ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးသမား ခုနစ်ဦးသည် ယခုနှစ် အစောပိုင်းက လွှတ်တော်အတွင်း ဆန္ဒပြမှု နှင့် လုံးထွေးသတ်ပုတ်မှုတို့ဖြင့် နိုဝင်ဘာ ၁ ရက်က ဖမ်းဆီးခံခဲ့ရပြီး ယင်းဖမ်းဆီးခံရမှု သည် ဟောင်ကောင်၌ တရုတ်အစိုးရ၏ ပြိုင် ဘက်များကို ပစ်မှတ်ထားသည့် နောက်ဆုံး တရားစွဲဆိုမှုဖြစ်လာခဲ့သည်။
ဖမ်းဆီးခံရသည့် နိုင်ငံရေးသမားခုနစ်ဦးအနက် လေးဦးမှာ လက်ရှိတာဝန်ထမ်း ဆောင်နေသည့် လွှတ်တော်အမတ်များဖြစ် ပြီး ၎င်းတို့အားလုံးသည် ယခုနှစ် မေလက ဥပဒေပြုကောင်စီအဖွဲ့ဝင်များကို မထီမဲ့မြင် ပြုမှု၊ နှောက်ယှက်မှု စွဲချက်များဖြင့် ဖမ်းဆီးခံ ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဥပဒေပြုကောင်စီသည် ဟောင် ကောင်၏ ဥပဒေများကို အတည်ပြုထုတ်ပြန် သည့်ကောင်စီဖြစ်သော်လည်း ယင်းအဖွဲ့ဝင် ထက်ဝက်ခန့်သည် တိုက်ရိုက်ရွေးကောက်ခံ ခဲ့ရပြီး ရှုပ်ထွေးသည့် ရာထူးခန့်အပ်ရေး စနစ်သည် တရုတ်အစိုးရလိုလားသည့် အဖွဲ့ အစည်းတစ်ခုအဖြစ် သေချာစေခဲ့သည်။
ထို့ကြောင့် ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ်များသည် တရုတ်ပြည်မ ကြီး လိုလားသည့် လွှတ်တော်အမတ်များ တင်သွင်းသည့် ဥပဒေမူကြမ်းများကို ဆန့် ကျင်ကန့်ကွက်သည့်အနေနှင့် ဆူပူအော် ဟစ်မှုများ၊ တားဆီးပိတ်ဆို့မှုများအပြင် လွှတ်တော်ခန်းမအတွင်း ဆန္ဒပြမှုများနှင့် လုံးထွေးသတ်ပုတ်မှုများ မကြာခဏ ပြုလုပ် ခဲ့ကြသည်။
မေလ ၈ ရက်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်သည် ဥပဒေမူကြမ်းများကို အတည်ပြု ဆုံး ဖြတ်ပေးရသည့် လွှတ်တော်ကော်မတီတစ် ခု၏ စကားစစ်ထိုးပွဲမှ စတင်ပြီး ထိပ်တိုက် ရင်ဆိုင်တွေ့မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အတိုက်အခံများက ကော်မတီခေါင်းဆောင်ရာထူးနေရာ ခန့်အပ်မှုကို လပေါင်းများစွာကြာ အချိန်ဆွဲ၍ တားဆီးခဲ့ကြသည်။ တရုတ်အစိုးရလိုလားသည့် အမတ်များက လည်း ၎င်းင်းတို့၏ နိုင်ငံရေးသမားတစ်ဦးကို ကော်မတီဥက္ကဌ ရာထူးခန့်အပ်ရန် အတင်းအကျပ် လုပ်ဆောင်ခဲ့ကြသည်။
ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် နှစ်ဖက်လုံးမှ လွှတ်တော်အမတ်များသည် လွှတ်တော်ခန်းမအတွင်း ဒေါသတကြီး အ ပြန်အလှန် အော်ဟစ်မှုများနှင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများ နှင့် လုံးထွေးသတ်ပုတ်မှုများ ဖြစ်ပွားခဲ့သည်။
လုံခြုံရေးအစောင့်များနှင့် တရုတ်အ စိုးရလိုလားသည့် လွှတ်တော်အမတ်များက ဒီမိုကရေစီလိုလားသည့် လွှတ်တော်အမတ် များကို ခန်းမအတွင်းမှ တရွတ်တိုက်ဆွဲထုတ် ခဲ့ပြီး ကော်မတီဥက္ကဌရာထူးခန့်အပ်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
ယင်းကဲ့သို့ လွှတ်တော်အတွင်း လုံး ထွေးသတ်ပုတ်မှုများဖြစ်နေသည့် ဖြစ်စဉ်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုမှတ်တမ်း တစ်ခုတွင် တရုတ်အစိုးရလိုလားသည့် အ မတ်တစ်ဦးက အတိုက်အခံတစ်ဦးကို ၎င်းင်း ၏ ရှပ်အကျႌကော်လာမှ ကိုင်ပြီး တရွတ် တိုက် ဆွဲထုတ်နေသည်ကို တွေ့မြင်ရပြီး ယင်းမြင်ကွင်းသည် လူမှုကွန်ရက်များပေါ် တွင် ပျံ့နှံ့ကာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ဟောင်ကောင်မြို့ခံများသည် ၎င်းတို့ ၏ ခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များကို ရွေးကောက်တင်မြှောက်ခွင့် မရရှိခြင်းသည် တရုတ်အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြမှုများ စတင်ပေါက်ဖွားရာ အဓိက အကြောင်းရင်း ဖြစ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများဖြစ် ပွားခဲ့ပြီး လူပေါင်း ၁၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
-
အမေရိကန်တစ်ဒေါ်လာ ကျပ်သုံးထောင်ကျော်၊ ထိုင်း ၁၀၀၁ ဘတ် ကျပ်တစ်သိန်းဝန်းကျင် ဖြစ်လာတဲ့ မြန်မာငွေစျေးကျဆင်းမှု ဂယက်
-
ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများနှင့် မြန်မာနိုင်ငံအခြေအနေ
-
ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့် စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ
-
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာ
-
မုတ်သုံရေကြီးမှုများကြားက ပါကစ္စတန်၏ ဒုက္ခ