အိန္ဒိယနိုင်ငံတွင် ယခုနှစ်အစောပိုင်းက COVID-19 ကူးစက်မှု ဒုတိယလှိုင်းအတွင်း နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ယိုယွင်းခဲ့ပြီးချိန်ကတည်းက ကပ်ရောဂါ၏စေ့ဆော်မှုဖြင့် တုပ်ကွေးကာကွယ်ဆေးထိုးနှံသူဦးရေ မြင့်တက်လာသည်ဟု သိရသည်။
အိန္ဒိယတွင် တုပ်ကွေးကာကွယ်ဆေးနှင့်ပတ်သက်၍ အသိပညာပေးမှုမရှိခြင်း၊ စျေးနှုန်းမြင့်မားခြင်းတို့ကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးနှံလေ့မရှိကြဘဲ ယင်းကဲ့သို့တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုသည် ဖက်ဒရယ် အစိုးရ၏ ပိုလီယို၊ တီဘီနှင့် အသည်းရောင် အသားဘီတို့အပါအဝင် နိုင်ငံတစ်ဝန်းကာ ကွယ်ဆေးထိုးနှံမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း ပါဝင်ခြင်းမရှိခဲ့ပေ။
နိုင်ငံတောင်ပိုင်း ဘန်ဂလောမြို့ရှိ မနီပေါဆေးရုံတွင် ဇူလိုင်နှင့် စက်တင်ဘာအတွင်း တုပ်ကွေးကာကွယ်ဆေးအလုံးရေ ၁,၀၀၀ ကျော် ထိုးနှံပေးခဲ့ရပြီး လွန်ခဲ့သည့်နှစ်တစ်နှစ်လုံး၌ တုပ်ကွေးကာကွယ်ဆေးထိုးနှံသူ ၃,၀၀၀ ခန့်သာ ရှိသောကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးနှံသူ မြင့်တက်လာခဲ့သည်ဟု ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“အစောပိုင်းတုန်းက သင့်အနေနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးထားမယ်ဆိုရင် COVID-19 ရောဂါကို ဆိုးဆိုးရွားရွား မခံစားရတော့ဘူးလို့ လူတွေက တွေးထင်ခဲ့ကြပါတယ်” ဟု နယူးဒေလီမြို့တော်ရှိ Max Super Specialty ဆေးရုံ၏ ညွှန်ကြားရေးမှူး ဒေါက်တာရမ်ရှန်ကာမစ်ရှာက ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုနှုန်း အရှိန်မြင့်လာသည့်တိုင် တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုနှုန်းလည်း မြင့်တက်လာသည်ဟု ဆိုသည်။
Apollo ဆေးရုံများနှင့် Fortis ကျန်းမာရေး စောင့်ရှောက်မှုကလည်း Abbott India က တင်သွင်းသည့် Influvac တုပ်ကွေးကာကွယ်ဆေးအပါအဝင် တုပ်ကွေးကာကွယ်ဆေး လာရောက်ထိုးနှံသူ ပိုမိုမြင့်တက်လာ သည်ကို အထင်အရှား မြင်တွေ့နေရကြောင်း ပုဂ္ဂလိကဆေးရုံလုပ်ငန်းစုများက ရိုက်တာသသတင်းကို ပြောကြားခဲ့သည်။
တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံမှုများ ပိုမိုများပြားလာခြင်းကြောင့် ၎င်း၏တုပ်ကွေးကာကွယ်ဆေး ရောင်းချမှုမှာ မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ၄၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု Abbott India က ၎င်း၏နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အသက် ၄၀ အရွယ် ဒေလီမြို့ခံတစ်ဦးဖြစ်သည့် ဒီပက်ကာပူးက ၎င်း၏အသက် ၁ဝနှစ်နဲ့ ရှစ်နှစ်အရွယ် ကလေးနှစ်ဦးကို တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
သို့သော် တုပ်ကွေးကာကွယ်ဆေးစျေးနှုန်းမှာ ရူပီး ၁၅၀၀ မှ ၂၀၀၀ ကြား (ဒေါ်လာ ၂၀ မှ ၂၇) ကြားရှိပြီး ယင်း တန်ဖိုးနှုန်းထားမှာ အိန္ဒိယနိုင်ငံသားများအတွက် လက်လှမ်းမမီသည့် စျေးနှုန်းဖြစ်နေသည်။၂၀၂၀ ခုနှစ်အတွင်း နိုင်ငံ၏တစ်ဦးချင်းဝင်ငွေမှာ ဒေါ်လာ ၁၉၀၀ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အချက်အလက်တွင် ဖော်ပြထားသည်။
ကပ်ရောဂါကူးစက်မှုအခြေအနေ မြင့်တက်ခြင်းသည် တုပ်ကွေးကာကွယ်ဆေး လိုအပ်နေမှုများကို ဆက်လက်မြင့်တက်နေစေလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား