ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကမ္ဘာ့အရှည်ကြာဆုံး ကန့်သတ်ထိန်းချုပ်မှု အစီအစဉ်ကို ဆောင်ရွက်ခဲ့သော အီတလီသည် မေ ၄ တွင် လျှော့ပေါ့မှုများ စတင်ဆောင်ရွက်ခဲ့သည်။ သီတင်းပတ် ကိုးပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အီတလီပြည်သူများသည် အပြင်သို့ လွတ်လပ်စွာ သွားလာနိုင်ခဲ့ပြီး ဆွေမျိုးများထံ လည်ပတ်နိုင်ခဲ့ကြသည်။
ကန့်သတ်ထိန်းချုပ်မှုကြောင့် စီးပွားရေး ထိခိုက်နေသော အီတလီတွင် လူလေးသန်းခန့်သည် စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ပြန်သွားကြမည်ဖြစ်သည်။ မျိုးဆက်များစွာအတွင်း အီတလီ၏ အဆိုးဆုံးသော အကျပ်အတည်းကို ကျော်လွှားရန် ရုန်းကန်နေရသော စားသောက်ဆိုင်များကလည်း ပြင်ပတွင် သုံးဆောင်ရန် ရောင်းချပေးသည့် နည်းလမ်းနှင့် ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။
သို့သော်လည်း ဘားများနှင့် ရေခဲမုန့်ဆိုင်များကိုမူ ပိတ်ထားဦးမည်ဖြစ်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အသုံးပြုရန် အစိုးရက အားမပေးသေးဘဲ အများဆိုင်ရာရုံတွင်း နေရာများတွင် လူတိုင်းနှာခေါင်းစည်း ဝတ်ဆင်ရန် တိုက်တွန်းထားသည်။
“ကျွန်တော်တို့ ကြောက်လည်းကြောက် ပျော်လည်းပျော်ပေါ့” ဟု ရောမရှိ အသက် ၄၀ အရွယ် စတက်ဖာနိုမီလာနိုက ပြောကြားခဲ့သည်။ တရုတ်အလယ်ပိုင်း ဝူဟန်တွင် ယမန်နှစ် ဒီဇင်ဘာက စတင်ပေါ်ထွက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကြုံစဖူး ပိတ်ဆို့ထိန်းချုပ်မှုများကို ဇန်နဝါရီ ၂၃ က စ၍ ၇၆ ရက်ကြာ ဆောင်ရွက်ခဲ့ကြသည်။
ကမ္ဘာတစ်ဝန်းတွင်လည်း ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ရာ အီတလီသည် အနောက်ကမ္ဘာတွင် ပထမဆုံး နိုင်ငံလုံးအနှံ့ ပိတ်ဆို့ခဲ့သော နိုင်ငံဖြစ်ခဲ့သည်။ အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၈၈၈၄ ဦး သေဆုံးခဲ့ပြီး ဥရောပတွင် အများဆုံးဖြစ်ခဲ့သည်။
မီလန်တစ်ဝိုက် ပြည်နယ်များတွင် ပထမအသုတ် ကူးစက်မှုများ ထိန်းချုပ်မရဖြစ်နေကြောင်း ထင်ရှားခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂီဆက်ပေကွန်တေသည် နိုင်ငံ၏ လူဦးရေလေးပုံတစ်ပုံနေထိုင်သော မြောက်ပိုင်းစက်မှုဇုန် ဗဟိုချက်ကို မတ် ၈ တွင် စတင်ပိတ်ဆို့ခဲ့သည်။
မြောက်ပိုင်းကို ရုတ်တရက်ပိတ်ဆို့မှုကြောင့် ကူးစက်မှုနည်းသော တောင်ပိုင်းသို့ ရှောင်တိမ်းကြမည်ကို စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပို၍နိမ့်ကျသောတောင်ပိုင်းသို့ ဗိုင်းရပ်စ်ကူးစက်မှု ပျံ့နှံ့မည်ကို စိုးရိမ်သဖြင့် တစ်နိုင်ငံလုံးကို ပိတ်ဆို့ကြောင်း ဝန်ကြီးချုပ် ကွန်တေက မတ် ၉ တွင် ကြေညာခဲ့သည်။
ထိုအချိန်က အီတလီတွင် ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သေဆုံးသူ ၇၂၄ ဦးရှိခဲသည်။ နေ့စဉ် ရာချီသေဆုံးမှုများ ရက်ဆက်ဖြစ်ခဲ့ပြီးနောက် ကန့်သတ်မှုများကို ပို၍တင်းကျပ်ခဲ့သည်။ ဆေးဆိုင်နှင့် ကုန်စုံဆိုင်မှလွဲလျှင် လူဦးရေ သန်း ၆၀ ရှိသော အီတလီနိုင်ငံတစ်ဝန်းလုံးကို မတ် ၁၂ တွင် ပိတ်ဆို့ ထိန်းချုပ်ခဲ့သည်။ မရှိမဖြစ် စက်ရုံများမှလွဲလျှင် အားလုံးကို ပိတ်ပင်ကြောင်း မတ် ၂၂ တွင် ကွန်တေက ကြေညာခဲ့သည်။
ထို့နောက် ငါးရက်အကြာတွင် အီတလီသည် တစ်ရက်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၆၉ ဦးအထိ ရောက်ရှိခဲ့သည်။
အီတလီ၏ စီးပွားရေးသည် ဥရောပ၌ တတိယအကြီးဆုံးဖြစ်ပြီး ယခုနှစ်တွင် ၁၉၃၀ ပြည့်လွန်နှစ်များက ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်ရနိုင်သည်ဟု ခန့်မှန်းထားကြသည်။
လုပ်သားထု၏ ထက်ဝက်က အစိုးရ၏ အထောက်အပံ့ကို ရရှိနေကြပြီး အလုပ်လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်နေကြသည့် အလုပ်သမားကလည်း ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း စစ်တမ်းများက ဖော်ပြခဲ့သည်။
အဆင့်အလိုက် ပြန်လည်ဖွင့်လှစ်ရေး အစီအစဉ်အရ အီတလီ၏ ဒေသကြီး ၂၀ သည် ကိုယ်ပိုင်ပြဋ္ဌာန်းချက်နှင့် ဖြေလျှော့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဗဟိုမှ ထိန်းချုပ်မှုမရှိသော အီတလီ၏ ရှုပ်ထွေးသောစနစ်အရ ဗင်းနစ်၏ ဗီနီတိုနှင့် တောင်ပိုင်းကာလာဘရီရာ ဒေသသည် ယခင်တစ်ပတ်မှစပြီး ဘားများနှင့် စားသောက်ဆိုင်များအား ပြင်ပတွင် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည်။ ဂျီနိုအာတစ်ဝိုက်တွင် လူအနည်းစုအား ရွက်လွှင့်ခွင့်ပြုခြင်းနှင့် ကမ်းခြေများ ပြန်လည်ဖွင့်လှစ်ခြင်းတို့ ခွင့်ပြုခဲ့သည်။
-
ယခုရာသီ ပရီးမီးယားလိဂ် (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရထားသော်လည်း ချယ်လ်ဆီးအသင်း အောင်မြင်မှုများရယူနိုင်မည်ဟု နည်းပြ ပိုချက်တီနို ကတိပေး
-
ပွဲထွက်ခွင့်အတွက် သက်သေပြရန် စမစ်ရိုးကို အာတီတာ စိန်ခေါ်
-
စပိန်နောက်ခံလူ ရာမို့စ်၏နေအိမ် ဓားပြတိုက်ခံရ
-
ဒေးဗစ်ရာယာက အာဆင်နယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမလား
-
ဆန်ချိုအား ခေါ်ယူရန် ရိုးမားအသင်း စောင့်ကြည့်နေ