အာရှ-ပစိဖိတ်ဒေသတစ်ဝန်းတွင် တ ရုတ်၏ သြဇာချဲ့ထွင်မှုကို လျော့ပါးစေရန် မျှော်လင့်ချက်ဖြင့် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံများမှ ထိပ်သီးသံတမန် များသည် ၎င်းင်းတို့၏ Quad မဟာမိတ်ဆက်ဆံ ရေးကို မြှင့်တင်သည့်အနေဖြင့် သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့တွင် ဖေဖော်ဝါရီ ၁၁ ရက် က တွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သြစတြေးလျဝန်ကြီး ချုပ် စကော့ မော်ရစ်ဆင်က ဒီမိုကရေစီနိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှုများ ထူထောင်ရာတွင် Quad၏ အရေးကြီးမှုကို အလေးပေးပြောကြားခဲ့ပြီး သြစတြေးလျနှင့် တရုတ်အကြား ဆက်ဆံရေးကတောက်ကဆ ဖြစ်နေမှုကိုလည်း အရိပ်အမြွက်ပြောကြားခဲ့ သည်။
“ကျွန်တော်တို့ဟာ အရမ်းကို ကျိုးပျက် လွယ်ပြီး အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ ယှဉ် ပြိုင်မှုပြင်းထန်နေတဲ့ ကမ္ဘာမှာ နေထိုင်နေရ တာဖြစ်ပါတယ်။ ကျွန်တော်တို့ကို နိုင်ထက် စီးနင်းပြုလုပ်ဖို့ ကြိုးစားမယ့်သူတွေကို ကျွန် တော်တို့က ရင်ဆိုင်နေရပါတယ်”ဟု မော်ရစ် ဆင်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြောကြားမှုတွင် တရုတ်၏ အမည်ကို ထည့်သွင်းပြောကြားခြင်းမရှိခဲ့ဘဲ အခြား Quad အဖွဲ့ဝင်သုံးနိုင်ငံသည်လည်း နိုင်ထက်စီးနင်းအပြုခံထားရပြီး ဖိအားပေးခံ ထားရသည့် သြစတြေးလျနိုင်ငံ၏အခြေအ နေကို သိရှိနားလည်သည့်အတွက် အလွန် စိတ်သက်သာရာရကြောင်း မော်ရစ်ဆင်က ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း တွက် ယူကရိန်းအပေါ် ရုရှား၏ ခြိမ်းခြောက်မှု သည် လက်ရှိပြဿနာဖြစ်သော်လည်း တရုတ် ၏ အင်အားကြီးထွားလာမှုသည် ရေရှည် ပြဿနာ တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်ရဲ့ ရည်ရွယ်ချက်ဟာ ဒေသ တွင်းမှာသာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ထိပ်ဆုံးနေရာက ဦးဆောင် ချင်နေတယ်ဆိုတာ သံသယဖြစ်မိပါတယ်”ဟု ဘလင်ကင်က ဆိုသည်။
Quad မဟာမိတ်အဖွဲ့ကို ၂၀၀၇ ခုနှစ် ကတည်းက စတင်ဖွဲ့စည်းခဲ့သော်လည်း တရုတ်သည် တောင်တရုတ်ပင်လယ်တွင် စစ် ရေးအင်အားကို အလွန်အမင်းတိုးမြှင့်ခဲ့ပြီး အိန္ဒိယနှင့် နယ်စပ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ ပြီးနောက် ယင်းအဖွဲ့သည် ခိုင်မာမှုရှိလာခဲ့ ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်က Quadအဖွဲ့မှရေတပ် များသည် ဘင်္ဂလားပင်လယ်အော်တွင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး မဲလ်ဘုန်းတွင် ပြုလုပ်နေသည့် အစည်းအဝေးများသည် ကမ္ဘာလုံးဆိုင်ရာ 5G ဆက်သွယ်ရေးကွန်ရက် များ အပါအဝင် အရေးကြီးသည့် နည်းပညာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် COVID 19 တိုက်ဖျက်ရေး အစရှိသည့် အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ခဲ့သည်။
ဘလင်ကင်က ၎င်းင်းတို့သည် နည်းပညာ စံနှုန်းများ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ရာသီဥတုအရေးကိစ္စ အပါအဝင် စိန်ခေါ်မှုအများအပြားကို တူညီ သည့် သဘောထားအမြင်နှင့် ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။
Quad လေးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ ဖြန့်ချိပေး ခဲ့မှုနှင့်အတူ ကာကွယ်ဆေးအလုံးရေ ၁.၃ ဘီလျံ ဖြန့်ချိပေးရန် မူဘောင်တစ်ခုပြုလုပ်ခဲ့ သည်ုလည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိစ် ပိန်းက ပြောကြားခဲ့သည်။ အမေရိကန်အစိုးရအတွက်မူ Quadအစည်းအဝေး သည် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကာကွယ်ရေးမူဝါဒချမှတ်ရန်အတွက် ၎င်းင်း၏ဆုံးဖြတ် ချက်ကို ထပ်လောင်း အတည်ပြုရန်အခွင့်အလမ်းတစ်ခုဖြစ်ခဲ့သည်။
Ref : AFP
-
ယခုရာသီ ပရီးမီးယားလိဂ် (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရထားသော်လည်း ချယ်လ်ဆီးအသင်း အောင်မြင်မှုများရယူနိုင်မည်ဟု နည်းပြ ပိုချက်တီနို ကတိပေး
-
ပွဲထွက်ခွင့်အတွက် သက်သေပြရန် စမစ်ရိုးကို အာတီတာ စိန်ခေါ်
-
စပိန်နောက်ခံလူ ရာမို့စ်၏နေအိမ် ဓားပြတိုက်ခံရ
-
ဒေးဗစ်ရာယာက အာဆင်နယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမလား
-
ဆန်ချိုအား ခေါ်ယူရန် ရိုးမားအသင်း စောင့်ကြည့်နေ