Top News

နိုင်ငံတကာရက်သတ္တပတ်အလွန်တွင် ပရီးမီးယားလိဂ်ပွဲကျပ်ကာလကို ချယ်လ်ဆီးအသင်း ရင်ဆိုင်ရမည်
24htopnews | October 14, 2024 6:12 PM CST

ချယ်လ်ဆီးအသင်းသည် ယခုတစ်ပတ် နိုင်ငံတကာရက်သတ္တပတ်အလွန်တွင် ပရီးမီးယားလိဂ်ပွဲကျပ်ကာလကို ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိနေသည့်အတွက် ပွဲစဉ်(၇)အပြီး၌ အမှတ်ပေးဇယား စတုတ္ထနေရာတွင် ရပ်တည်နေသည်။

ထို့ကြောင့် နည်းပြ မာရက်စကာအနေဖြင့်လည်း စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့သည်။

သို့သော် ချယ်လ်ဆီးအသင်းအနေဖြင့် ရာသီအဖွင့်ပွဲတွင် မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ထိပ်သီးအသင်းများနှင့် ရင်ဆိုင်ရခြင်းမရှိသည့်အတွက် ရလဒ်ကောင်းခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။

နိုင်ငံတကာရက်သတ္တပတ်အလွန်တွင်မူ ချယ်လ်ဆီးအသင်းသည် လီဗာပူးလ်(အဝေးကွင်း)၊ နယူးကာဆယ်(အိမ်ကွင်း)၊ မန်ယူ(အဝေးကွင်း)၊ အာဆင်နယ်(အိမ်ကွင်း)စသဖြင့် ထိပ်သီးပြိုင်ဘက်များနှင့် ဆက်တိုက်ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းနှင့် နည်းပြ မာရက်စကာတို့အတွက် အမှန်တကယ်စမ်းသပ်မှုမှာ ယခုမှစတင်မည်ဟုလည်း ပရိသတ်အချို့က သုံးသပ်ခဲ့ကြသည်။


READ NEXT
Cancel OK