ရာသီဥတုပြောင်းလဲမှုကြောင့် လူသေဆုံးစေနိုင်သည့် မိုးကြိုးပစ်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသော အိန္ဒိယနိုင်ငံတွင် နှစ်သက်တမ်း ၄၀၀ ရှိ ခံတပ်တစ်ခုပေါ်တက်၍ ဆယ်ဖီရိုက်ကူးခဲ့သည့် ဖိုင်ဇူဒင်နှင့်၎င်း၏ သူငယ်ချင်းသုံးဦးတို့မှာ မိုးကြိုးပစ်ခံခဲ့ရပြီး တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည့်ဖိုင်ဇူဒင်မှာ စိတ်ဒဏ်ရာဆက်လက် ခံစားနေရဆဲဖြစ်သည်။
မိုးကြိုးမုန်တိုင်းများကြောင့် လူသေဆုံးမှုများ ဖြစ်လေ့ဖြစ်ထနည်းသော အနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်တွင် ယခုနှစ်အတွင်းလူအများအပြား အလားတူကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့သည်။
“ကျွန်တော့်ကို မိုးကြိုးသုံးချက် ထိမှန်တာပါ။တစ်ချက်ပြီးတစ်ချက်ပါပဲ။အသံကနားကွဲမတတ်ပါ။ ဗုံးအကြီးစားပေါက်ကွဲမှုလိုပါပဲ။ကျွန်တော့်ဘောင်းဘီတွေနဲ့ ရှုးဖိနပ်တွေ အကုန်မီးလောင်ကုန်ပါတယ်။ ကျွန်တော့်ရဲ့ ခြေတွေ၊လက်တွေတောင့်သွားပြီး လှုပ်လို့မရတော့ဘူး” ဟု ယခုနှစ်အစောပိုင်းတွင် မိုးကြိုးထိမှန်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် ဖိုင်ဇူဒင်ကဂျေပူရာမြို့ရှိ ၎င်း၏နေအိမ်အတွင်း လှဲလျောင်းနေလျက်ပြောပြခဲ့သည်။
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း မိုးကြိုးပစ်မှုကြောင့်လူ ၂,၅၀၀ နီးပါး သေဆုံးခဲ့ပြီး အမေရိကန်တွင်မူ နှစ်စဉ်နှစ်တိုင်း အလားတူဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၅ ဦးသာရှိသည်ဟု အစိုးရစာရင်းဇယားတွင် ဖော်ပြထားသည်။
နိုင်ငံအရှေ့မြောက်ပိုင်းအက် ဆမ်ပြည်နယ်တွင် မေလကမိုးကြိုးပစ်ခတ်မှုကြောင့် ဆင် ၁၈ ကောင် သေဆုံးမှုနှင့်အတူ ပြင်းထန်သော မိုးကြိုးမုန်တိုင်းများအတွင်း ကျွဲနွားတိရစ္ဆာန်များနှင့်အခြားတိရစ္ဆာန်များ မကြာခဏသေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြသည်။
မိုးကြိုးလျှပ်စီးတွင် လျှပ်စစ်ဗို့အားတစ်ဘီလျံအထိ ပါဝင်နေပြီး ယင်းမိုးကြိုးထိမှန်သည့် အဆောက်အဦးများသည် အလွန်ကြီးမားစွာ ထိခိုက်ပျက်စီးနိုင်သည်။
မိုးကြိုးပစ်ခတ်မှုမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး မတ်လမတိုင်မီလွန်ခဲ့သည့် ၁၂ လမှ မတ်လအထိ မိုးကြိုး ၁၉ သန်းနီးပါး စံချိန်တင်ပစ်ခတ်ခဲ့သည်။
ကမ္ဘာကြီးပူနွေးလာမှုသည် မိုးကြိုးပစ်ခတ်မှုများကို ပိုမိုဖြစ်ပွားလာစေသည်ဟု မိုးကြိုးမုန်တိုင်း အချက်အလက်များကို စုဆောင်းသည့်အဖွဲ့အစည်း အနည်းငယ်တွင်ပါဝင်သော Lightning Resilent India Campaign မှ ဆန်ဂျေးဆရီဗက်တာဗာက ပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲခြင်း၊ ဒေသအလိုက် ကမ္ဘာ့မျက်နှာပြင် ပူနွေးလာခြင်းနဲ့ ပိုမိုစိုထိုင်းလာခြင်းတို့ကြောင့် ရုတ်တရက် ကြီးမားသည့်မိုးကြိုးပစ်ခတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ၎င်းကဆိုသည်။
ယင်းပြဿနာသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ယခုနှစ်အတွင်း သုတေသနပြုလုပ်မှုအရ ယခုရာစုနှစ်ကျော်အတွင်း အာတိတ်စက်ဝိုင်းအတွင်း၌ မိုးကြိုးပစ်ခတ်မှု ပျမ်းမျှအကြိမ်အရေအတွက်၏ နှစ်ဆဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ယင်းသည် တန်ဒြာတောမီးများ ကျယ်ကျယ်ပြန့်ပြန့် လောင်ကျွမ်းမှုဖြစ်စေနိုင်ပြီး ဝင်ရိုးစွန်းဒေသများ၌ အစဉ်အေးခဲနေသော နက်ရှိုင်းမြေဆီလွှာအတွင်း သိုလှောင်ထားသော ကာဗွန်ပမာဏအများအပြား လေထုအတွင်းသို့ လွတ်မြောက်လာပြီး ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဆိုးရွားလာစေသည်။
ပင်လယ်ရေမျက်နှာပြင်မြင့် တက်လာခြင်း၊ လူသေဆုံးစေနိုင်သည့် အပူလှိုင်းများ၏ ကြိမ်နှုန်းမြင့်တက်လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှု၏ အခြားအကျိုးဆက်များ မြင့်တက်လာခြင်းနှင့်အတူ လူဦးရေ ၁.၃ ဘီလျံရှိသည့် အိန္ဒိယသည် ပိုမိုဆိုးရွားသည် မိုးကြိုးပစ်ခတ်မှုများ၏ ခြိမ်းခြောက်မှုများကို လိုက်လျောညီထွေ နေထိုင်နိုင်ရန် ရုန်းကန်နေကြရသည်။
မကြာသေးမီက အိန္ဒိယသိပ္ပံပညာရှင်များသည် ဖြစ်အံ့ဆဲဆဲမိုးကြိုးပစ်ခတ်မှုများကို အချိန်နှင့်တပြေးညီ သတိပေးနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ရန် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုကို တီထွင်ခဲ့သည်။
သို့သော် လူဦးရေ၏ထက်ဝက်သာ စမတ်ဖုန်းသုံးနိုင်သည့် အိန္ဒိယတွင် ယင်းအက်ပလီကေးရှင်းကို အကန့်အသတ်ဖြင့်သာ အသုံးပြုကြပြီး မိုးကြိုးပစ်ခတ်မှု အများဆုံးဖြစ်လေ့ရှိသည့် ကျေးလက်ဒေသများ၌ပင် စမတ်ဖုန်းသုံးသူနည်းပါးသည်။
လူအများအပြားသည် အန္တရာယ်ကိုသတိမမူမိကြသည့်အပြင် မိုးကြိုးမုန်တိုင်းတိုက်ခတ်ချိန်၌ သစ်ပင်များအောက်၌ မနေသင့်ခြင်းနှင့် ကွင်းပြင်ကျယ်များကို ရှောင်ရှားခြင်းကဲ့သို့ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို သိရှိမှုအားနည်းကြသည်ဟု ဆရီဗက်တာဗာကပြောကြားခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်