ကက်ရှ်မီးယား ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး သေဆုံးမှုသည် ကက်ရှ်မီးယားဆန္ဒပြသူများနှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခများဖြစ်စေရန် မီးမွှေးခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်တွင် ကက်ရှ်မီးယားဒေသတစ်ဝန်း၌ lockdown ချထားပြီး အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာက စောင့်ကြပ်လျက်ရှိသည်။
အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သော Syed Ali Geelani ၏ နာရေးအခမ်းအနားကျင်းပခြင်းကို အိန္ဒိယအာဏာပိုင်များက ပိတ်ပင်ခဲ့ပြီးနောက် မတည်မငြိမ်ဖြစ်နေသော ဟိမဝန္တာဒေသ၌ တင်းမာမှုများ မြင့်တက်လာခဲ့သည်။
စက်တင်ဘာ ၁ ရက်နှောင်းပိုင်းတွင် ခွဲထွက်ရေးခေါင်းဆောင် Geelani သေဆုံးသွားခဲ့ပြီးနောက် ကက်ရှ်မီးယားဒေသ၌ အင်တာနက်နှင့်ဖုန်းလိုင်းများကို နှစ်ရက်ဆက်တိုက် ဖြတ်တောက်ပစ်ခဲ့သည်။
ပိတ်ထားဆဲဖြစ်သည့် ဗလီများအနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေကြသည်။ သို့သော် Geelani အတွက် ဆုတောင်းပွဲများကို အခြားသောဘာသာရေးနေရာများတွင် လုပ်ဆောင်ခဲ့ကြသည်။
စက်တင်ဘာ ၂ ရက်တွင် ဆရင်နဂါမြို့၌ ကက်ရှ်မီးယားဒေသခံများနှင့်အစိုးရတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားထောင်နှင့်ချီသည် ဒေသခံများ နေအိမ်အပြင်သို့ မထွက်စေရန် လမ်းမများထက်တွင် စောင့်ကြပ်ခဲ့ကြသည်။
Geelani အတွက် အများပြည်သူတို့၏ ဆုတောင်းပွဲကျင်းပခွင့်ကို ပိတ်ပင်ခဲ့မှုအား ဒေါသထွက်နေကြသည့် ဒေသခံဒါဇင်ပေါင်းများစွာက အိန္ဒိယအစိုးရတပ်ဖွဲ့ဝင်များနှင့် နှစ်ရက်မြောက်နေ့အဖြစ် ပဋိပက္ခဖြစ်ခဲ့ကြပြီး နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖမ်းဆီးသော တပ်ဖွဲ့ဝင်များအား ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
၎င်း၏ဖခင် ကွယ်လွန်သွားပြီးနောက် နာရီပိုင်းအကြာတွင် ရဲတပ်ဖွဲ့သည် ဖခင်၏အလောင်းကို ညသန်းခေါင်တွင် မြေမြှုပ်ရန်အတွက် ယူဆောင်သွားခဲ့ကြကြောင်း Geelani ၏ သားဖြစ်သူက ပြောကြားခဲ့သည်။
အလောင်းမြေချသည့် အခမ်းအနားသို့ မည်သည့်ဆွေမျိုးသားချင်းကိုမျှ တက်ရောက်ခွင့်မပြုခဲ့ဟု Geelani ၏ မိသားစုက ပြောကြားထားသော်လည်း ရဲတပ်ဖွဲ့ကမူ စွပ်စွဲချက်များကို မှားယွင်းသောဝါဒဖြန့်မှုဟုဆိုကာ ငြင်းဆိုခဲ့သည်။
ပါကစ္စတန်အလံ လွှမ်းထားသော Geelani ၏ အလောင်းကိုရဲတပ်ဖွဲ့က မယူဆောင်မီအချိန်တွင် Geelani ၏ ဆွေမျိုးများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည့် ဗီဒီယိုသည် လူမှုမီဒီယာထက်သို့ ပျံ့နှံ့ခဲ့သည်။
အကျဉ်းထောင်တွင်လည်းကောင်း၊ နေအိမ်အကျယ်ချုပ်ဖြင့်လည်းကောင်း နှစ် ၅၀ ကြာ နေထိုင်ခဲ့ရသည့် Geelani သည် ၎င်း၏ပါကစ္စတန်လိုလားသော နိုင်ငံရေးစတန့်ထွင်မှုဖြင့် အိန္ဒိယအစိုးရအဖွဲ့ကို အစဉ်အဆက် ဒေါသထွက်စေခဲ့သည်။
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့်ပါကစ္စတန် လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း နျူကလီးယားလက်နက်ပိုင်ဆိုင်သော ထိုနှစ်နိုင်ငံအကြား ကက်ရှ်မီးယားပိုင်နက်အရေးနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ခဲ့ပြီး စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား