Top Gun : Maverick ရုပ်ရှင် ရိုက်ကူးစဉ်အတွင်း အသက်အန္တရာယ် ကြုံတွေ့လုနီးပါးဖြစ်ခဲ့သည်ဟု သရုပ်ဆောင် မင်းသား မိုင်းစ်တေလာက ပြောကြားခဲ့သည်။
အသက် ၃၅ နှစ်အရွယ် မိုင်းစ်က ယင်းရုပ်ရှင်တွင် ဘရက်ဒလေ ရော့စတား ဘရက်ရှော အဖြစ်ပါဝင် သရုပ်ဆောင်ထားပြီး F-18 Hornet ဂျက်လေယာဉ်ဖြင့် သရုပ်ဆောင်ခန်းတွင် အလွန်ဆိုးရွားစွာကြောက်ရွံ့ခဲ့ပုံကိုထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်တော် သေတော့မယ်လို့ တောင်ထင်မိတဲ့ အခိုက်အတန့်တစ်ခုရှိခဲ့ပါတယ်”ဟု မိုင်းစ်က LADbible နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့တွေ မြေကြီးဆီ တည့်တည့်ထိုးဆိုက်နေတဲ့ ဇာတ်ကွက်တစ်ကွက်ပါပါတယ်။သင့်အနေနဲ့ အောက်တည့်တည့်ကို ထိုးစိုက်နေပြီး နောက်ဆုံးစက္ကန့်မှာလေယာဉ်ကို ပြန်ဆွဲတင်လိုက်တာဟာလေ ယာဉ်မှူးတစ်ယောက်အတွက်တကယ့်ကို ခက်ခဲတဲ့အရာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
“သူတို့တွေ ဒါကို အချိန်တိုင်း လေ့ကျင့်ကြပေမယ့်ကျွန်တော်တို့အတွက်တော့ ဒါကပထမဆုံးအကြိမ် လိုဖြစ်နေတဲ့အတွက် ကျွန်တော်သရုပ်မဆောင်နိုင်တော့သလိုဖြစ်နေပါတယ်။ကျွန်တော်မြေကြီးကိုပဲကြည့် နေပြီး အဆင်ပြေပြေနဲ့ပြီးသွားမယ်လို့မထင်ခဲ့ဘူး”ဟုမိုင်းစ်ကဆိုသည်။
သေဆုံးလုနီးပါးခံစားခဲ့ရသော်လည်း မိုင်းစ်က သရုပ်ဆောင်တွမ်ခရုစ်၏ လေယာဉ်ပျံသန်းမှုဇာတ်ဝင်ခန်းတွင် ဆက်လက် ပါဝင်သရုပ်ဆောင်ရာ၌ မအန်မိစေရန် ထိန်းထားနိုင်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း