Top News

■ လူညံ့တစ်ယောက်နေရာ ဘယ်သူအစား ဝင်မလဲ
24htopnews | October 12, 2024 12:12 PM CST

တန်ဟက်ဂ်ကို မန်ယူပရိသတ်တွေ မမြင်ချင်တော့ဘူး။ မြန်မြန်ထုတ်ပါတော့ဆိုပြီး တောင်းဆိုနေကြပြီ။ တန်ဟက်ဂ်က လူညံ့တစ်ယောက်ပါ။ မန်ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်အဆင့် (၃) နဲ့ လိဂ်ဖလားယူပေးနိုင်လို့ တန်ဟက်ဂ် အောင်မှတ်ရခဲ့တယ်။ ဒါပေမဲ့ ဒုတိယရာသီမှာ တန်ဟက်ဂ် မတိုးတက်လာဘူး၊ ဂုဏ်ထူးမှတ်မရတဲ့အပြင် အောင်မှတ်ရအောင် မနည်းရုန်းကန်ခဲ့ရပါတယ်။ FA ဖလားကို ကံကောင်းပြီး ဆွတ်ခူးနိုင်ပေမဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့် (၈) သာရခဲ့ တယ်။ ပြီးခဲ့တဲ့ရာသီကုန်ဆုံးချိန်ကတည်းက တန်ဟက်ဂ်ကို မန်ယူနိုက်တက်ပရိသတ်အများစု မလိုချင်တော့ဘူး။


READ NEXT
Cancel OK