အောက်တိုဘာ ၅ ရက်က ထိုင်ဝမ်တောင်ပိုင်းကို တိုင်ဖွန်းမုန်တိုင်းကွိုင်နူး ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် လူ ၁၉၀ ခန့်ဒဏ်ရာရရှိခဲ့ကာ လေပြင်းများနှင့် မိုးသက်မုန်တိုင်းများတိုက်ခတ်ခဲ့ကာ စာသင်ကျောင်းများနှင့် ရုံး များကို ပိတ်ထားခဲ့ရသည်။
ဂျပန်ဘာသာစကားဖြင့် ခွေးကလေးဟု အဓိပ္ပာယ်ရသည့် ကွိုင်နူးမုန်တိုင်းသည် ထိုင်ဝမ် တောင်ဘက်စွန်းဒေသဖြစ်သည့် ကိပ်အီလူယန်ဘီ ဒေသကို အောက်တိုဘာ ၅ ရက် နံနက်အစောပိုင်းက ဝင်ရောက်ခဲ့ပြီးအား ပျော့သွားဖွယ်ရှိကာ အနောက်ဘက်ကိုဦးတည်ပြီး တရုတ်၏တောင်ဘက် ကွမ်တုံနှင့် ဖူကျန်းပြည်နယ်များသို့ ရွေ့လျားမည်ဖြစ်သည်။
တိုင်ဖွန်းမုန်တိုင်းသည် ထိုင်ဝမ်သို့ ချဉ်းကပ်ခဲ့ချိန်က မျှော်လင့်မထားသည့် လေပြင်းများ တိုက်ခတ်ခဲ့ပြီး အောက်တိုဘာ ၄ ရက် ညပိုင်းတွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၃၄ ကီလိုမီတာ (တစ်နာရီလျှင် ၂၁၃ မိုင်)နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။
အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင်မူ ကွိုင်နူးမုန်တိုင်း၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၆၂ ကီလိုမီတာ (တစ်နာရီလျှင် ၁၀၁ မိုင်)နှုန်းဖြစ်တိုက်ခတ်ခဲ့သည်ဟု မိုးလေဝသဗျူရိုက ထုတ်ပြန်ခဲ့သည်။
ကောင်းရှောင်း ဆိပ်ကမ်းမြို့အပါအဝင် ထိုင်ဝမ်ကျွန်းပေါ်ရှိ မြို့များတွင် အလုပ်များနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ပြီး တိုင်ပေမြို့တော်တွင်မူ ပုံမှန်အတိုင်းသွားလာလည်ပတ်နေပြီး အောက်တိုဘာ ၅ ရက် နံ နက်ပိုင်းတွင်း မိုးစဲသွားခဲ့သည်။
မုန်တိုင်းကြောင့် ဒဏ်ရာရသူ ၁၉၀ ခန့် ရှိခဲ့ပြီး အများစုမှာ တိုင်ချွန်၊ တိုင်နန်နှင့် ကောင်းရှောင်းမြို့များအပါအဝင် နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဒေသတစ်လျှောက်တွင်ရှိသည့် မြို့များမှဖြစ်သည်ဟု ထိုင်ဝမ် မီးသတ်ဌာနက ပြောကြားခဲ့သည်။
အောက်တိုဘာ ၅ ရက်တွင် ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်း ၄၀ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ကူးတို့သင်္ဘောပြေးဆွဲမှုများကိုလည်း ဆိုင်းငံ့ခဲ့သည်။
ကွိုင်နူးသည် အောက်တိုဘာ ၄ ရက်နေ့လယ်ပိုင်းတွင် ဟောင်ကောင်၏ ကီလိုမီတာ ၈၀၀ အတွင်းရောက်ရှိခဲ့သည်ဟု ဟောင်ကောင်မိုးလေဝသစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။
တိုင်ဖွန်းတိုက်ရိုက်ဝင်ရောက်မှုကို ရှောင်ကွင်းသွားသော ဖိလစ်ပိုင်တွင်မိုးလေဝသဌာနက အနည်းဆုံး မြောက်ပိုင်းပြည်နယ် ခြောက်ခု၌ မုန်တိုင်းသတိပေးချက်များကို ထုတ်ပြန်ထားပြီး ရေကြီးနိုင်သည့်အနေအ ထားကို သတိပေးထားကာ တောင်တန်းဒေများတွင် အထူးသဖြင့် မြေပြိုမှုများဖြစ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
စက်တင်ဘာလဆန်းပိုင်းတွင် ဟိုက်ကွေးတိုင်ဖွန်းသည် ထိုင်ဝမ်ကို ဝင်ရောက်ခဲ့ရာ ယင်းမုန်တိုင်းသည် နှစ်ပေါင်းများစွာအတွင်း ထိုင်ဝမ်ကုန်းတွင်းကို ဝင်ရောက်သည့် ပထမဆုံးတိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး ယခုတိုက် ခတ်ခဲ့သည့် ကွိုင်နူးမုန်တိုင်းသည် လေးနှစ်အတွင်း ထိုင်ဝမ်ကို ဝင်ရောက်သည့် ဒုတိယမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။
ထိုင်ဝမ်သည် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းများတိုက်ခတ်လေ့ရှိသည့်ဒေသတွင် တည်ရှိပြီး တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုများမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။
ဟိုက်ကွေးမုန်တိုင်းသည် သစ်ပင်များကိုအမြစ်မှ ကျွတ်ထွက်စေပြီး ကားများကို ပျက်စီးစေခဲ့ သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရသူများရှိခဲ့သော်လည်း ဟိုက်ကွေးတိုင်ဖွန်းသည် ကြီးမားလှသည့် ထိခိုက်ဆုံးရှုံးမှုများကို ဖြစ် ပေါ်စေခြင်းမရှိပေ။
ယခုတိုက်ခတ်သည့် ကွိုင်နူးမုန်တိုင်းသည် ထိုင်ဝမ်တွင် အင်အားအပြင်းဆုံး လေပြင်းများတိုက်ခတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Ref: Reuters
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့
-
အလန်ရှီးယား ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်ကစားသမား (၄)ဦးပါဝင်ပြီး မန်စီးတီးနှင့် အာဆင်နယ်မှ ပါဝင်ခြင်းမရှိ