Top News

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်ခဲ့ပြီး ကူးစက်ခံရသူ တစ်သန်းကျော်လာ
24htopnews | October 23, 2024 12:12 AM CST

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်သန်းကျော်အထိ မြင့် တက်ခဲ့ပြီး သေဆုံးသူ ၅၀,၀၀၀ ကျော်လာခဲ့ သည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော် သည် ကန့်သတ်ချုပ်ချယ်မှုအောက်တွင် နေထိုင်နေကြသော်လည်း ဗိုင်းရပ်စ် ကူးစက် မှုသည် လျင်မြန်နေဆဲဖြစ်ပြီး အမေရိကန်၊ ဗြိတိန်၊ စပိန်တို့တွင် အသေအများဆုံးနေ့ ရက်များကို ကြုံတွေ့ခဲ့ကြရသည်။

ဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေး ဆုံးရှုံးမှုသည်လည်း ပို၍ထင်ရှားလာနေပြီး  အမေရိကန်တွင် အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ ဦးရေသည် ပြီးခဲ့သည့် သီတင်းပတ်က ၆.၆၅ သန်း ပိုများလာခဲ့ ကြောင်း စာရင်းများက ဖော်ပြခဲ့သည်။ မတ် လ၏နောက်ဆုံးသီတင်းပတ် နှစ်ပတ်တွင် အမေရိကန်၌အလုပ်အကိုင် ဆုံးရှုံးခဲ့သူ ၁၀ သန်းအထိ ရှိခဲ့ပြီဖြစ်သည်။

ဗိုင်းရပ်စ် ပြဿနာကို ဖြေရှင်းရန် အတွက် ဘဏ္ဍာရေးအကူအညီများကိုကမ္ဘာ့ ခေါင်းဆောင်များက ကြေညာထားသည်။

အမေရိကန်သည် ယခုအခါ ကမ္ဘာတစ် ဝန်းမှ ကူးစက်မှုအားလုံး၏လေးပုံတစ်ပုံနီး ပါးကို ရင်ဆိုင်နေရပြီး ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ဦးရေလည်း မြင့်တက်နေ သည်။ ဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် လူ ၆,၀၀၀ ကျော် သေဆုံးထားပြီး ၁,၁၀၀ ကျော်သည် ပြီးခဲ့သည့်တစ်ရက်အတွင်း သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္က သိုလ်၏စာရင်းများက ဖော်ပြသည်။

အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် လူ ၁၀၀,၀၀၀ မှ ၂၄၀,၀၀၀ အကြား သေဆုံးနိုင်ကြောင်း အိမ်ဖြူတော်ကျွမ်းကျင် သူများက ပြောကြားထားသည်။ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီ(FEMA) က အလောင်းထည့်သည့်အိတ် ၁၀၀,၀၀၀ ကို ဧပြီ ၂ တွင် အမေရိကန်စစ်တပ်ထံမှ တောင်း ဆိုခဲ့သည်။

အမေရိကန် လူဦးရေ၏ ၈၅ ရာခိုင်နှုန်း သည် နေအိမ်တွင်သာ နေကြရန် တိုက်တွန်း ခံထားရပြီး အမေရိကန်တွင် ကူးစက်မှု ဗဟို ချက်ဖြစ်သော နယူးယောက်တွင် အပြင်ထွက် သည့်အခါ မျက်နှာကို ဖုံးအုပ်ထားကြရန် မြို့ တော်ဝန်ဘီဒီဘလာစီယိုက ပြောကြားခဲ့ သည်။ အများဆိုင်ရာ နေရာများတွင် နှာ ခေါင်းစည်း ဝတ်ဆင်ထားကြရန် ထောက်ခံ အကြံပြုချက်ကို ရက်အနည်းငယ်အတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ မိုက်ပင့်စ်က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၏ ဗဟိုချက် အဖြစ် သီတင်းပတ်များစွာရှိနေခဲ့သော ဥ ရောပတွင် အဆိုးဆုံးအခြေအနေကို ရောက် ရှိခဲ့ပြီ ဖြစ်ကြောင်း လက္ခဏာများ ပေါ်ထွက် လာခဲ့သည်။ စပိန်နှင့်ဗြိတိန်တွင် ၂၄ နာရီ အတွင်းသေဆုံးသူ စံချိန်တင်ခဲ့ပြီး ၉၅၀ နှင့် ၅၆၉ အသီးသီး သေဆုံးခဲ့ကြသည်။

အီတလီနှင့်စပိန်တွင် သေဆုံးသူ ဦးရေ သည် တစ်ကမ္ဘာလုံး သေဆုံးမှု၏ထက်ဝက် နီးပါးရှိပြီး ထိုနှစ်နိုင်ငံစလုံးတွင် ကူးစက်မှု နှေးကွေးကျဆင်းလာနေကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

COVID-19 သည် အသက်ကြီးသူ များတွင် သက်ရောက်မှုရှိကြောင်း ယူဆထား ခဲ့မှုသည် မှားယွင်းကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ ဟန်းစ်ကလုဂေက ဧပြီ ၂ တွင် ပြောကြားခဲ့သည်။

ဆယ်ကျော်သက်များနှင့်လူငယ်များ အကြား ပြင်းထန်သော ကူးစက်မှုများ ရှိ ကြောင်း အထူးကြပ်မတ်ကုသမှုကို ခံယူနေ ရသော လူငယ်အများအပြားရှိပြီး သေဆုံးမှု လည်း မြင့်မားကြောင်း ၎င်းင်းက ပြောကြားခဲ့ သည်။

ဗြိတိန်တွင် ဝန်ကြီးချုပ် ဘောရစ်ဂျွန် ဆင်က စမ်းသပ်စစ်ဆေးမှုကို ကြီးကြီးမား မား ချဲ့ထွင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တစ်ရက်လျှင် ၁၀၀,၀၀၀ စမ်းသပ်စစ်ဆေး နိုင်ရန် သီတင်းပတ်အနည်းငယ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

လူနာ ၁,၅၀၀ အပိုဆောင်း လက်ခံနိုင် ရန် ပြင်ပဆေးရုံသစ် နှစ်ခုကို တည်ဆောက် မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဧပြီ ၃ တွင် ပြောကြားခဲ့သည်။

 

 


READ NEXT
Cancel OK