Top News

ဒေါ်လာ တစ်ထရီလျံကျော် သုံးစွဲမည့် စီးပွားရေးကယ်တင်မှု အစီအစဉ် အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြုချက် ရရှိရန် နီးစပ်နေ
24htopnews | October 18, 2024 11:12 AM CST

COVID-19 ကပ်ရောဂါ၏ ထိုးနှက်မှုကို ခံနေရသော အမေရိကန်စီးပွားရေးကို ပြန်လည်ဆယ်ယူရန်အတွက် ခန့်မှန်းခြေ ဒေါ်လာတစ်ထရီလျံကျော် သုံးစွဲမည့် စီးပွားရေးကယ်တင်မှုအစီအစဉ်ကို ရီပက်ဘလီကင်နှင့် ဒီမိုကရက်အမတ်များက ထောက်ခံအတည်ပြုချက်ပေးရန်အလွန်နီးစပ်နေကြောင်း အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်က မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေချိန်အတွင်း ထိခိုက်နစ်နာခဲ့သည့် အမေရိကန်စီးပွားလုပ်ငန်းများနှင့် အလုပ်ထုတ်ခံခဲ့ရသည့် သန်းနှင့်ချီသော အလုပ်သမားများ ကို ရန်ပုံငွေအများအပြား ထောက်ပံ့ပေးလိမ့် မည်ဖြစ်သော အဆိုပါ စီးပွားရေးကယ်တင်မှု သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန်လွှတ်တော် အမတ်များအကြား အကြိတ် အနယ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

လူတိုင်းသည် ကြိုးစားပမ်းစား အလုပ် လုပ်နေကြပြီး ၎င်းတို့သည် စစ်မှန်သော ဖြေရှင်းချက်တစ်ရပ်ကို လိုလားနေကြကြောင်း၊ ဖြေရှင်းမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် အလွန်နီးစပ်နေပြီဟု မိမိအနေဖြင့် ထင်မြင် ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်ရက်အတွင်း အကြိတ်အနယ် လုပ်ဆောင်ခဲ့ကြတဲ့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေကနေ ဆုံးဖြတ်ချက်တစ်ခုရရှိလုနီး ဖြစ်နေပါပြီ။ အမေရိကန်နိုင်ငံသားတွေ လိုအပ်နေတဲ့ အထောက်အပံ့တွေကို လျင်လျင် မြန်မြန်ပေးပို့ဖို့အတွက် ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ် ” ဟု ရီ ပက်ဘလီကင်အထက်လွှတ်တော်အမတ် မက်ကော်နယ်က ဆိုသည်။

“အခြေအနေအမျိုးမျိုးကြောင့် သင်လုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်း ပိတ်လိုက်ရတယ်။ ဒါ့ကြောင့် သင် အလုပ်လုပ်လို့မရ တော့ဘူးဆိုရင် ဖက်ဒရယ်အစိုးရအဖွဲ့က သင့်ရဲ့လစာအပြည့်အဝကို သင့်ထံ ပေးအပ် သွားမှာဖြစ်ပါတယ်။ အလုပ်လက်မဲ့တွေအ တွက် အာမခံချက်ပေးတဲ့ ဒီအစီအစဉ်မှာ အလုပ်သမားအားလုံး အကျူံးဝင်ပါတယ်။ ထောက်ပံ့မယ့်ငွေပမာဏကို တစ်ထရီလျံနဲ့ လေးပုံသုံးပုံ ပမာဏခန့် သုံးစွဲမယ်လို့ ညှိနှိုင်း ဆွေးနွေးခဲ့ကြတဲ့အတွက် ဒေါ်လာနှစ်ထရီ လျံလောက်ထိ မြင့်တက်လာနိုင်ပါတယ် ” ဟု ဒီမိုကရတ် အထက်လွှတ်တော်အမတ် ချော့ရှုမာက ပြောကြားခဲ့သည်။

မက်ကော်နယ်၏ အဆိုတင်သွင်းချက်တွင် အရွယ်ရောက်ပြီးသူအများစုအတွက် ပြန်အန်းငွေအဖြစ် ဒေါ်လာ ၁,၂၀၀ အထိ တစ်ကြိမ် ထုတ်ယူခွင့်ပြုရန်အချက်နှင့် လေ ကြောင်းလိုင်းများမှသည် အသေးစားစီးပွား ရေးလုပ်ငန်းများအပါအဝင် အကျပ်အတည်း နှင့်ရင်ဆိုင်နေရသော စက်မှုလက်မှုလုပ်ငန်း များကို အာမခံချေးငွေ ဒေါ်လာဘီလျံရာနှင့် ချီ ထုတ်ပေးရန် အချက်တို့ ပါဝင်သည်။

အလုပ်အကိုင်များဆုံးရှုံးခဲ့သည့် အလုပ်သမားများထံ ထောက်ပံ့ကြေးများ တိုက်ရိုက် ပေးအပ်နိုင်ရန်အတွက်လည်း ဒီမိုကရက် လွှတ်တော်အမတ်များက ဖိအားပေးတောင်း ဆိုခဲ့ကြသည်။

စီးပွားရေးကယ်တင်မှုအစီအစဉ်သည် စုစုပေါင်း ဒေါ်လာ ၁.၄ ထရီလျံ သုံးစွဲရလိမ့် မည်ဖြစ်ပြီး ဖက်ဒရယ်အစိုးရအဖွဲ့ကြေညာထားသော ထောက်ပံ့ရေးစီမံချက်များနှင့် အထူးစီးပွားရေးကယ်တင်မှု စီမံချက်များ အားလုံးအတွက် ဒေါ်လာ နှစ်ထရီလျံ သို့မဟုတ် နိုင်ငံ၏နှစ်စဉ် အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းထိ သုံးစွဲရလိမ့်မည်ဟု အိမ်ဖြူတော်တာဝန်ရှိသူများက ဆို သည်။                                             

 


READ NEXT
Cancel OK