သရုပ်ဆောင် မာဒုန်ဆော့နှင့် ဆန်းဆော့ကူတို့၏ ရုပ်ရှင်ဇာတ်ကားသစ် The Outlaw 2 (The Roundup) သည် ကိုရီးယား box office တွင် အောင်မြင်မှုများ ဆက်လက်ရရှိနေသည်။
ကိုရီးယားရုပ်ရှင်အစည်းအရုံး၏ထုတ် ပြန်ချက်အရ The Outlaw 2 သည် မေ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ရုပ်ရှင်ရုံများ၌ လာရောက်ကြည့်ရှုသူ ငါးသန်း ကျော်ရှိလာခဲ့ပြီး မေ ၁၈ ရက်တွင် ပထမဆုံး ရုံတင်ပြသခဲ့ပြီးနောက် ၁၀ ရက်အောက်လျော့နည်းသည့်အချိန်အတွင်း ယခုကဲ့သို့ လာရောက်ကြည့်ရှုသူ ငါးသန်းကျော်ရှိလာခဲ့ခြင်း ဖြစ်သည်။
The Outlaw 2 သည် အံ့သြဖွယ်အမြန်နှုန်းဖြင့် ယင်းစံချိန်ကို ရောက်ရှိခဲ့ရုံသာမက COVID-19 ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခု နှစ်ကထွက်ရှိခဲ့သော Ashfall ရုပ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ် ရုပ်ရှင်ရုံတွင် ကြည့်ရှုသူပေါင်း ငါးသန်းကျော်သည့် ပထမဆုံးရုပ်ရှင် ဖြစ်လာခဲ့သည်။
ယင်းရုပ်ရှင်သည် ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့သော The Outlaw ရုပ်ရှင်၏ လူအများ မျှော်လင့်စောင့်ဆိုင်းနေသော နောက်ဆက်တွဲ အက်ရှင်ရုပ်ရှင်ဇာတ်ကားဖြစ်သည်။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း