ကမ္ဘာကျော်ဘောလုံးစတားနေမာ တောင်ကိုရီးယားနိုက်ကလပ်တစ်ခုသို့ သွားရောက်ကာ ဝမ်ဆယ်သန်းကျော်သုံးခဲ့
24htopnews | October 22, 2024 1:12 PM CST
PSG အသင်း၏ ဘရာဇီးတိုက်စစ်မှူး နေမာသည် တောင်ကိုရီးယားသို့ရောက်ရှိနေ ခိုက် နိုက်ကလပ်တစ်ခုသို့ သွားရောက်ပြီး ကိုရီးယားဝမ် ၁၂ သန်းသုံးခဲ့သည်ဟု Money Today မီဒီယာကဖော်ပြထားသည်။
နေမာသည် ၎င်းနိုက်ကလပ်သို့ မနက် ၁ နာရီတွင်ရောက်လာပြီး မနက်ငါးနာရီ မိနစ် ၃၀ အထိနေခဲ့ကာ၊ တစ်ပုလင်းကို ကိုရီးယား ဝမ် ၁.၅၀ သန်းတန်ကြေးရှိသည့် Dom Perignon ရှမ်ပိန်ကို သောက်သွားသည်ဟု ထိုသတင်းကရေးသားထားသည်။
အွန်လိုင်းသုံးစွဲသူများကမူ ထိုသတင်းအောက်တွင် ထေ့ငေါ့သည့်မှတ်ချက်များ ဝင်ရေးခဲ့ကြပြီး “နည်းနည်းလေးသုံးသွားတာပဲ” ၊ “သူ့အတွက်စျေးပေါမနေဘူးလား” စသည့် မှတ်ချက်များလည်း ပေးကြသည်။
နေမာနှင့် ဘရာဇီးဘောလုံးအသင်းသည် ဇွန် ၂ရက်တွင် ချစ်ကြည်ရေးပွဲကစားရန် တောင်ကိုရီးယားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
READ NEXT
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း