စမ်းချောင်း ပန်းခြံလမ်းတွင် မီးလောင်မှုဖြစ်ပွား
24htopnews | October 14, 2024 1:14 PM CST
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မြေနီကုန်းတောင်ရပ်ကွက်၊ ပန်းခြံလမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင် ယနေ့ အောက်တိုဘာ (၁၄)ရက်၊ နံနက် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ သိရသည်။
အဆိုပါ ပန်းခြံလမ်းရှိ လူနေတိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးအပြင် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ မီးသတ်အထောက်အကူပြုယာဉ်တို့ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၂)နာရီ၊ (၃ ၂)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်သွားမည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
တိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုအသစ်တစ်ခု တရုတ်စတင်ပြုလုပ်
-
အမေရိက,က ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် တပ်ဖွဲ့ဝင်များကို အစ္စရေးဖြန့်ကျက်
-
နယ်စပ်အနီးရှိအမြောက်တပ်များကိုအသင့်ပြင်ထားရန် ပြုံးယမ်းညွှန်ကြား
-
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး သုံးပတ်ဆက်တိုက်ကျဆင်းလာ
-
ကလောမြို့တွင် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံအ ချို့ကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဓာတ်အားဖြန့်ဖြူးပေးထားနိုင်ပြီဖြစ်