Top News

နောက်ဆုံးအကြိမ် သက်သေထွက်ဆိုချိန်၌ အမ်ဘာဟတ်က အသက်အန္တရာယ်ခြိမ်းခြောက်မှုများအကြောင်း အသေးစိတ်ထွက်ဆိုခဲ့
24htopnews | October 22, 2024 1:12 PM CST

ခင်ပွန်းဟောင်းဖြစ်သူ ဂျွန်နီဒပ်၏ ဒေါ်လာသန်းချီ အသရေဖျက်မှု တရားစွဲဆိုမှု၏ နောက်ဆုံးအကြိမ် သက်သေထွက်ဆိုချိန် ဖြစ်သည့် မေ ၂၆ ရက်တွင် Aquaman သရုပ်ဆောင်မင်းသမီး အမ်ဘာဟတ်က သူသည် ဂျွန်နီဒပ်အား ညှင်းပန်းနှိပ်စက်မှုဖြင့် စွပ်စွဲချိန်ကတည်းက နေ့စဉ်အနှောင့်အယှက်ပေးမှုများနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

အသက် ၅၈ နှစ်အရွယ် ဒပ်သည် ဟတ်အား ဗာဂျီးနီးယားတရားရုံးတွင် အသရေဖျက်မှုအတွက် ဒေါ်လာ သန်း ၅၀ လျော်ကြေးရရှိ ရန်တရားစွဲဆိုခဲ့ပြီး ဟတ်သည် ၎င်းအား အိမ်တွင်းအကြမ်းဖက်မှုလုပ်ဆောင်သူအဖြစ် အသရေဖျက်ခဲ့ကြောင်း ဒပ်က အခိုင်အမာပြော ကြားခဲ့သည်။

အသက် ၃၆ နှစ်အရွယ် ဟတ်က ဒပ်အား ဒေါ်လာသန်း ၁၀၀ လျော်ကြေးပေးရန် တန်ပြန်တရားစွဲဆိုခဲ့ပြီး ဒပ်၏ရှေ့နေ့က ၎င်း၏စွပ်စွဲမှုများကို လိမ်ညာမှုဟုပြောဆိုနေချိန် တွင် ဒပ်က ၎င်းကို သိက္ခာချခဲ့ကြောင်း ဟတ်က ပြောဆိုခဲ့သည်။

နှစ်ဖက်စလုံးမှ နိဂုံးချုပ်ငြင်းခုန်မှုများ ပြုလုပ်ခဲ့ပြီး ဟတ်က ၎င်း၏နိဂုံးချုပ်ငြင်းခုန်မှု၌ သူသည် Pirates of the Caribbean သရုပ်ဆောင် ဒပ်အား ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်သူဟု စွပ်စွဲချိန်ကတည်းက လူမှုမီဒီယာပေါ်တွင် အနှောင့်အယှက်ပေးမှု၊ အရှက်ခွဲမှုနှင့် ခြိမ်းခြောက်မှုများ နှင့်ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

“လူတွေက ကျွန်မတို့ကို သတ်ပစ်ချင်နေကြပါတယ်။ သူတို့တွေက ကျွန်မကို နေ့တိုင်း ဒါတွေလာပြောကြတယ်။ ကျွန်မရဲ့ကလေးကို မိုက်ခရိုဝေ့ဗ်ထဲ ထည့်ချင်နေကြပါတယ်” ဟု ဟတ်က ပြောကြားခဲ့သည်။ ဟတ်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကလေးတစ်ဦး မွေးစားခဲ့သည်။ လက်ရှိ အနှောင့်အယှက်ပေးနေမှုများသည် ၎င်းအား လူသိရှင်ကြား အရှက်ခွဲစေရန် ဒပ်၏ ကြိုးပမ်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟုလည်း ဟတ်က ဆိုသည်။

“ဟတ်သည် ကမ္ဘာလုံးဆိုင်ရာအရှက်ကွဲမှုတွေကို တောင်းဆိုနေပါတယ်။ သူ ဒါတွေကို ရတော့မယ်” ဟူ၍ ၂၀၁၆ ခုနှစ်က ရေးသားခဲ့သောစာကို ဒပ်က ဝန်ခံခဲ့ပြီး ဟတ်သည် ၎င်းအား အိမ်တွင်းအကြမ်းဖက်သူဟု စွပ်စွဲနေကြောင်း သိရှိခဲ့ပြီးနောက် ထိုစာကို ဒေါသဖြင့် ရေးသားခဲ့ကြောင်း ဒပ်က ဝန်ခံခဲ့သည်။

ဟတ်က ဒပ်၏ ၎င်းအား ကမ္ဘာနှင့်တစ်ဝန်းလုံး အရှက်ခွဲရန်ရည်ရွယ်ချက်သည် လက်ရှိတွင် အကောင်အထည်ပေါ်နေကြောင်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK