Top News

နီပေါတပ်မတော်မှ ဦးစီးကျင်းပသည့် “PHULPATI PARADE” အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်
24htopnews | October 12, 2024 11:12 PM CST

နီပေါတပ်မတော်မှ ဦးစီးကျင်းပပြုလုပ်သည့် “PHULPATI PARADE” အခမ်းအနားသို့ နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအခမ်းအနားကို နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Army Pavilion ၌ အောက်တိုဘာ (၁၀)ရက်က ကျင်းပပြုလုပ်ခဲ့ပြီး နီပေါနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နီပေါနိုင်ငံ တပ်မတော်၏ အကြီးအကဲဖြစ်သည့် နီပေါ သမ္မတ ရမ်ချန်ဒရာပေါ်ဒဲလ် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသည် (၁၀)ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိသည့် ဒါဆိုင်းပွဲတော်၏ (၇)ရက်နေ့မြောက် အထိမ်းအမှတ်အဖြစ် နီပေါတပ်မတော်က ဦးစီးကာ ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။

၎င်းအခမ်းအနားသို့ နီပေါနိုင်ငံ ဒုတိယသမ္မတ Ramsahaya Prasad Yadav ၊ ဝန်ကြီးချုပ် KP Sharma Oli၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် နီပေါနိုင်ငံ အခြေစိုက် သံရုံးများမှ သံတမန် အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK