Top News

တောင်အာဖရိကတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်ဦးသေဆုံး၊ သီတင်းပတ်သုံးပတ်ကြာ ပိတ်ဆို့ထိန်းချုပ်မှု စတင်
24htopnews | October 18, 2024 1:12 PM CST

တောင်အာဖရိကတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် သီတင်းပတ် သုံးပတ်ကြာ ပိတ်ဆို့ထိန်းချုပ်မှု စတင်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ကူးစက်ခံရသူ ၁,၀၀၀ ကျော်ခဲ့ပြီး မတ် ၂၇ တွင် ဗိုင်းရပ်စ် ကြောင့် ပထမဆုံး နှစ်ဦး သေဆုံးမှု ဖြစ် ခဲ့သည်။

တောင်အာဖရိကတစ်နိုင်ငံလုံး နေအိမ် တွင် ၂၁ ရက်ကြာ နေထိုင်ကြရန် သမ္မတ ဆိုင်ရေးရာမာဖိုဆာက နိုင်ငံ လူဦးရေ ၅၇  သန်းအား အမိန့်ထုတ်ခဲ့ပြီးနောက် အာဖရိ ကတိုက်ရှိ အခြားနိုင်ငံများနှင့်အတူ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တင်းကျပ်စွာ ထိန်းချုပ် သည့်နိုင်ငံစာရင်းတွင် ပါဝင်သွားခဲ့သည်။

သမ္မတ ရာမာဖိုဆာသည် အပါသိုက် နိဂုံးချုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အ ဖြစ် စစ်ဝတ်စုံပြည့်နှင့်ထွက်လာခဲ့ပြီး တပ်ဖွဲ့ ဝင်များအား နှစ်လိုဖွယ်ရာ ရှိသော တပ်ဖွဲ့ များအဖြစ် ဆောင်ရွက်ကြရန် ညွန်ကြားခဲ့ သည်။ စီးပွားရေး ဗဟိုချက် ဂျိုဟန်နက်စဘတ် အပြင်ဘက်ရှိ ဆိုဝီတိုမှ စစ်စခန်းတွင် တပ် ဖွဲ့ဝင်များကို မိန့်ခွန်းပြောခဲ့သော သမ္မတ ရာ မာဖိုဆာက “ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အတွက်သာမက နိုင်ငံရဲ့သမိုင်းအတွက်ပါ ဒါက မကြုံစဖူးပါပဲ။ မမြင်ရတဲ့ ကိုရိုနာဗိုင်း ရပ်စ်ဆိုတဲ့ ရန်သူကို တိုက်ဖို့ ကျွန်တော်တို့ ၂၁ ရက်ကြာ ပိတ်ဆို့ ကန့်သတ် ထိန်းချုပ်ပါ မယ်” ဟု ပြောကြားခဲ့သည်။

ပိတ်ဆို့ထားသည့်ကာလအတွင်း ကာ ယလေ့ကျင့်ခန်းအပြေးဆောင်ရွက်မှု၊ ခွေး နှင့်လမ်းလျှောက်ထွက်မှု၊ အရက် ရောင်းချ မှုတို့ကို နိုင်ငံတစ်ဝန်း ပိတ်ပင်ထားမည်ဖြစ် သည်။ ပိတ်ဆို့တားဆီးမှု စည်းကမ်းကို ချိုး ဖောက်ပါက ထောင်ဒဏ် ခြောက်လ သို့မဟုတ် ဒဏ်ငွေ ကို ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။

ဝက်စတန်းကိတ်ပြည်နယ်တွင် ကိုုရိုနာ ဗိုင်းရပ်စ်ကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဇွဲလီအမ်ခင်ဇီက ပြော ကြားခဲ့ပြီး ကူးစက်ခံရသူ ၁၀၀၀ ကျော်ပြီ ဖြစ် ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ကူး စက်မှုသည် ယခင်တစ်ရက်ကထက် ၃၀ ရာ ခိုင်နှုန်းကျော် ခုန်တက်ခဲ့ခြင်း ဖြစ်ပြီး ရက်အ နည်းငယ်အတွင်း ကူးစက်မှု ၁,၅၀၀ ကျော် နိုင်ကြောင်း သမ္မတ ရာမာဖိုဆာက ခန့်မှန်း ထားသည်။

ဆင်းရဲသော တောင်အာဖရိက နိုင်ငံသား အများစုကြားတွင် စိုးရိမ်မှု အထူးမြင့်မားနေပြီး အိမ်တွင်းအကြမ်းဖက်မှုနှင့်မုဒိမ်းမှုများ မြင့်တက်လာမည်ကို စိုးရိမ်ကြောင်း အရပ်ဘက်လူမှုအဖွဲ့များက ထုတ်ဖော်ပြောကြားထားသည်။

အလုပ်လက်မဲ့ ၂၉ ရာခိုင်နှုန်းရှိနေ သော တောင်အာဖရိကတွင် စီးပွားရေးကျ ဆင်းမှုက ဆိုးရွားနေပြီးဖြစ်သည်။ ၁၉၉၄ ခု နှစ်တွင် လူဖြူလူမည်း ခွဲခြားမှု အပါသိုက် စနစ်နိဂုံးချုပ်ခဲ့သော်လည်း တောင်အာဖရိ ကသည်  ကမ္ဘာတွင် ဆင်းရဲ၊ ချမ်းသာ မညီမျှ မှု အဆိုးဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။

အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ၈၉ ဦး သေဆုံးထားပြီး ၃,၂၀၀ ကျော် ကူးစက်ခံထားရကြောင်း အ တည်ပြုထုတ်ပြန်ထားသည်။ကင်ညာ၊ ရဝမ်ဒါနှင့်မာလီတို့သည် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် တင်းကျပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြဋ္ဌာန်းထားသည်။

အာဖရိကတွင် ဖြစ်ပွားမှုသည် ဥရောပ၊ အမေရိကန်နှင့် အရှေ့အလယ်ပိုင်းထက် အများကြီး နည်းသော်လည်း ကမ္ဘာ့အဆင်းရဲဆုံး အာဖရိကတိုက်သည် ဗိုင်းရပ်စ် ကူး စက်မှုကို ထိခိုက်ခံနိုင်မှု မရှိကြောင်းနှင့် စာရင်းအင်းများသည် အစစ်အမှန်ထက် နည်းနေနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။             

 

 

 


READ NEXT
Cancel OK