Top News

ဘာကီနာဖာဆို၏ အစိုးရအပြောင်းအလဲနှင့်ပတ်သက်၍ အလေးအနက်စိုးရိမ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ထုတ်ပြန်
24htopnews | October 19, 2024 9:12 AM CST

ပြီးခဲ့သည့်လက ဘာကီနာဖာဆို နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီ သော အစိုးရအပြောင်းအလဲတစ်ရပ် ဖြစ်ပွား ခဲ့ခြင်းအပေါ် အလေးအနက်စိုးရိမ်မိကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း အဆိုပါ ဖြစ်စဉ်ကို စစ်အာဏာသိမ်းမှုဟု ဖော်ပြခြင်းမပြုရန်နှင့် အလျင်စလို ပြစ်တင်ရှုတ်ချခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ခက်ခက်ခဲခဲ ဆွေးနွေးညှိနှိုင်းခဲ့ရပြီး နောက် ဘာကီနာဖာဆိုတွင် စစ်အာဏာပိုင် များက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက် ပြန်လည်ဖော်ဆောင်ခြင်း မပြုမီအထိ ၎င်းအား အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ECOWAS) နှင့် အာဖရိက သမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခြင်းကို ဂရုတစိုက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။

AFP သတင်းဌာနက လက်ခံရရှိခဲ့သည့် အစောပိုင်းမူကြမ်းတွင် ဘာကီနာဖာဆို၌ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အလျင်အမြန် ပြန်လည်ဖော်ဆောင်ရေးကို အထောက်အကူပေးရန် ဘာကီနာဖာဆို စစ်တပ်ကို တိုက်တွန်းထားသည်ဟု သိရသည်။ သို့ရာတွင် ယင်းတိုက်တွန်းချက်ကို ရုရှားနိုင်ငံက ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန်တစ်ဦးက ဆိုသည်။

သို့ရာတွင် အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံ ရေးကောင်စီက အတည်ပြုထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် သမ္မတ ရိုချ်မာ့ ခရစ္စတီယန်ကာဘိုရီနှင့် အခြားသောအစိုးရအရာရှိများကို ပြန်လွှတ်ပေးရန်နှင့် ကာကွယ်စောင့် ရှောက်ပေးရန် တောင်းဆိုထားသည်ဟု သိရ သည်။

ထို့အပြင် ဘာကီနာဖာဆို၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် ဒေသတွင်းမှ ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများကို  ထောက်ခံအားပေးကြောင်းလည်း ၎င်းင်းကြေညာချက်တွင် ဖော်ပြထားသည်။ မကြာသေးမီ က ဘာကီနာဖာဆို နိုင်ငံဆိုင်ရာပူးပေါင်းမစ် ရှင်တစ်ရပ်ကို ECOWAS၊ အာဖရိကသမဂ္ဂနှင့် အနောက်အာဖရိကဆိုင်ရာ ကုလသမဂ္ဂရုံးတို့က ဖွဲ့စည်းခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြီးခဲ့သည့် ဇန်နဝါရီလထဲတွင် ဘာကီနာဖာဆို စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သော်လည်း လုံခြုံ ရေးကောင်စီကမူ ECOWAS နှင့် အာဖရိက သမဂ္ဂတို့က ၎င်းတို့၏ သဘောထားများကို တရားဝင်ကြေညာသည့်အချိန်ထိ စောင့်ကြည့်သွားရန် ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်က ဂါနာနိုင်ငံတွင် ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေးတွင် ECOWAS အဖွဲ့က ဘာကီနာဖာဆိုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြန်လည်ဖော်ဆောင်သွားမည့် အချိန်စာရင်းကို တင်ပြရန် ၎င်းနိုင်ငံ၏ ခေါင်း ဆောင်သစ်များကို တိုက်တွန်းခဲ့သည်။

ဘာကီနာဖာဆို၏ ခေါင်းဆောင်သစ်ဖြစ်လာသော ဒုတိယဗိုလ်မှူးကြီး ပေါလ်-ဟင်နရီ ဆန်ဒေါဂို ဒါမီဘာက နိုင်ငံလုံးဆိုင်ရာ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန်နှင့် အသွင်ကူးပြောင်းရေးကာလ အချိန်စာရင်းကို ရေးဆွဲရန် ကော်မရှင်တစ် ရပ်ဖွဲ့စည်းရေးအတွက် ဖေဖော်ဝါရီ ၅ ရက် တွင် သမ္မတအမိန့်ကြေညာချက်ကို ထုတ်ပြန် ခဲ့သည်။

လွန်ခဲ့သောလတွင် အာဏာသိမ်းခဲ့ပြီး နောက် တစ်နိုင်ငံလုံးအနှံ့ ထုတ်ပြန်ခဲ့သော  ကာဖျူးအမိန့်ကို ရုပ်သိမ်းကြောင်း ဘာကီနာ ဖာဆိုစစ်တပ်က ဖေဖော်ဝါရီ ၂ရက်တွင် ကြေညာခဲ့သည်။                                  

 


READ NEXT
Cancel OK