စစ်ကြေညာခြင်းဖြစ်လာလိမ့်မည်ဟု ဟားမားအဖွဲ့က ဇွန် ၂၇ ရက်တွင် သတိပေးလိုက်သည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးကလည်း ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် အစွန်းရောက်ဝါဒကို မီးမွှေးပေးရာ ကျလိမ့်မည်ဟု သတိပေးခဲ့သည်။

ပါလက်စတိုင်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ လူအများတို့က ၀ိုင်းဝန်းကန့် ကွက်နေသော်လည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ယင်းကဲ့သို့ သွတ်သွင်းရေးအစီအစဉ်များကို ဇူလိုင် ၁ ရက်မှစ၍ရေးဆွဲရန် ရည်ရွယ်ထားသည်။

ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြား ချက်တစ်ရပ်တွင် ဟားမား၏ စစ်ဘက်အဖွဲ့ က ယင်းကဲ့သို့လုပ်ဆောင်မှုသည် ပါလက်စတိုင်းများနှင့် စစ်ပွဲဖြစ်ပွားအောင် လှုံ့ဆော် ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ပြည်သူတွေအပေါ် စစ်ကြေညာဖို့ ဝက်စ်ဘန့်နဲ့ ဂျော်ဒန်တောင်ကြား ကို သွတ်သွင်းရေး ဆုံးဖြတ်ချက်ကို ခုခံရေး အဖွဲ့အနေနဲ့ စဉ်းစားရပါတော့မယ်” ဟု ပြောရေးဆိုခွင့်ရှိသူ အဘူအူဘေဒါက ပြောကြား ခဲ့သည်။ ပါလက်စတိုင်းတို့၏ ကမ်းမြှောင်ဒေသကို အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ဖြစ် သော ဟားမားတို့က ထိန်းချုပ်လိုက်ချိန် ၂၀၀၇ ခုနှစ်ကတည်းက ဂါဇာသည် အစ္စရေး တို့၏ ချည့်နဲ့အောင် ပိတ်ဆို့မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဟားမား နှင့် အစ္စရေးတို့ စစ်မက်သုံးကြိမ် ဖြစ်ပွားခဲ့ရာ နောက်ဆုံးဖြစ်ပွားသည့် ၂၀၁၄ ခုနှစ်တွင် ပါလက်စတိုင်းတို့ဘက်မှ ၂,၂၅၁ ဦး သေ ဆုံးပြီး အစ္စရေးတို့ဘက်မှ ၇၄ ဦး သေဆုံး ခဲ့သည်။

၎င်းတို့နှစ်ဦးနှစ်ဖက်အနေဖြင့် တရား ဝင်ဆက်ဆံရေးမရှိဘဲ ဝက်စ်ဘန့်တွင် အခြေ စိုက်သည့် သီးခြားအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သည် အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို လွန်ခဲ့သည့်လက ဖြတ်တောက်ခဲ့သည်။

ဝက်စ်ဘန့်နှင့် ဂျော်ဒန်တောင်ကြား၌ ၎င်းတို့၏ အိမ်ရာစီမံကိန်းများကို သွတ်သွင်းရန် အစ္စရေး၏ အဆိုပြုချက်သည် ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့သည့် ပိုမိုကျယ်ပြန့်သော အမေရိကန်ငြိမ်းချမ်းရေးအစီအစဉ် တစ် စိတ်တစ်ပိုင်းကို ဖွဲ့စည်းဖြစ်ပေါ်စေခဲ့သည်။

ယင်းအဆိုပြုချက်များသည် ကျန်ရှိနေ သေးသော ဝက်စ်ဘန့်နယ်မြေနှင့် ဂါဇာကမ်း မြှောင်ဒေသ ပါဝင်လျက် ပါလက်စတိုင်းနိုင်ငံ တစ်ခု ဖန်တီးရေးကို ရှုမြင်ပေးထားသည်။

သို့သော် မြို့တော်အဖြစ် ရည်ရွယ်ထား သည့် အရှေ့ဂျေရုစလင် မပါဝင်သည့်အပြင် နယ်မြေသည်လည်း မျှော်မှန်းချက်ထက် ကျုံ့ဝင်နေသောကြောင့် ယင်းနိုင်ငံသတ် မှတ်ချက်သည် ပါလက်စတိုင်းတို့ လိုလား ချက်ကို ပြည့်မီခြင်း မရှိပေ။

အစ္စရေးတို့ဘက်သို့လိုက်သော ရပ် တည်ချက်ကြောင့် အမေရိကန်ကို ပါလက်စ တိုင်းအာဏာပိုင်များက ၂၀၁၇ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး အ မေရိကန်တို့၏ ငြိမ်းချမ်းရေးအစီအစဉ်ကို လည်း ပယ်ချခဲ့သည်။ 

ကုလသမဂ္ဂသည်နေတန်ယာဟု၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ မကြာ သေးမီသီတင်းပတ်များအတွင်း သတိပြုမိ လာပြီး ၎င်းင်းတို့အနေဖြင့် အစ္စရေး-ပါလက်စ တိုင်း ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်၍မ ရတော့အောင် ပျက်စီးစေခြင်းမည်ကြောင်း သတိပေးခဲ့သည်။

ကုလသမဂ္ဂ၏ အရှေ့အလယ်ပိုင်းဆိုင် ရာ အထူးသံတမန် နစ်ကိုလိုင်မလာဒီညော့ က ယင်းကဲ့သို့ သွတ်သွင်းမှုသည် အစွန်း ရောက်ဝါဒကို မီးထိုးပေးခြင်းဖြစ်စေလိမ့် မည်ဟု ဇွန် ၂၅ ရက်က ဂျေရုစလင်၌ ပြော ကြားခဲ့သည်။                                 

 

 


READ NEXT
Cancel OK