တောင်ကိုရီးယားအနုပညာလောကတွင် အဆိုတော်အဖြစ်အပြင် သရုပ်ဆောင်အဖြစ်ပါ နာမည်အခိုင်အမာရနေပြီဖြစ်သည့် လီဂျီအွန်း(ခေါ်) IU ကို အီတလီဖက်ရှင်အ မှတ်တံဆိပ် Gucci က Global Brand Ambassador သစ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်သည်။
မေလ ၃၀ ရက်တွင် Gucci က ၇၅ ကြိမ်မြောက်ကိန်းရုပ်ရှင်ပွဲတော်သို့ Gucci ဂါဝန် ဝတ်ဆင်တက်ရောက်လာသည့် IU ၏ရင်သပ် ရှုမောဖွယ်ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့သည်။
ထိုဓာတ်ပုံနှင့်အတူ ရေးသားထားသည့် စာထဲတွင် IU ကို Global Brand Ambassador ဟုလည်း ဖော်ပြထားသည်။
IU သည် ၂၀၂၀ ခုနှစ်ကတည်းက Gucci ၏ တောင်ကိုရီးယား Brand Ambassador အဖြစ်ခန့်အပ်ခံထားရပြီး ယခု အကြိမ်တွင်မူ သူ့ကို Global Ambassador အဖြစ် တိုးမြှင့်ခန့်အပ်လိုက်ခြင်းဖြစ်သည်။
IU သည် ထိုသို့ခန့်အပ်ခံရသည့် စတုတ္ထမြောက်တောင်ကိုရီးယားအနုပညာရှင်လည်း ဖြစ်ပြီး သူ့ရှေ့တွင် Exo အဖွဲ့ဝင် Kai ၊ မင်းသမီးရှင်မင်အာနှင့် Squid Game မင်းသား လီဂျန်ဂျေးတို့ ခန့်အပ်ခံထားရသည်။
IU ပါဝင်သရုပ်ဆောင်ထားသည့် Broker ရုပ်ရှင်ဇာတ်ကားသည် ကိန်းရုပ်ရှင်ပွဲတော်တွင် Palmed’Or ဆုအတွက် ဆန်ကာတင်စာရင်း၌ ပါခဲ့ပြီး IU နှင့်အတူ တွဲဖက်သရုပ်ဆောင်များက ပြင်သစ်တွင်ကျင်းပသည့် ကိန်းပွဲတော်သို့တက်ရောက်ခဲ့ကြသည်။
မှောင်ခိုစျေးကွက်မှ ကလေးသူငယ်များ တရားမဝင်မွေးစားခံရမှုများအကြောင်း ရိုက်ကူးတင်ပြထားသည့် Broker ဇာတ်ကားကြီး ကို တောင်ကိုရီးယားတွင် ဇွန်လ ၈ ရက်ရုံစတင်မည်ဖြစ်သည်။
IU သည်အဆင်မပြေမှုအချို့ကြောင့် Money Game အမည်ရှိဒရာမာဇာတ်လမ်းတွဲတွင် ပါဝင်တော့မည်မဟုတ်ဘဲ၊ မင်းသားပတ်ဆိုဂျွန်နှင့် Dream အမည်ရှိဇာတ်ကား သစ်ရိုက်ကူးထားသည်။ဘောလုံးအားကစား အကြောင်းရိုက်ကူးထားသည့် ၎င်းဇာတ်ကား ကို ၂၀၂၂ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ရုံတင်ပြသဖွယ်ရှိသည်။
-
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ကျင်းပ
-
ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်
-
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၁၀၆ ပွိုင့်ဝန်းကျင်ရှိပြီး ပြင်ပစျေးကွက်တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၉၀ ဝန်းကျင်ရှိနေ
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
-
ဇူလိုင် ၂၈ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ