Top News

သမ္မတဂျိုးဘိုင်ဒင်ကသမ္မတဗိုလိုဒီမာဇယ်လန်းစကီးကို အကူအညီသစ်များပေးမည်ဟုပြောကြားခဲ့သော်လည်း အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် နောက်ထပ်အကူအညီများကို ပိတ်ဆို့မည်
24htopnews | October 22, 2024 4:12 AM CST

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးသည် စက်တင်ဘာ ၂၁ ရက်တွင် ၀ါရှင်တန်မြို့ကိုရောက်ရှိလာပြီး နောက်ထပ် အ မေရိကန်လက်နက်များရရှိရေးကိစ္စကို ဆွေးနွေးခဲ့သည်။

ရုရှားကယူကရိန်းကို ဒုံးကျည်အများအပြားဖြင့်တိုက်ခိုက်နေချိန်တွင် ယူကရိန်းသမ္မတသည် ၀ါရှင်တန်မြို့ကို ရောက်ရှိလာ ခြင်းဖြစ်ပြီး လေကြောင်းကာကွယ်ရေးသည် ယူကရိန်း၏ဦးစားပေးဖြစ်ကြောင်းပြောကြားသည်။

ဇယ်လန်းစကီးသည် ရုရှားကျူးကျော်ဆဲကာလအတွင်း အမေရိကန်ကို ‌ဒုတိယအကြိမ်ရောက်ရှိလာခြင်းဖြစ်ပြီး အိမ်ဖြူတော် တွင် အမေရိကန်သမ္မတနှင့်ဆွေးနွေးခဲ့သည်။

“ကျွန်တော်ဟာ ခင်ဗျားနဲ့အတူရှိနေပါတယ်။ ကျွန်တော်တို့ဟာ ခင်ဗျားတို့နဲ့အတူ ရှိနေပါတယ်”ဟု သမ္မတဂျိုးဘိုင်ဒင်က သ မ္မတဇယ်လန်းစကီးကို ပြောကြားခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် နောက်ထပ်အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၄ ဘီလျံကို ကွန်ဂရက်ထံမှ တောင်းခံထားသည်ဆိုသော်လည်း ကွန်ဂရက်က ခွင့်ပြုမည်မဟုတ်ဟု ဆိုသည်။

လက်နက်ပံ့ပိုးရေးကိစ္စများကို အိမ်ဖြူတော်တွင် အမေရိကန်ကိုယ်စားလှယ်များနှင့် ယူကရိန်းကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။ နောက်ထပ်လက်နက်များထောက်ပံံ့ရေးကိစ္စကို ဂျိုးဘိုင်ဒင်က သဘောတူခဲ့သည် ဆိုသော်လည်း ယင်းထောက်ပံ့မှုများကို ကွန်ဂရက်က အတည်ပြုရန် လိုအပ်နေသေးသည်။

၎င်းတို့နှစ်ဦး ဆွေးနွေးခြင်းမပြုမီ ရုရှားက ယူကရိန်းနိုင်ငံတစ်ဝန်းရှိမြို့များကို ဒုံးကျည်များ အတွဲလိုက်ပစ်၍ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဒီနေ့ ၀ါရှင်တန်မှာ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေရှိနေပါတယ်။ ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးဟာ ဦးစားပေးကိစ္စထဲမှာပါဝင်နေပါတယ်”ဟု နယူးယောက်မြို့မှ ၀ါရှင်တန်ကိုရောက်ရှိလာချိန်တွင် ဇယ်လန်းစကီးက တယ်လီဂရမ်၌ ရေးခဲ့သည်။

“ရှေ့တန်းက ယူကရိန်းစစ်သား‌တွေအတွက် နောက်ထပ်လေကြောင်း ကာကွယ်ရေး၊နောက်ထပ် ထောက်ပံ့မှုတွေ”ဟု ၎င်းက ရေးသားထားသည်။

တောင်ပိုင်းမြို့ကြီးခါဆန်ကို ရုရှားကညပိုင်းတွင် အင်နှင့်အားနှင့်တိုက်ခိုက်မှုအား ဇယ်လန်းစကီးက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ခါဆန်တွင် လူ့အချို့သေဆုံးခဲ့ပြီးအခြားဒေသများတွင် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။

ဇယ်လန်းစကီးကယူကရိန်းနိုင်ငံကိုဒုံးခွင်းဒုံးစနစ်များ ပံ့ပိုးပေးသော နိုင်ငံများအား ကျေးဇူးတင်ခဲ့သည်။

“ကျွန်တော်တို့ဟာရုရှားရဲ့အကြမ်းဖက်လုပ်ရပ်တွေကို လုံးလုံးရှင်းထုတ်ပစ်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီရလဒ်ထွက်ပေါ် လာအောင်ကျွန်တော်တို့လုပ်ကြရမှာပါ”ဟု ၎င်းကဖြည့်စွက်ပြောသည်။

၎င်း၏အရေးအကြီးဆုံးရက်စွဲမှာ အမေရိကန်ကွန်ဂရက်၌ ရီပတ်ဘလီကင်နှင့် ဒီမိုကရက်ခေါင်းဆောင်များကို တွေ့ဆုံခဲ့ သောရက်စွဲဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင် ကွန်ဂရက်တွင်တွေ့ဆုံခဲ့ကြသည်။

ယူကရိန်းအတွက်ထောက်ပံ့ကူညီမှုအသစ်များကို ပိတ်ဆို့မည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌကယ်ဗင်မက္ကာသီက ဇယ်လန်း စကီးကို ပြောသည်ဟု သိရသည်။

Ref: AFP   


READ NEXT
Cancel OK