Top News

သီတင်းကျွတ် အစိုးရ ရုံးပိတ်ရက်များတွင် စားအုန်းဆီ အိမ်တိုင်ရာရောက် ပို့ဆောင်မှုကို (၅) ရက် ယာယီရပ်နားမည်
24htopnews | October 15, 2024 10:12 PM CST

စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုကို ယခု သီတင်းကျွတ်ရုံးပိတ်ရက်များတွင် (၅)ရက်တာ ရပ်နားသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင် ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီထံမှ သိရသည်။

အောက်တိုဘာ (၁၆) ရက်မှ စတင်ကာ အောက်တိုဘာ (၂၀) ရက်အထိ စုစုပေါင်း (၅)ရက်အား အမှာစာများ လက်ခံခြင်းပြုမည်မဟုတ်ဘဲ ရပ်နားထားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုကို အခုအောက်တိုဘာလမှာ အိမ်ထောင်စု (၁) သိန်း (၈) သောင်း အထိ တိုးချဲ့ ဖြန့်ဖြူးရောင်းချရန် စီစဉ်ဆောင်ရွက်နေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီထံမှ သိထားရသည်။

စားအုန်းဆီများကို ဝယ်ယူရာတွင်လည်း သတ်မှတ်ထားသည့် Call Center များမှ အမှာ စာများ လက်ခံပေးနေပြီး ဈေးနှုန်းများသည် အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်သည့် ရည်ညွှန်းဈေးကို အခြေခံကာ ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး ပို့ဆောင်ခကို ဝယ်သူဘက်မှ ပေးချေရမှာ ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK