Top News

စတိဗ်စကာလီဆီနှင့် ဂျင်(မ်) ဂျော်ဒန်တို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဝင်ရောက်အရွေးခံမည်
24htopnews | October 22, 2024 8:12 AM CST

အောက်လွှတ်တော်၏ နံပါတ်နှစ် ရီပတ်ဘလီကင် စတိဗ်စကာလီဆီနှင့် ဒီမိုကရက်တစ် သမ္မတဂျိုးဘိုင်ဒင်၏ အဓိကရန်ဘက်ဖြစ်သော ဂျင်(မ်)ဂျော်ဒန်တို့ အောက်လွတ်တော် ဥက္ကဋ္ဌနေရာကို ဝင်ရောက် အ ရွေးခံကြမည်ဖြစ်၍ ဖယ်ရှားခံရသော အောက်လွှတ်တော် ဥက္ကဋ္ဌကီဗင်မက် ကာသီနေရာတွင် အစားထိုးရေး ကိစ္စသည် အောက်တိုဘာ ၄ ရက်တွင် ပုံပေါ်လာကြောင်း သိရသည်။

ရီပတ်ဘလီကင်အမတ်များ, အများစု ထိန်းချုပ်ထားရာ အောက်လွှတ်တော်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို အစားထိုးရေးကိစ္စသည် အချိန်ကြာမြင့်ပြီး ရှုပ်ထွေးသောတိုက်ပွဲဖြစ်ရာ အထက်ပါလွှတ်တော် အမတ်နှစ်ဦးနှင့်အတူ အခြားသောကိုယ်စားလှယ်များလည်း ယှဉ်ပြိုင်လာနိုင်သည်။

တစ်ပါတီတည်းဖြစ်သော အခြားရီ ပတ်ဘလီကင်အမတ်များ၏ ဖီဆန်မှုကြောင့် မက်ကာသီ သမိုင်းဝင်ဖယ်ရှားခံရမှုသည် ဒုုတိယသမ္မတပြီးလျှင် သမ္မတနေရာအတွက် လျာထားခံရသော ဒုတိယပုဂ္ဂိုလ်ကို အောက်လွှတ်တော်က ရာထူးမှပထမဆုံးဖယ်ရှားမှု ဖြစ်သည်။

ရီပတ်ဘလီကင်အမတ်များကမက် ကာသီနေရာကို ဆက်ခံမည့်သူအား  အောက်တိုဘာ ၁၁ ရက်တွင် မဲခွဲရွေးချယ်ရန် ရက်သတ်မှတ်ထားသည်။ ရီပတ်ဘလီကင်အမတ်များသည် ကိုယ်စားလှယ်လောင်းများကြား နာမှုမတိုင်မီ တစ်ရက်အလိုတွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

ခေါင်းဆောင်ဖြစ်ရေးကိစ္စသည် အစိုးရယန္တရားလည်ပတ်မှု မရပ်ဆိုင်းစေရေးအတွက် ကာလတိုသဘောတူညီချက် သက်တမ်းကုန်ဆုံးမည့် နိုဝင်ဘာ ၁၈ ရက်မတိုင်မီ လွှတ်တော်အမတ်များက ယင်းသဘောတူညီချက်ကိုသက်တမ်းတိုးရမည့် အချိန်အားကုန်ဆုံးသွားစေမည်ဖြစ်သည်။

ကင်ဆာရောဂါကုသနေရသော စကာလီဆီသည် မက်ကာသီနေရာကို ဆက်ခံနိုင်သူအဖြစ် စဉ်းစားခံထားရသူဖြစ်သည်။  အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်အောင်ကြိုး ပမ်းရာတွင် ၎င်းကို ထောက်ခံပေးရန် ၎င်းက ရီပတ်ဘလီကင်အမတ်များနှင့်သီးသန့် တွေ့ဆုံထားသည်။ အသက် ၅၇ နှစ်အရွယ်ရှိ စကာလီဆီသည် မက်ကာသီထက် ပိုရှေးရိုးဆန်သူအဖြစ် ရှုမြင်ခံရသူဖြစ်သည်။

၎င်းနှင့်အခြားသောရီပတ်ဘလီကင်အမတ်များသည် ဘေ့စ်ဘောပွဲအတွက် လေ့ကျင့်နေကြစဉ် လူမှုမီဒီယာ၌ ရီပတ်ဘလီကင်များကို ဝေဖန်ခဲ့သောလူတစ်ဦးက ၎င်းနှင့် အခြားအမတ်များကိုသေနတ်ဖြင့်ပစ်ခဲ့သဖြင့် ၂၀၁၇ ခုနှစ်တွင် ၎င်းသည် ပြင်းထန်စွာဒဏ်ရာရခဲ့သည်။

“တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ်  ပြန်ဆွဲတင်ဖို့ကျွန်တော်တို့အားလုံး ၀ိုင်းလုပ်ဖို့လိုပါတယ်။ လားရာတစ်ခုတည်းကို သွားကြဖို့လိုပါတယ်”ဟု ရီပတ်ဘလီကင်အမတ်များထံပေးစာတွင် စကာလီနီက ရေးသားထားသည်။

ဘိုင်ဒင်အစိုးရအဖွဲ့ကို စုံစမ်းစစ်ဆေးမှုများအား ဦးဆောင်ရသူဖြစ်သော ကောလိပ်နပန်းသမားဟောင်း ဂျော်ဒန်သည်ပါတီ၏ လက်ယာယိမ်းခေါင်းဆောင်အဖြစ် ပထမဆုံးထင်ရှားလာသူဖြစ်သည်။ ထို့နောက် ဂျော် ဒန်သည် မက်ကာသီနှင့်မဟာမိတ်ဖွဲ့ခဲ့သည်။  သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ပွင့်ပွင့် လင်းလင်းထောက်ခံထားသူဖြစ်သည်။

ဂျင်(မ်)ဂျော်ဒန်သည် တရားစီရင်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဘိုင်ဒင်ကို စွပ်စွဲပြစ်တင်ရေးကိစ္စ စုံစမ်းစစ်ဆေးရာတွင် ပါဝင်နေသူဖြစ်ပြီး ထရန့်ကို ပြစ်မှုဆိုင်ရာအမှုများဖြင့် တရားစွဲထားသော အစိုးရှေ့နေများနှင့် ပြဿနာတက်ခဲ့သည်။

“နိုင်ငံကို တိုးတက်စေပြီး စစ်မှန်တဲ့ အဖြေတွေကို ထုတ်ပေးရာမှာကျွန်တော်တို့ကို စည်းလုံးညီညွတ်စေနိုင်တဲ့ အပြောင်းအလဲတွေကို ကျွန်တော်တို့ အာရုံစိုက်ထားနိုင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ ဘာမဆိုလုပ်တာ ပဲဖြစ်ဖြစ် ညှိနှိုင်းဆွေးနွေးပွဲတစ်ခုအနေနဲ့ ကျွန်တော်တို့ အတူတကွဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ဂျော်ဒန်က ရီပတ်ဘလီ ကင်အမတ်များထံပေးစာတွင် ဖော်ပြထားသည်။                                      

Ref: Reuters


READ NEXT
Cancel OK