Top News

ဘရန်ဒန်ရော်ဂျာအား နည်းပြအဖြစ် လက်စတာအသင်း ခန့်အပ် 
24htopnews | October 13, 2024 3:12 AM CST

လက်စတာအသင်းသည် ဆဲလ်တစ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာအား (၃) နှစ်ခွဲစာချုပ်ဖြင့် အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

လက်စတာအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းအား အိမ်ကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်းနည်းပြ ဖျူရယ်လ်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး လီဗာပူးလ်အသင်းအား ကိုင်တွယ်ခဲ့ဖူးသည့် ဘရန်ဒန်ရော်ဂျာကို နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အသက် (၄၆) နှစ်အရွယ်ရှိ မြောက်အိုင်ယာလန်လူမျိုးနည်းပြ ဘရန်ဒန်ရော်ဂျာက လက်စတာအသင်းအတွက် အစွမ်းကုန်ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရန်ဒန်ရော်ဂျာက "လက်စတာအသင်းကို ကိုင်တွယ်နည်းပြခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ အသင်းနဲ့ အသင်းပရိသတ်တွေ ဂုဏ်ယူရအောင် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော့်အနေနဲ့ လက်စတာအသင်းကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အကောင်းဆုံးလက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဘရန်ဒန်ရော်ဂျာသည် နည်းပြဘဝကို ချယ်လ်ဆီးလူငယ်အသင်းနှင့် ၂၀၀၄ ခုနှစ်က စတင်ခဲ့ပြီး ဝက်ဖို့ဒ်၊ ရက်ဒင်း၊ ဆွမ်ဆီး၊ လီဗာပူးလ်နှင့် ဆဲလ်တစ်အသင်းတို့ကို ကိုင်တွယ်ခဲ့သူဖြစ်သည်။ 

ဘရန်ဒန်ရော်ဂျာသည်  ဆွမ်ဆီးအသင်းကို ၂၀၁၀-၁၁ ရာသီက လိဂ်ချန်ပီယံရှစ် Play-offs တွင် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး စကော့တလန်ကလပ် ဆဲလ်တစ်အသင်းကို (၂) ရာသီကျော်အတွင်း ဆုဖလားပေါင်း (၇) လုံးအထိ ရယူပေးနိုင်ခဲ့သူဖြစ်သည်။

■ ဘရန်ဒန်ရော်ဂျာ ကိုင်တွင်ခဲ့သည့်အသင်းများ

၂၀၀၄-၂၀၀၈    ချယ်လ်ဆီး (လူငယ်အသင်း)

၂၀၀၈-၂၀၀၉    ဝက်ဖို့ဒ်

၂၀၀၉        ရက်ဒင်း

၂၀၁၀-၂၀၁၂    ဆွမ်ဆီး

၂၀၁၂-၂၀၁၅    လီဗာပူးလ်

၂၀၁၆-၂၀၁၉    ဆဲလ်တစ်

၂၀၁၉-        လက်စတာ


READ NEXT
Cancel OK