ယခုလအစောပိုင်းတွင် လူသေဆုံးများသည့်ပဋိပက္ခမဖြစ်မီ တရုတ်က အိန္ဒိယနယ် စပ်အနီးရှိ ၄င်း၏တပ်ဖွဲ့များကို တောင်တက်သမားများ၊ ကိုယ်ခံပညာကျွမ်းကျင်သူများ နှင့် အင်အားဖြည့်ပေးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့သည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းနှစ်နိုင်ငံအကြား တောင်ထူထပ်သောနယ်စပ်တွင် တင်းမာမှုများ ဖြစ်နေကျ ဖြစ်သော်လည်း ယခုလတွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် နှစ် ၅၀ ကျော်အတွင်း လူ သေဆုံးမှုအများဆုံး တိုက်ခိုက်မှု ဖြစ်သည်။ ဧဝရတ်တောင် အိုလံပစ်မီးရှူးတိုင် လက် ဆင့်ကမ်းအပြေးပြိုင်ပွဲအဖွဲ့နှင့် Mixed Martial Arts ကလပ်မှ တိုက်ခိုက်ရေးသမား များ ပါဝင်သည့် ပြည်သူ့စစ်အဖွဲ့ခွဲသစ် ငါးဖွဲ့ ကို ဇွန် ၁၅ ရက်တွင် လာဆာ၌ စစ်ဆေးရန် အတွက် စေလွှတ်ခဲ့သည်ဟု တရုတ်စစ်တပ် ၏ သတင်းစာ China National Defence New တွင် ဖော်ပြခဲ့သည်။
တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏မြို့တော် လာဆာတွင် ရာနှင့်ချီသော တပ် ဖွဲ့ဝင်သစ်များ တန်းစီနေသည့်ပုံကို နိုင်ငံပိုင် ရုပ်သံ CCTV တွင် ဖော်ပြခဲ့သည်။
Enbo Fight Club တပ်သားသစ်များသည် တပ်ဖွဲ့ဝင်များ၏ စစ်စည်းရုံးမှုအင် အားနှင့် ၎င်းတို့၏ တု့ံပြန်မှုနှင့် စွမ်းဆောင်ရည်ကို ထူးထူးကဲကဲ မြှင့်တင်ပေးနိုင်မည်ဟု တိဘက်တပ်မှူး ဝမ်ဟေကျန်းက ပြောကြားခဲ့ကြောင်း China National Defence News က ဖော်ပြခဲ့သည်။ ယင်းတပ်ဖွဲ့ဝင်သစ်များ တပ်ဖြန့်ထားမှုနှင့် လတ်တလော ဖြစ်ပွားနေ သည့် နယ်စပ်တင်းမာမှုများ ဆက်စပ်မှု ရှိ၊ မရှိကို တိတိကျကျအတည် ပြုခဲ့ခြင်း မရှိပေ။
အင်အားကြီးနှစ်နိုင်ငံအကြား လတ် တလောဖြစ်ပေါ်သည့် ပဋိပက္ခသည် ဆယ် စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး ထိပ် တိုက်ရင်ဆိုင်မှု ဖြစ်သည်။ ပစ်ခတ်မှုမပါဘဲ လက်ချင်း တိုက်ခိုက်ခဲ့သည့် ပဋိပက္ခတွင် အိန္ဒိယစစ်သား ၂၀ ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယဘက်က ထုတ်ပြန်ခဲ့သော်လည်း တ ရုတ်ဘက်က သေဆုံး၊ ဒဏ်ရာရရှိသည့် အ ရေအတွက်ကို တိတိကျကျ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ပစ်ခတ်မှုမပါဘဲ ကျောက်ခဲနှင့် တုတ်တိုများ အသုံးပြုခဲ့သည့် ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။
အငြင်းပွားမှုဖြစ်နေသည့် ဟိမဝန္တာ နယ်စပ်တွင် တရုတ်က တပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားမှုကို တိုးမြှင့်ခဲ့သောကြောင့် အိန္ဒိယ တပ်ဖွဲ့ဝင်များကိုလည်း အင်အား ဖြည့်ခဲ့ခြင်း ဖြစ်သည်ဟု ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
အိန္ဒိယနှင့် နယ်နိမိတ် ထိစပ်နေသည့် တိဘက်ဒေသတွင် ဒုံးဖျက်လေယာဉ်များ လေ့ကျင့်ပျံသန်းမှုအပါအဝင် စစ်ဘက်ဆိုင် ရာ လေ့ကျင့်မှုများလုပ်ဆောင်ခဲ့မှုကို တရုတ်နိုင်ငံပိုင်မီဒီယာက ပြီးခဲ့သည့် သီတင်းပတ် များအတွင်း အထူးပြုဖော်ပြခဲ့သည်။
တပ်ဖွဲ့ဝင်သစ်များကို နယ်စပ်တွင် အင်အားတောင့်တင်းရန်နှင့် တိဘက်ဒေသ တည်ငြိမ်မှုရှိရေးအတွက် စုဆောင်းခဲ့့ခြင်း ဖြစ်သည်ဟု China National Defence News က ထုတ်ပြန်ခဲ့သည်။
တရုတ်တပ်ဖွဲ့ဝင်များသည် အိန္ဒိယစစ် သားများကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး နယ်စပ်တွင်ချင်းနင်းတိုက်ခိုက်မှုဖြင့် တပ် ဖွဲ့ဝင်များကို ဖယ်ရှားရန် ဖိအားပေးခဲ့သည် ဟု အိန္ဒိယက စွပ်စွဲခဲ့သည်။
နှစ်နိုင်ငံသဘောတူညီမှုများကို တရုတ်က ချိုးဖောက်ခဲ့ပြီး အငြင်းပွားမှု ဖြစ်နေ သည့် ဟိမဝန္တာနယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင်များနှင့် လက်နက်အများအပြားကို တပ်ဖြန့်ထားရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်