လျှမ်းလျှမ်းတောက်အောင်မြင်နေသည့် တောင်ကိုရီးယားကေပေါ့အဖွဲ့ BTS သည် မေလ ၃၁ ရက်က အိမ်ဖြူတော်သို့သွားရောက်ကာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး အာရှသားများကို မုန်းတီးစိတ်ဖြင့်ပစ်မှတ်ထားတိုက်ခိုက်နေမှုများအကြောင်း ဆွေးနွေးခဲ့ကြသည်။
အဖွဲ့ဝင်ခုနစ်ဦးပါ BTS အဖွဲ့သည် ဂျိုးဘိုင်ဒင်နှင့်မတွေ့မီ၊ အိမ်ဖြူတော်သတင်း ထုတ်ပြန်ရေးအရာရှိ ကတ်ရင်းယန်ပီရယ်နှင့်အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အာရှနွယ်ဖွားအမေရိကန်နိုင်ငံသားများကို ရန်လုပ်တိုက်ခိုက်မှုများ ရပ်တန့်ကြရန်လည်း တောင်းဆိုသွားခဲ့သည်။
အမေရိကန်တွင် အာရှတိုက်ဖွားအမေရိကန်သားများကို တိုက်ခိုက်မှုများအပါအဝင်၊ မုန်းတီးစိတ်ဖြင့်တိုက်ခိုက်သည့်ဖြစ်စဉ်များ မြင့်တက်လာသည့်အပေါ် စိတ်ထိခိုက်တုန်လှုပ်မိကြောင်း အဖွဲ့ဝင်ဂျီမင်က စကားပြန်မှ တစ်ဆင့်ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်ဆူဂါကမူ သည်းခံခြင်းကိုလက်ကိုင်ထားရန် မေတ္တာရပ်ခံသွားကာ အားလုံး၏မတူကွဲပြားမှုများကို လက်ခံတတ်လျှင် မျှတမှုဟူသည်ရှိလာမည်ဟု ပြောဆိုသွားသည်။
BTS နှင့် သမ္မတဂျိုးဘိုင်ဒင်တို့ တွေ့ဆုံပွဲကို သတင်းမီဒီယာများတက်ရောက်ခွင့်မရသော်လည်း ကွဲပြားမှုနှင့်တန်းတူပေါင်းစည်းရေး၊ ကမ္ဘာကြီးကို မျှော်လင့်ချက်နှင့် အကောင်းမြင်စိတ်တို့ ဖြန့်ဝေပေးရမည့် လူငယ် တာဝန်ရှိသူများအနေဖြင့် BTS ၏ တာဝန်ရှိမှုတို့ အရေးပါကြောင်းကို ဆွေးနွေးပြောဖြစ်ခဲ့ကြသည်ဟု အိမ်ဖြူတော်ကထုတ်ပြန်သည်။
BTS သည် ၂၀၁၃ ခုနှစ်တွင် အဖွဲ့စတင်ဖြစ်လာပြီးကတည်းက သီချင်းစာသားများ နှင့်တစ်မျိုး၊ ဆိုရှယ်ကမ်ပိန်းများနှင့်တစ်ဖုံ လူငယ်လူရွယ်များအား စိတ်ဓာတ်ခွန်အားပေးတတ်သည့်အဖွဲ့အဖြစ် ထင်ရှားခဲ့သည်။
ကိုဗစ်ဇစ်မြစ်အတွက် တရုတ်နိုင်ငံကို လက်ညှိုးထိုးရန် နိုင်ငံရေးသမားအချို့နှင့် ပညာရှင်အချို့က အမေရိကန်နိုင်ငံသားများ ကို တိုက်တွန်းအားပေးလာသည်နှင့်အမျှ ကပ်ရောဂါကာလအတွင်း အမေရိကတွင် အာရှလူမျိုးများကိုဆန့်ကျင်သည့်အမြင်များ၊ အကြမ်းဖက်မှုများလည်း မြင့်တက်ခဲ့သည်။
၂၀၂၀ ခုနှစ် ၊ ဇွန်လတွင် BTS ပရိသတ်များက အမေရိကန်လူမှုတန်းတူညီမျှရေး အတွက်အွန်လိုင်းကမ်ပိန်းတစ်ခုတွင် ဒေါ်လာတစ်သန်းခန့်ကို တစ်နေ့တည်းအရရှာပေးခဲ့သည်။ BTS အိမ်ဖြူတော်သို့ရောက်ရှိနေချိန် BTS ပရိသတ်များလည်း အိမ်ဖြူတော် အပြင်ဘက်တွင် စုဝေးရောက်ရှိနေခဲ့သည်။
-
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ကျင်းပ
-
ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်
-
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၁၀၆ ပွိုင့်ဝန်းကျင်ရှိပြီး ပြင်ပစျေးကွက်တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၉၀ ဝန်းကျင်ရှိနေ
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
-
ဇူလိုင် ၂၈ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ