မလေးရှားတွင် မတ် ၂၁ ၌ COVID-19 နှင့်ဆက်နွှယ်၍ စုစုပေါင်း သေဆုံးသူ ငါးဦး ရှိခဲ့ရာ နိုင်ငံထဲ၌ သေဆုံးသူ စုစုပေါင်း ရှစ်ဦးအထိ မြင့်တက်လာခဲ့သည်။ မြို့တော်ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော ဘာသာရေးအခမ်းအနားနှင့် ဆက်နွှယ်၍ အသက် ၆၉ နှစ်ရှိ မလေးရှားအမျိုးသားတစ်ဦးနှင့် ထိုအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုထားသူတစ်ဦးနှင့် အနီးကပ်ထိတွေ့ခဲ့သည့် အသက် ၅၇ နှစ်ရှိ မလေးရှားအမျိုးသား နောက်ထပ်တစ်ဦးသည်လည်း မတ် ၂၁ ည ၇ နာရီခန့်တွင် သေဆုံးခဲ့သည်။ မတ် ၂၁ အစောပိုင်းတွင် အသက် ၇၉ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သမီးဖြစ်သူ အသက် ၄၀ ရှိ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။ အသက် ၅၀ ရှိ နောက်ထပ် အမျိုးသားတစ်ဦးလည်း ယင်းနေ့တွင်ပင် သေဆုံးခဲ့သည်။ မတ် ၂၁ တွင် ကူးစက်မှုသစ် ၁၅၃ မှု ဖြစ်ပွားခဲ့ခြင်းကြောင့် စုစုပေါင်း ကူးစက်မှု ၁၁၈၃ မှုအထိ မြင့်တက်လာခဲ့သည်။
-
ဟဲဗီးဝိတ်တန်းလက်ဝှေ့သမား ဟာဆင်ရာမန်ဂျူနီယာနှင့် ဂျိတ်ပေါလ် ပြောင်းလဲထိုးသတ်မည်
-
ရုရှားနိုင်ငံ၌ မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးဘတ်စကက်ဘောသမား ဂရီနာ အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို
-
စင်ကာပူအိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ လက်ရည်စစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်
-
မိမိကို ယုံကြည်စွာဖြင့် တာဝန်ပေးခဲ့သည့် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့် ဘောလုံးအကြံပေး လူးဝစ်ကမ်ပို့စ်တို့ကို ကျေးဇူးတင်ကြောင်း နည်းပြ ဂယ်လ်ချီ ဆို
-
ဗာနာ၊ ဇီယာ့ရှ်နှင့် အိုဒွိုင်းတို့အတွက် ကမ်းလှမ်းမှုများကို ချယ်လ်ဆီးအသင်း လက်ခံမည်