Top News

တရုတ်က ကူးစက်မှု ဒုတိယလှိုင်းကို ရပ်တန့်ရန်အတွက် နိုင်ငံထဲသို့ နိုင်ငံခြားသားများ ဝင်ရောက်မှုအား ပိတ်ပင်
24htopnews | October 18, 2024 1:12 PM CST

တရုတ်တွင် ကူးစက်မှုဒုတိယလှိုင်းအား ရပ်ဆိုင်းရန်အတွက် နိုင်ငံခြားသားများကို နိုင်ငံထဲသို့ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး တရားဝင် ဗီဇာများဖြင့် တရုတ်တွင် နေထိုင်သော နိုင်ငံသား မဟုတ်သူများနှင့် နေထိုင်ခွင့်ရထား သူများကိုလည်း မတ် ၂၇ ညသန်းခေါင်မှစ၍ နိုင်ငံထဲ ဝင်ခွင့်ပိတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၇ တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာလေကြောင်းခရီးစဉ်အရေအတွက် လျှော့ချခြင်းနှင့် လေယာဉ်ပေါ် လိုက်ပါစီးနင်းသူအရေအတွက်အား ၇၅ ရာခိုင်နှုန်းသို့ ကန့်သတ်ခြင်းစသည့် အခြားဆောင်ရွက်မှုများလည်း ပါဝင်ခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း တရုတ်ပြည်တွင်း၌ နေ့စဉ် ကူးစက်သူအရေ အတွက်သည် အလွန်အမင်းနည်းပါးခဲ့သော် လည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု နေရာသစ် များဖြစ်သော ပြည်ပနိုင်ငံများမှ ပြန်လာသူ အများအပြားတွင် ကူးစက်မှုများ တစ်ဟုန် ထိုး မြင့်တက်ခဲ့သည်။

ထိုကပ်ရောဂါအား တိုက်ဖျက်ရာတွင် အမေရိကန်နှင့် တရုတ်တို့သည် ညီညီညွတ် ညွတ်ရှိသင့်ကြောင်း တရုတ်သမ္မတ ရှီကျင် ပင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် ဖုန်းပြောမှုအတွင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။ ပေ ကျင်းနှင့် ၀ါရှင်တန်တို့သည် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုနှင့်ပတ်သက်၍ မကြာသေးမီ သီတင်း ပတ်များအတွင်း အချင်းများခဲ့ကြသည်။

မတ် ၂၇ တွင် ထုတ်ပြန်ခဲ့သော ပိတ်ပင် ကန့်သတ်မှုသစ်များသည် တရုတ်၌ ကူးစက် ပျံ့နှံ့မှုသစ်ကို ထည့်သွင်းစဉ်းစားလျက် ယာ ယီဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သံတမန်များ၊ နိုင်ငံတကာလေကြောင်း လိုင်းများနှင့် သင်္ဘောများမှ ဝန်ထမ်းများကို မူ ဝင်ခွင့်ပြုထားဆဲဖြစ်သည်။ တရုတ်နှင့်  အဝင် အထွက် လေယာဉ်ခရီးစဉ်များကိုလည်း နိုင်ငံတကာလေကြောင်းလိုင်းများ အပါ အဝင် တစ်နိုင်ငံစီသို့ တစ်ပတ်လျှင် တစ်ကြိမ် သာ ပြေးဆွဲရန်လည်း ကန့်သတ်မည်ဖြစ် သည်။

နိုင်ငံထဲသို့ နိုင်ငံခြားသားများ ဝင်ရောက် မှုအား ပိတ်ပင်ကြောင်း တရုတ်က ကြေညာ ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပြည်ပမှပြန် လာသူ ၅၀ ကျော်၏ ကူးစက်မှုများ ဖြစ်ပွား ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ မတ် ၂၇ တွင် ဖြစ်ပွားသော ထိုကူးစက်မှုသစ် ၅၅ မှုအနက် တစ်မှုသာ ပြည်တွင်း၌ ကူးစက်မှုဖြစ်ပြီး ကျန် ကူးစက်မှု ၅၄ မှုသည် ပြည်ပမှပြန်လာသူများ တွင် ကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မတ် ၂၇ တွင် သေဆုံးသူငါးဦး ရှိခဲ့ပြီး အားလုံးသည် ဟူပေပြည်နယ်မှဖြစ်ကြောင်း ယင်းကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မတ် ၂၇ အထိ ပြည်ပမှပြန်လာသူများ တွင် ရောဂါဖြစ်ပွားမှုအရေအတွက်သည် ၅၉၅ မှုအထိ ရှိလာခဲ့ကြောင်း ထိုကော်မရှင် က ထုတ်ပြန်ခဲ့သည်။

ပြည်ပရောက် တရုတ်ကျောင်းသား အများအပြားအပါအဝင် ပြည်ပမှ တရုတ် နိုင်ငံသားအများစု နိုင်ငံထဲသို့ပြန်လာနေစဉ် ရောဂါကူးစက်ခံရပြီး နိုင်ငံထဲသို့ ဝင်လာသူ များအား ထိန်းချုပ်နိုင်ရန် တရုတ်အစိုးရက  အပြင်းအထန် ကြိုးပမ်းနေသည်။ ပြည်ပမှ ဝင်ရောက်လာသူများမှ ကူးစက်မှုလှိုင်းကို ဟန့်တားရန်အတွက် တင်းကျပ်သောကန့် သတ်ဆောင်ရွက်မှုများကို ချမှတ်ထားပြီး လည်းဖြစ်သည်။

မြို့တော်ပေကျင်းသို့လာသော နိုင်ငံ တကာလေကြောင်းခရီးစဉ်အားလုံးကို အ ခြားဆင်ဖြေဖုံးဒေသများသို့ လမ်းလွှဲ ဆင်း သက်စေခဲ့ပြီး ခရီးသည်များကိုလည်း ဗိုင်းရပ်စ် အတွက် စစ်ဆေးမှု ဦးစွာ ပြုလုပ်မည်ဖြစ်သည်။ ပေကျင်းနှင့် ရှန်ဟိုင်းတို့အပါအဝင် တရုတ် မြို့အများအပြားတွင်လည်း ပြည်ပမှ ပြန်လာ သူအားလုံးကို ၁၄ ရက်ကြာ ရောဂါခြေချုပ် ဖြင့် မဖြစ်မနေ နေထိုင်ရန်လည်း သတ်မှတ် ထားသည်။                                     

 

 

 


READ NEXT
Cancel OK