Top News

ထားဝယ်မြို့တွင် ဆီတင်သင်္ဘောမီးလောင်မှုအား ၁ နာရီခွဲကျော်ကြာငြှိမ်းသတ်ပြီးနောက် မီးထိန်းနိုင်ခဲ့
24htopnews | October 14, 2024 9:12 PM CST

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယနေ့ အောက်တိုဘာ ၁၄ ရက်ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ဆီတင်သင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ဆီတင်သင်္ဘောတစ်စီးမီးလောင်နေသဖြင့် ထားဝယ်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ငြိမ်းသတ်လျက်ရှိရာ ည ၆ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့လည် ၁ နာရီ ၂၅ မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝန်ဆိပ် ကမ်းတွင် သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့မှုကြောင့် နေ့လည် ၃ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ကုန်းဘောင်လမ်း တွင် နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်က မြေတူးစက် (Backhoe)တစ်စီးမီးလောင်ခဲ့၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နေ့လည် ၁ နာရီ ၃၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK