Top News

ရာဖေးလ်နာဒယ်လ် တင်းနစ်ကစားသမားဘဝမှအနားယူ
24htopnews | October 11, 2024 1:12 PM CST

မက်ဒရစ်၊အောက်တိုဘာ ၁၀

ဂရင်းစလမ်းချန်ပီယံ ဆုကို ၂၂ ကြိမ်ရထားသူ စပိန်နိုင်ငံသား တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်သည် နိုဝင်ဘာလ၌ကျင်းပမည့် Davis Cup ဗိုလ်လုပွဲအပြီးတွင် အားကစားလောကမှ အနားယူတော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့ကကြေငြာခဲ့သည်။

“ဒီဆုံးဖြတ်ကိုချဖို့ အချိန် နည်းနည်းယူပြီးစဉ်းစားခဲ့ရပါတယ်၊ကျွန်တော့်အတွက်တော့ အင်မတန်ဆုံးဖြတ်ရခက်ခဲတဲ့အရာပါ၊ဒါပေမဲ့ ဒီလောကကြီးမှာ ဘယ်ဟာမဆို အစရှိရင်အဆုံးလဲရှိတာပဲ‌လေ” ဟုလည်း အသက် ၃၈ နှစ်အရွယ်ရှိ ၎င်းကဆိုသည်။

နာဒယ်လ်သည် France Open ပြိုင်ပွဲတွင် စံချိန်တင်အနေဖြင့် ဆုဖလား ၁၄ ခုအထိရရှိထားပြီး US Open ပြိုင်ပွဲတွင် ဆုဖလား ၄ ခုနှင့် ဩစတြေးလျတွင် ဆုဖလား ၂ ခုတို့ အသီးသီးရရှိထားပြီး Wimbledon တွင်လည်း နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိထားသူတစ်ဦးဖြစ်သည်။

နာဒယ်လ်သည် ရော်ဂျာဖက်ဒါရာနှင့် နိုဗက်ဂျိုကိုဗစ်တို့နှင့် စင်ပြိုင်တက်လာခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းတို့သုံးဦးကို အမျိုးသားတင်းနစ်လောကတွင် Big Three ဟုလူသိများကာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

Source : ရှင်းဟွာ


READ NEXT
Cancel OK