၂၀၁၄ အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံ၏ ပထမဦးဆုံးရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသောပါတီက ဦးဆောင်နေကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်မှ ရရှိသော အချက်အလက်များအရ သိရသည်။
မတ် ၂၄ ရက်၊ မြန်မာစံတော်ချိန် ည ၉ နာရီခွဲအထိ ရေတွက်ပြီးသော မဲအရေအတွက် ၈၉ ရာခိုင်နှုန်းနှင့်အတူ ပါလန်းပရာချာရက် ပါတီက မဲခုနှစ်သန်းရရှိထားပြီး အာဏာသိမ်းခဲ့သဖြင့် ပြုတ်ကျခဲ့သော ပါတီဖြစ်သည့် ဖြူထိုင်းပါတီက မဲ ၆.၆သန်း ရရှိထားကြောင်း သိရသည်။
လူငယ် မဲဆန္ဒရှင်ပြည်သူများ အကြားတွင် လူကြိုက်များလာခဲ့သော Future Forward ပါတီသစ်သည် မဲ ၄.၈ သန်းနီးပါး ရရှိထားသည်။လက်ရှိအချိန်ထိ မဲရေတွက်မှုအရ အာဏာသိမ်းခေါင်းဆောင်နှင့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်ခန့်အပ်သော အဖွဲ့ဝင်၂၅၀ ရှိသည့် ဆီးနိတ်၏အကူအညီဖြင့် ညွှန့်ပေါင်းအစိုးရဖွဲ့ကာ အာဏာကို ဆက်လက်ကိုင်ဆွဲထားရန် အခွင့်အရေး ရှိနေသည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်