အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ မျောက်များ ကြိုက်နှစ်သက်သော အစားအစာများဖြစ်သည့် ငှက်ပျောသီးများ ၊ မြေပဲများနှင့် အခြားစားကောင်းသောက်ဖွယ်များ ယူဆောင်ကျွေးမွေးသော ကမ္ဘာလှည့်ခရီးသည်များသည် လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင ့်အလည်အပတ် လာရောက်နိုင်ခြင်း မရှိသောကြောင့် ဆာလောင်နေသောမျောက်များသည် အရသာရှိသော အစားအစာများကို ရှာဖွေစားသောက်ရန် ကျေးရွာများ၏ နေအိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်လေ့ရှိသည်။
မီးခိုးရောင် အမြီးရှည်မျောက်များသည် ၎င်းတို့နေထိုင်ရာ တောအုပ်မှမီတာ ၅၀၀ အကွာတွင် လှည့်ပတ်သွားလာနေကြပြီး နေအိမ်ခေါင်မိုးများပေါ်တွင် စောင့်ဆိုင်းနေကြကာမုန့် များကို အချိန်ကိုက်လုယူနေကြသည်ဟု ဆန်ဂါးရွာသားများက ပြောကြားခဲ့သည်။
မျောက်များ ပြတ်တောင်းပြတ်တောင်းဖြင့် အစာများကို လုယုနေမှုမှာ ပိုမိုအရှိန်မြင့်တက်လာပြီး ကျေးရွာအတွင်းသို့ မျောက်များအားလုံး ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေကြသော ရွာသားများက မျောက်များကို နှစ်သိမ့်ရန် ကြိုးပမ်းသည့်အနေဖြင့် ဆန်ဂါးမျောက်သစ်တောသို့ သစ်သီးများ၊မြေပဲများနှင့် အခြားအစားအစာများကိုယူဆောင်၍ မျောက်များကို သွားရောက်ကျွေးမွေးလေ့ရှိကြသည်။
“ဆာလောင်နေတဲ့ မျောက်တွေဟာ အရိုင်းဆန်လာပြီး တိုက်ခိုက်လာမှာကို ကျွန်တော်တို့တွေ ကြောက်နေရပါတယ်” ဟု ရွာသားတစ်ဦးဖြစ်သည့် ဆက်ကာရာဂတ်စတူအလစ်က ပြောကြားခဲ့သည်။
သစ်တောဘေးမဲ့တောအတွင်း မျောက်အကောင်ရေ ၆၀၀ ခန့်နေ ထိုင်ကျက်စားကြပြီး ထိုတောအုပ်မှ နာမည်ကျော် ပူရာဘူကစ်ဆာရီဘုရားကျောင်းရှိ သစ်ပင်များတွင်လည်း လာရောက်နေထိုင်ကြသည်။
ပုံမှန်အချိန်များ၌ ဘာလီကျွန်းရှိ ထိန်းသိမ်းကာကွယ်ထားသော တောအုပ်ဒေသသည် ဒေသခံများက မင်္ဂလာဆောင်အလှဓာတ်ပုံများ လာရောက် ရိုက်ကူးလေ့ရှိပြီးနိုင်ငံတကာ ခရီးသွားများအကြား ထင်ရှားသည့်နေရာလည်းဖြစ်သည်။လူနှင့်ယဉ်ပါးသည့် ထိုမျောက်များကို လာရောက်လည်ပတ်သည့် ဧည့်သည်များက ၎င်းတို့ပခုံးထက်တွင် လာရောက်ထိုင်ရန် သို့မဟုတ် မြေပဲကျွေးရန် အလွယ်တကူ ချော့မြူနိုင်သည်။ပုံမှန်အားဖြင့် ခရီးသွားကဏ္ဍသည် ဘာလီ၏ဒေသခံလေးသန်းအတွက် အဓိကဝင်ငွေအရင်းအမြစ်ဖြစ်ပြီး ကပ်ရောဂါမတိုင်မီ နှစ်စဉ်နိုင်ငံခြားသားခရီးသွား ငါးသန်းကျော် လာရောက်လည်ပတ်လေ့ရှိသည်။
ဆန်ဂါးမျောက်သစ်တောသည် ပုံမှန်အားဖြင့် တစ်လလျှင်ခရီးသွား ၆,၀၀၀ ခန့် လာရောက်လေ့ရှိသော်လည်း လွန်ခဲ့သည့်နှစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ခရီးသွားဦးရေမှာ ၅၀၀ ခန့်အထိ ကျဆင်းသွားခဲ့သည်။
ဇူလိုင်လကတည်းက အင်ဒိုနီးရှားအစိုးရသည် ဘာလီကျွန်းသို့ပြည်ပ ခရီးသွားလာရောက်မှု ပိတ်ပင်ခဲ့သည့်အပြင် ယင်းသစ်တောအတွင်းသို့ ဒေသခံများလာရောက် လည်ပတ်မှုကိုလည်း ပိတ်ပင်ခဲ့သည့်အတွက် မျောက်များအား အစာကျွေးမည့်သူ မရှိသေးသည့်အပြင် သစ်တောထိန်းသိမ်းရေးအဖွဲ့တွင်လည်း မျောက်များကို အစာဝယ်ကျွေးရန် ငွေကြေးပြတ်လပ်နေသည်ဟု တာဝန်ခံမန်နေဂျာ မိတ်မိုဟွန်ကဆိုသည်။
ရွာသားများထံမှ အလှူငွေရရှိသော်လည်း စီးပွားရေးမပြေလည်မှုကြောင့် အလှူငွေမှာတဖြည်းဖြည်း လျော့နည်းလာပြီး မျောက်များအတွက် အစားအစာမှာ ပြဿနာတစ်ရပ်ဖြစ်လာသည်ဟုဆိုသည်။
မျောက်များသည်အစုံစားသတ္တဝါဖြစ်ပြီး သစ်တောအတွင်းအမျိုးမျိုးသော တိရစ္ဆာန်များနှင့်အပင်များကို စားသုံးနိုင်သော်လည်း ဆန်ဂါးမျောက်သစ်တောသည် နှစ်ပေါင်းများစွာကြာ လူသားများနှင့်ထိတွေ့ဆက်ဆံမှု ရှိခဲ့သော်လည်းမျောက်များသည် အခြားအရာများကို ပိုမိုကြိုက်နှစ်သက်ပုံပေါ်နေသည်။
“မကြာခဏဆိုသလိုပဲ မျောက်တွေဟာ ရွာတစ်လျှောက် လှည့်လည်သွားလာပြီး ခေါင်မိုးတွေပေါ်မှာ စောင့်ဆိုင်းနေပါတယ်။ရွာသားတွေက နေ့စဉ်ဘာသာရေးအရ လှူဖွယ်အစားအစာတွေကို အိမ်အပြင်ယူဆောင်လာချိန်မှာ မျောက်တွေကခေါင်မိုးတွေပေါ်ကဆင်းပြီး အစားအစာတွေကိုလုယူလေ့ရှိပါတယ် တောထဲသွားပြီး မျောက်တွေကိုအစာကျွေးဖို့ ရွာသားတွေကို ကျွန်တော်တောင်းဆိုလိုပါတယ်။သူတို့တွေက လူသားတွေနဲ့ ပုံမှန်ထိတွေ့ဆက်ဆံပေးနေမယ်ဆိုရင် ရိုင်းစိုင်းလာမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ရွာသားတစ်ဦးဖြစ်သည့် ဂတ်စတူအလစ်က ပြောကြားခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်