Top News

ဇနီးဟောင်းအမ်ဘာဟတ်နှင့်အမှုတွင် ဂျွန်နီဒပ်အနိုင်ရသွားပြီး နစ်နာကြေးအမေရိကန်ဒေါ်လာ ၁၅ သန်းရရှိ
24htopnews | October 22, 2024 1:12 PM CST

ဇနီးဟောင်းဖြစ်သူအမ်ဘာဟတ်နှင့် ရင်ဆိုင်နေရသည့်အမှုတွင် Pirates of the Caribbean မင်းသားဂျွန်နီဒပ်အနိုင်ရသွားပြီး နစ်နာကြေးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းရရှိမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာက ၀ါရှင်တန်ပို့စ် သတင်းစာအတွက်ပေးပို့ခဲ့သည့် ဆောင်းပါး တစ်ခုနှင့်ပတ်သက်ပြီး အသက် ၅၈ နှစ်အ ရွယ်ဂျွန်နီဒပ်က ဇနီးဟောင်းရုပ်ရှင်မင်းသမီး အမ်ဘာဟတ်ကို အသရေဖျက်မှုဖြင့် တရားစွဲ ကာ နစ်နာကြေးဒေါ်လာသန်း ၅၀ တောင်း ခဲ့သည်။

သို့သော်ဆောင်းပါးထဲတွင် အမ်ဘာဟတ်က သူ့ကိုယ်သူအိမ်တွင်းအကြမ်းဖက်ခံရသူအဖြစ်သာ  ဖော်ပြထားပြီး ဂျွန်နီဒပ်နာမည် ကို မဖော်ပြခဲ့ဟုဆိုကာ ဂျွန်နီဒပ်ကိုတန်ပြန် တရားစွဲလိုက်ပြီး နစ်နာကြေးဒေါ် လာသန်း ၁၀၀ ပြန်တောင်းခဲ့သည်။အမ်ဘာဟတ်တို့ ဘက်က ဂျွန်နီဒပ်ကို မူးယစ်ဆေးနှင့် အရက် ကိုခုံမင်သည့် ရိုင်းစိုင်းသည့်အိမ်ထောင်ဖက် အဖြစ်လည်း တင်ပြခဲ့ကြသည်။

ဒပ်ကမူ ၎င်းတို့အိမ်ထောင်သက်အတွင်း ရန်ဖြစ်မှုများရှိခဲ့သည်ကို ဝန်ခံခဲ့သော်လည်း  အမ်ဘာဟတ်ကို ကိုယ်ထိလက်ရောက် မည်သည့်အခါမှ မရိုက်ခဲ့၊ သူ့ဘဝတွင်လည်း မည်သည့်မိန်းမကိုမှ မရိုက်ဖူးခဲ့ဟု ဧပြီလက ကြားနာမှုတွင် ထွက်ဆိုခဲ့သည်။

ထိုအမှုကို ဗာဂျီးနီးယားရုံးတော်က ဇွန် လ ၁ ရက်တွင် အပြီးသတ်စီရင်ချက်ချရာ အမ်ဘာဟတ်ကို အသရေဖျက်သူအဖြစ် ဆုံးဖြတ်ပြီး ဂျွန်နီဒပ်ကိုအနိုင်ပေးခဲ့သည်။

စီရင်ချက်အရ အမ်ဘာဟတ်က ဒပ်ကို လျော်ကြေးအမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် ဒဏ်eကြေးဒေါ်လာငါးသန်း စုစုပေါင်း ၁၅ သန်းပေး ရမည်ဖြစ်သော်လည်း ဗာဂျီးနီးယားပြည်နယ် ဥပဒေအရ ဒဏ်ငွေကို ဒေါ်လာသုံးသိန်းခွဲအထိသာ သတ်မှတ်ထားသည့်အတွက် ဒပ်က  ဒေါ်လာ ၁၀.၃၅ သန်းသာ ရမည်ဖြစ်သည်။

အမ်ဘာဟတ်က ဒပ်ကိုစွဲထားသည့် စွဲချက်သုံးခုတွင် တစ်ခုနိုင်သည့်အတွက် နစ်နာကြေးဒေါ်လာနှစ်သန်း  ပြန်ရမည်ဖြစ်သည်။ 

ဇွန်လ ၁ရက်ကြားနာမှုကို ဗြိတိန်ရောက်နေသည့်ဒပ်က ‘ဂျူရီအဖွဲ့က ကျွန်တော့်ဘဝ ကိုပြန်ပေးလိုက်ပြီ။အမှန်တရားဆိုတာ ဘယ်တော့မှမသေဘူး’ ဟုမှတ်ချက်ပေးခဲ့ပြီး၊ အမ်ဘာဟတ်ကမူ သူ့စိတ်ပျက်မှုကို စကားဖြင့်ပင် မဖော်ပြနိုင်ဟု မှတ်ချက်ပေးခဲ့သည်။

စစ်တမ်းများအရ  ဒပ်နှင့် အမ်ဘာဟတ်တို့အမှုကို ယူကရိန်းစစ်ပွဲထက်ပင် အမေရိကန်နိုင်ငံသားအများစုက ပိုစိတ်ဝင်စားခဲ့ကြသည်။ 


READ NEXT
Cancel OK