Top News

ယနေ့မှစတင်၍ လျှပ်စစ်သုံးယာဥ်များ၏ အားသွင်းခများတိုးမြင့်
24htopnews | October 15, 2024 11:12 PM CST

လျှပ်စစ်သုံးယာဉ်များပြေးဆွဲ/အသုံးပြုရေးနှင့်အခြေခံအဆောက်အအုံများအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီမှ ယနေ့ အောက်တို ဘာ ၁၅ ရက်မှစတင်၍ လျှပ်စစ်သုံးယာဥ်များ၏ အားသွင်းခများကိုတိုးမြှင့်ကောက်ခံရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

လျှပ်စစ်သုံးယာဉ် ပြေးဆွဲ/အသုံးပြုရေးနှင့်အ ခြေခံအဆောက်အအုံများအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီနှင့် Charging Station တည်ဆောက်နေသော၊ EV Taxi ပြေးဆွဲနေသော ကုမ္ပဏီများပါဝင်သည့် လျှပ်စစ်သုံးယာဉ်အားသွင်းခနှုန်းထားများပြင်ဆင်သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ပြီးနောက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် EV Charging Station များတွင်အားသွင်းမည့် လျှပ်စစ်သုံးခရီးသည်တင်ယာဥ်နှင့်အငှားယာဥ်(Taxi)များမှာ အားသွင်းခအဖြစ် တစ်ယူနစ်လျှင်(၇၀၀)ကျပ်၊ ကိုယ်ပိုင်ယာဥ်များမှာ တစ်ယူနစ်လျှင်(၇၅၀)ကျပ်ကျသင့်မည်ဖြစ် ကြောင်း သိရသည်။

ထိုသို့ တိုးမြှင့်ကောက်ခံရခြင်းမှာ တိုးမြှင့်လာသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်အညီ လျှပ်စစ်သုံးယာဉ်အားသွင်းခများကိုလည်း သင့်လျော်သည့်နှုန်းထားဖြင့် ပြင်ဆင်တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK