Top News

ဂျွန်နီဒပ်နှင့် အမှုရှုံးထားသည့် အမ်ဘာဟတ်ကို ဆော်ဒီအမျိုးသားတစ်ဦးက အင်စတာဂရမ်တွင် လက်ထပ်ခွင့်တောင်း
24htopnews | October 22, 2024 1:13 PM CST

ခင်ပွန်းဟောင်းဂျွန်နီဒပ်နှင့် အပြန်အလှန်တရားစွဲဆိုခဲ့ကြသည့် အသရေဖျက်မှုအမှုတွင် ရှုံးနိမ့်ခဲ့သူ ရုပ်ရှင်မင်းသမီး အမ်ဘာဟတ်က အင်စတာဂရမ်တွင် ဆော်ဒီအမျိုးသားတစ်ဦး၏ လက်ထပ်ခွင့်တောင်းဆိုခံခဲ့ရသည်။

ဟောလိဝုဒ်စုံတွဲဟောင်း ဂျွန်နီဒပ်နှင့် အမ်ဘာဟတ်တို့ကြား အမှုကြားနာစစ်ဆေးမှုသည် သီတင်းပတ်ခြောက်ပတ် ကြာမြင့်ပြီးသည့်နောက်၊ အဆုံးသတ်သွားလေပြီ။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာက ၀ါရှင်တန်ပို့စ် သတင်းစာအတွက်ပေးပို့ခဲ့သည့် ဆောင်းပါးတစ်ခုနှင့်ပတ်သက်ပြီး အသက် ၅၈ နှစ်အရွယ် ဂျွန်နီဒပ်က ဇနီးဟောင်းအမ်ဘာဟတ်ကို အသရေဖျက်မှုဖြင့် တရားစွဲကာ နစ်နာကြေးဒေါ်လာသန်း ၅၀ တောင်းခဲ့ပြီး အမ်ဘာဟတ်ကမူ ဆောင်းပါးထဲတွင်သူ့ကိုယ်သူ အိမ်တွင်း အကြမ်းဖက်ခံရသူအဖြစ်သာ ဖော်ပြထားပြီး ဂျွန်နီဒပ်နာမည်ကို မတပ်ထားဟုဆိုကာ တန်ပြန်တရားစွဲထားသည့်အမှုကို ဗာဂျီးနီးယားရုံးတော်က ဇွန်လ ၁ ရက်တွင် အပြီးသတ်စီရင်ချက်ချရာ အမ်ဘာဟတ်ကို အသရေဖျက်သူအဖြစ် ဆုံးဖြတ်ပြီး ဂျွန်နီဒပ်ကို အနိုင်ပေးခဲ့သည်။

အမှုရှုံးသွားပြီးနောက်ရက်ပိုင်းအကြာတွင် ဆော်ဒီအာရေဗျနိုင်ငံမှ အမျိုးသားတစ်ဦးက အမ်ဘာကို အင်စတာဂရမ်တွင် လက်ထပ်ခွင့်တောင်းထားသည့် အသံဖိုင်ပေးပို့ခဲ့သည်။

အသံဖိုင်ထဲတွင် ၎င်းအမျိုးသားက ‘အမ်ဘာ သင့်အတွက်တံခါးအားလုံးက ပိတ်ထားနေမှတော့ ငါကလွဲပြီး သင့်ကို စောင့်ရှောက်မယ့်သူမရှိတော့ဘူး။ တချို့လူတွေက သင့်ကို  မုန်းတီးဗိုလ်ကျနေတာတွေ ငါမြင်ရတယ်။ ဒါ့ကြောင့်သင့်ကို လက်ထပ်ဖို့ ငါဆုံးဖြတ်ထားတယ်။ အလ္လာက ငါတို့နှစ်ဦးစလုံးကို ကောင်းချီးပေးပါစေ။ သင်ဟာ ကံကောင်းခြင်းဆိုတာကို လူတွေက မသိကြဘူး။ ငါကတော့ အဲဒီလူကြီးထက်သာပါတယ်” ဟု ပြောဆိုထားသည်။

အင်တာနက်သုံးစွဲသူများအကြား ထိုကိစ္စကို မှတ်ချက်ပေးပြောဆိုနေကြပြီး တစ်ဦးကမူ “ဒါက မင်းသမီးရဲ့အနာကို ဆားနဲ့ပက်တာပဲ” ဟု ဆိုပြီး ရယ်နေသည့် အီမိုဂျီပုံလေးများလည်း မှတ်ချက်ဝင်ပေးကြသည်။


READ NEXT
Cancel OK