Top News

ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန်အတွက် ဖြေဆိုနေသည့် ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲ ယနေ့ကျင်းပပြီးစီး
24htopnews | October 15, 2024 4:12 PM CST

ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန်အတွက် ဖြေဆိုနေသည့် ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲ ယနေ့ (အောက်တိုဘာ ၁၅ ရက်)တွင် ကျင်းပပြီးစီးကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် ကုန်ထုတ်လုပ်ငန်း ပထမအသုတ်အတွက် စာမေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ပြီးစီးပြီး စာမေးပွဲတွင်ရရှိသည့် အမှတ်အနည်းအများပေါ်တန်းစီကာ အောင်မြင်သူများက နိုဝင်ဘာ ပထမပတ်ရက်သတ္တပတ်တွင် Skill Test ဖြေဆိုရမည်ဖြစ်ကြောင်း၊ အပြီးသတ်အောင်စာရင်းတွင်ပါဝင်သူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး အလုပ်လျှောက်လွှာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အလားတူကိုရီးယားဘာသာအရည်အချင်းစစ်ဆေးခြင်း ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ်စာမေးပွဲကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ အချိန်အတိအကျကိုမူ HRD-Korea က ပေးပို့လာပါက ထပ်မံကြေညာမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ကြေညာချက်အရ သိရသည်။

စာမေးပွဲဖြေဆိုရန်အတွက် Online စနစ်ဖြင့် လျှောက်လွှာတင်ခဲ့ကြောင်း၊ လျှောက်လွှာတင်သွင်းရာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား (PV/PJ)နှင့် သက်တမ်းကန့်သတ်ခြင်းမရှိဘဲ လျှောက်လွှာတင်သွင်းနိုင်ကာ စာမေးပွဲအောင်စာရင်းထွက်ပြီး အလုပ်လျှောက်လွှာတင်သွင်းရာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား Passport for job(PJ)ဖြင့်သာ လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း၊ အသက်ကန့်သတ်ချက်မှာ အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်းဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်သည် အလုပ်လုပ်ကိုင်လိုသူ၏ ကိုရီးယားဘာသာစကားကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် အတွေ့အကြုံများပါစစ်ဆေးခြင်းမည်ဖြစ်ပြီး အထူးသဖြင့် မျက်စိအရောင်ခွဲခြားနိုင်မှုမရှိခြင်းနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းချက် တစ်ခုခုရှိနေခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အခြေအနေမျိုးတို့သည် စာမေးပွဲအောင်မြင်ခွင့်ရရှိမည်မဟုတ်ကြောင်း ၊  ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် သတ္တမအကြိမ်မြောက် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်ဖြင့် ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲတွင် မြန်မာနိုင်ငံမှ လုပ်သားများအား ကိုရီးယားသမ္မတနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ခေါ်ယူမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအတွက် ကျား/မ မရွေး ဝင်ရောက် ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း ၊  ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမည့် အမျိုးသမီးများ သည် ပညာအရည်အချင်းအနည်းဆုံး အခြေခံပညာအထက်တန်း အောင်မြင်ရမည်ဖြစ်ပြီး (online ဖြင့်လျှောက်ထားရာတွင် အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းလက်မှတ်တင်ပြရမည်)ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအမျိုးအစားများမှာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်ပြီး ကိုရီးယားဘာသာ အရည်အချင်းစစ်ဆေးခြင်း(EPS-TOPIK)နှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း(Skills Test)တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK