Top News

တာချီလိတ်မြို့တွင် ငွေကျပ်သိန်း (၄၀၀၀) တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို (၅၀) ဖမ်းဆီးရမိ
24htopnews | October 14, 2024 8:12 PM CST

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့တွင် အမျိုးသား တစ်ဦးမှ အိမ်စီးကားဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိ န်း (၄,၀၀၀) တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို (၅၀) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ယမန်နေ့ အောက်တိုဘာ (၁၃) ရက်၊ ညနေ (၄)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အားဂျို မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၅၀ ကီလို၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၄၀၀၀) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အားဂျို(၃၃)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


READ NEXT
Cancel OK