Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု အထိနာနေစဉ် တရုတ်သွင်းကုန်နှင့် ပို့ကုန်များ ကျဆင်း
24htopnews | October 16, 2024 11:12 AM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့် အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများကြောင့် ပြည်တွင်းနှင့် ပြည်ပ ဝယ်လိုအား ဖိစီးမှုများဖြစ်ပေါ်နေစဉ် တရုတ်၏ ပို့ကုန်နှင့် သွင်းကုန်များ မေလတွင် ကျဆင်းခဲ့သည်။

ပို့ကုန်များသည် ပြီးခဲ့သည့်လတွင် ၃.၃ ရာခိုင်နှုန်း (ဒေါ်လာ ၂၀၆.၈ ဘီလျံ)နှင့် သွင်းကုန်များသည် ၁၆.၇ ရာခိုင်နှုန်း (ဒေါ်လာ ၁၄၃.၉ ဘီလျံ) ကျဆင်းခဲ့သည်ဟု တရုတ်အကောက်ခွန်ဌာနက ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းသို့ တင်သွင်းမှုကျဆင်းမှုသည် တရုတ်နိုင်ငံ၏ ပို့ကုန်အသာစီး ဒေါ်လာ ၆၃.၉ ဘီလျံအထိ ရရှိစေခဲ့သည်။ အမေရိကန်နှင့် ပို့ကုန်အသာစီးရရှိမှုသည် ဒေါ်လာ ၂၇. ၇ ဘီလျံအထိ ရှိခဲ့သည်။

ပို့ကုန်လုပ်ငန်းသည် ဧပြီတွင် ၃.၅ ရာခိုင်နှုန်းအထိ အံ့အားသင့်ဖွယ် မြင့်တက်ခဲ့ပြီးနောက် မေလတွင် ကျဆင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုသည် စုစုပေါင်း ဒေါ်လာ ၃၇.၂ ဘီလျံရှိခဲ့ပြီး အမေရိကန်မှ သွင်းကုန်များတင်သွင်းခဲ့မှုသည် ဒေါ်လာ ၉.၃ ဘီလျံ ရှိခဲ့သည်။

ဗိုင်းရပ်စ်ထိန်းချုပ်ကန့်သတ်မှုများက ပြည်ပနိုင်ငံများ၏ စီးပွားရေးကို အထိနာစေမှုမဖြစ်မီ ရရှိထားသည့် အမှာစာများကြောင့် ဧပြီတွင် ပို့ကုန်တင်ပို့မှုများ မြင့်တက်ခဲ့သော်လည်း အမေရိကန်နှင့် ဥရောပ ဖောက်သည်များက အမှာစာများကို ပယ်ဖျက်နိုင်ခြေရှိသည်ဟု ပညာရှင်များက ခန့်မှန်းခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပျ့ံနှံ့မှုကို ထိန်းချုပ်မှုများကြောင့် ရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ စတင်လည်ပတ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သော်လည်း ဖောက်သည်များ၏ ဝယ်လိုအား လျော့ကျမှုနှင့် အဓိကပြည်ပစျေးကွက်များ စီးပွားရေးကျဆင်းမှုကို ကြုံတွေ့နေရသောကြောင့် သွင်းကုန်တင်သွင်းမှုသည် လေးနှစ်ကျော်အတွင်း တစ်ဟုန်ထိုးကျဆင်းမှု ဖြစ်ခဲ့သည်။

စွမ်းစွမ်းတမံထုတ်လုပ်ပေးသော ထုတ်လုပ်ရေးလုပ်ငန်းများမှ ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်လတွင် ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ Bloomberg စစ်တမ်းတစ်ခု၏ ပညာရှင်များကမူ ၆.၅ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်ခြေရှိသည်ဟု ခန့်မှန်းခဲ့သည်။

ဧပြီတွင် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်ပို့မှုကြောင့် ပို့ကုန်တင်ပို့မှုသည် ၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ပို့ကုန်တင်ပို့မှု ကြီးကြီးမားမားကျဆင်းမည့် အလားအလာအတွက် ပြင်ဆင်ထားရန် ပညာရှင်များက သတိပေးခဲ့သည်။

အကောက်ခွန်ဌာနက ဇွန် ၇ ရက်က ထုတ်ပြန်သည့် အချက်အလက်များတွင် ယခုနှစ်ပို့ကုန်တင်သွင်းမှုသည် ၁၆.၇ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ခြေရှိသည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

မေတွင် စက်ရုံလည်ပတ်မှုသည် ၅၀. ၆ မှတ်ရှိပြီး လတစ်လစီတွင် ကျဆင်းမှုအရ သီးသန့်တိုးတက်မှုသည် ၅၀ မှတ် အထက်ရှိနေသေးသည်ဟု တရုတ်ရှိ စက်ရုံများလည်ပတ်မှုကို အဓိက အကဲဖြတ်သည့် Purchasing Manager’s Index (PMI) ကိန်းညွှန်းတွင် ဖော်ပြခဲ့သည်။

 ထုတ်လုပ်မှုမဟုတ်သော PMI ကိန်းညွှန်းသည် မေတွင် ၅၃.၆ ရှိခဲ့ပြီး ယင်းလမတိုင်မီကထက် အနည်းငယ်မြင့်တက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် ပြန်လည်နာလန်ထူလာသည့် လက္ခဏာများ ပြသနေသည်။


READ NEXT
Cancel OK