ဟိုချီမင်းစီးတီး၊အောက်တိုဘာ ၂၁
ဗီယက်နမ်လွှတ်တော်သည် ဗိုလ်ချုပ်ကြီး Luong Cuong ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြကြောင်းသိရသည်။
မစ္စတာ Luong Cuong သည် ဗီယက်နမ်နိုင်ငံ၏ ခေါင်းဆောင်မှုအကျပ်အတည်းကို အဆုံးသတ်နိုင်စေသည့်အလားအလာရှိခြင်းကြောင့်လည်း ယခုကဲ့သို့ ရွေးချယ်ခန့်အပ်ခဲ့ကြခြင်းဖြစ်သည်။
၎င်းသည် ယမန်နှစ်ကတည်းက ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှုများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းကာ ၎င်း၏ဆောင်ရွက်မှုများကြောင့် လူအများအပြား ရာထူးမှနှုတ်ထွက်ခဲ့ရခြင်းကြောင့်လည်း လူထု၏ယုံကြည်မှုရရှိခဲ့သူတစ်ဦးဖြစ်သည်။
ပါတီအကြီးအကဲအဖြစ် ဆက်လက်ရှိနေသော မစ္စတာတိုလမ်၏ သမ္မတရာထူးကနု တပ်မတော်ဗိုလ်ချုပ်ကြီး Luong Cuong က လွှဲပြောင်းရယူရန် ပါလီမန်တွင် တနင်္လာနေ့ကမဲခွဲဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
Cuong သည် လက်နက်ကိုင်အဖွဲ့အစည်းမှ ဆင်းသက်လာသော်လည်း ၎င်းကိုသမ္မတအဖြစ်ခန့်အပ်ခြင်းသည် ပါတီ ခေါင်းဆောင်ဖြစ်သကဲ့သို့ ကာလအတော်ကြာလုံခြုံရေးဝန်ကြီးဖြစ်ခဲ့သည့် မစ္စတာလမ်ဦးဆောင်သော လုံခြုံရေးထိန်းချုပ်မှုအချို့ကိုတန်ပြန်နိုင်မည်ဟုလည်းယူဆကြသည်။
Source : နစ်ကေးအေးရှား
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား