ဗင်နီဇွဲလားသမ္မတ နီကိုးလတ်စ် မာဒူရို နှင့်လက်ထောက်များအား မူးယစ်အကြမ်း ဖက်မှုနှင့် အမေရိကန်က မတ် ၂၆ တွင် တ ရားစွဲဆိုခဲ့ပြီး မာဒူရိုအား ဖမ်းဆီးရန် သတင်း ပေးနိုင်သူကို ဒေါ်လာ ၁၅ သန်း ချီးမြှင့်မည် ဟု ဆုကြေးထုတ်ခဲ့သည်။
အမေရိကန်နိုင်ငံတွင်း ဆယ်စုနှစ်ခု ကျော်ကြာ မူးယစ်ဆေးများ တင်သွင်းခဲ့သည့် “The Cartel of the Suns“ ဟု ခေါ်သည့် ကိုကင်းမှောင်ခိုဂိုဏ်းကို မာဒူရိုက ဦးဆောင်ခဲ့ပြီး ဒေါ်လာ သန်းရာချီ၍ ဝင်ငွေ ရှာခဲ့သည် ဟု တရားရေးဌာနက စွပ်စွဲခဲ့သည်။
ထိုမူးယစ်မှောင်ခိုဂိုဏ်းသည် အမေရိကန်က အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် ကိုလံဘီယာလွတ်မြောက်ရေးတပ်ဦး(Revolutionary Armed Forces of Colom) နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်ကတည်းက ဗင်နီဇွဲလားသမ္မတ ဖြစ်လာခဲ့သော မာဒူရိုသည် အမေရိကန် လူ့အဖွဲ့အစည်းကို ထိခိုက်စေရန် အတွက် ကိုကင်းကို လက်နက်သဖွယ် အသုံးပြုခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက စွပ်စွဲခဲ့သည်။
“နှစ် ၂၀ ကျော်ခဲ့ပါပြီ။ မာဒူရိုနဲ့အဆင့်မြင့် အရာရှိ အပေါင်းအပါတွေဟာ FARC တွေနဲ့ပေါင်းပြီး ကိုကင်းတန်ပေါင်းများစွာကို အမေရိကန်ထဲသွင်းပြီး လူ့အသိုက်အမြုံကို ဖျက်ဆီးခဲ့ပါတယ်။ ဖြစ်ခဲ့တာတွေအတွက် အဲဒီအစိုးရကို ဆင့်ခေါ်ဖို့ အချိန်ကျပါပြီ။ မာဒူရိုအစိုးရဟာ ခြစားမှုတွေ၊ ရာဇဝတ်မှု တွေနဲ့ ပြည့်လျှမ်းနေပါတယ်” ဟု ရှေ့နေချုပ် ဘီဘားက ပြောကြားခဲ့သည်။
မှောင်ခိုကူးမှုနှင့်ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်သော ရာဇဝတ်မှုများအတွက် နယူးယောက်၊ ၀ါရှင်တန်၊ မိုင်ယာမီနှင့် အခြားနေရာများတွင် စွဲချက်တင်ခံရသော ဗင်နီဇွဲ လား ၁၆ ဦးတွင် မာဒူရိုနှင့်အစိုးရ အရာရှိ ဟောင်းများ၊ လက်ရှိအစိုးရ အရာရှိများ ပါ ဝင်ခဲ့သည်။
၀ါရှင်တန်က တရားစွဲဆိုထားသော အစိုးရ တာဝန်ရှိသူများ ခြံရံထားသည့် မာဒူရို က မတ် ၂၆ နှောင်းပိုင်းတွင် သမ္မတ နန်း တော်မှ ရုပ်သံမိန့်ခွန်း ပြောကြားခဲ့ပြီး စွပ်စွဲ ချက်များသည် အလိမ်အညာများ ဖြစ်သည် ဟု ပြောကြားခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်ကို ရင့်သီးစွာ ဆဲဆိုခဲ့သည်။
အမေရိကန်နှင့်ကိုလံဘီယာတို့က ၎င်းအား ရာထူးမှဖြုတ်ချရန် ပူးပေါင်းကြံစည် ခြင်းဖြစ်ကြောင်း မာဒူရိုက ပြောကြားခဲ့ သည်။ မာဒူရိုကို စွဲချက်တင်မှုသည် နိုင်ငံခြား ခေါင်းဆောင်တစ်ဦးအား ရှားရှား ပါးပါး ရာဇဝတ်မှုဆိုင်ရာစွပ်စွဲမှု ဖြစ်ခဲ့သည်။
အလိမ်အညာဟု အများက သတ်မှတ်ခဲ့သည့် ၂၀၁၈ ရွေးကောက်ပွဲပြီးနောက် အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွါအီဒိုက ကြားဖြတ် သမ္မတအဖြစ် ကိုယ့်ကိုယ်ကို ကြေညာ ထားပြီး အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံ ၅၀ ကျော်က အသိအမှတ်ပြု လက်ခံထား သည်။ မာဒူရိုသည် မူးယစ်မှောင်ခို ကူးမှု စွဲချက်အတွက် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက် ကျခံရမည်ဖြစ်ပြီး ၎င်းအား တရားသူကြီး ရှေ့မှောက်ခေါ်ရန် မည်သို့ ဆောင်ရွက်မည်ကို ရှင်းရှင်းလင်းလင်း မသိ ရပေ။
မာဒူရိုနှင့် အစိုးရထိပ်တန်း ခေါင်း ဆောင် များသည် ၁၉၉၉ ခုနှစ်မှစပြီး ကိုလံဘီယာ-ဗင်နီဇွဲလား နယ်စပ်တစ်လျှောက် မူး ယစ်မှောင်ခိုကူးမှုတွင် FARC အဖွဲ့ခွဲတစ်ခု နှင့်အတူ ပါဝင်ပတ်သက်ခဲ့ကြောင်း တရားရေးဌာနက စွပ်စွဲထားသည်။
မူးယစ်မှောင်ခိုသမားအဖြစ် ၀ါရှင်တန်က သတ်မှတ်ထားပြီး ဖြစ်သည့် ဒုသမ္မတ တာရစ်အိုက်ဆာမီကိုလည်း ယခုစွဲချက်များတွင် ထည့်သွင်းထားသည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး