Top News

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်စဉ်များ
24htopnews | October 11, 2024 1:12 AM CST

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ တပ်မတော်က နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ရယူခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း တွင် တပ်မတော်နှင့် ပတ်သက်ဆက် နွှယ်သူအချို့ကို ဒလန်၊ သတင်းပေး ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်မှု ဖြစ် စဉ်များ ရှိခဲ့သည်။

ထိုသို့ပစ်ခတ်သတ်ဖြတ်ခံရမှု ဖြစ်စဉ်များတွင် အနည်းငယ်လူသိ များသည့်ပုဂ္ဂိုလ်များလည်း ပါဝင် သည်ကို တွေ့ရှိရသည်။

ယင်းဖြစ်စဉ်များအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ၏ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်မှာ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် ညနေပိုင်းတွင် ဗိုလ်တထောင် ဘုရားစျေး၌ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။

ဦးနေမျိုးအောင်သည် ယခင် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ ၌ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက် ပွဲတွင် ရှုံးနိမ့်ကာ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြန်လည်အနိုင် ရရှိခဲ့သူဖြစ်သည်။

သို့သော်လည်း ၎င်းသည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ကာလတွင် ၎င်း၏ မဲဆန္ဒနယ်မြေ အတွင်း ငွေချေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် တိုင်ကြားခံရပြီးနောက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံခဲ့ရပြီး NLD ပါတီ လွှတ် တော်ကိုယ်စားလှယ်လောင်းကို ရွေး ကောက်ပွဲကော်မရှင်က အနိုင်ပေးခဲ့ သည်။

ထို့ပြင် သြဂုတ် ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အုတ်ကျင်းဘူတာရုံလမ်းရှိ ကုန်စုံ ဆိုင်သို့  PPE ဝတ်စုံဝတ်ဆင်ထား သည့် အမျိုးသားနှစ်ဦးက ရောက်ရှိ လာပြီး ဆိုင်ပိုင်ရှင်ဦးစန်းလင်းနှင့် ဇနီးဖြစ်သူတို့အား သေနတ်ဖြင့် ပစ် ခတ်ခဲ့ပြီး ဦးစန်းလင်းမှာ ဆေးရုံသို့ ကုသမှုပေးစဉ် သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းကလည်း မရမ်းကုန်းမြို့ နယ် (၇) ရပ်ကွက် တေးနုယဉ်လမ်းနေ Mytel ကုမ္ပဏီရုံးချုပ်မှ GM ဦးသိန်းအောင်သည် ဇနီးဖြစ်သူနှင့် အတူ အိမ်ရာဝင်းအတွင်း လမ်း လျှောက်နေစဉ် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ရာ ဦးသိန်းအောင်မှာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ မှာ ဒဏ်ရာရရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြောင်မြို့နယ် မြို့စိုး (တောင်) ကျေး ရွာနေ ကျေးရွာအုပ်စုစာရေးဖြစ်သူ ဒေါ်အေးအေးပြုံး၊ ၎င်း၏ ခင်ပွန်းဖြစ်သူ အလယ်တန်းကျောင်းခွဲ ကျောင်း အုပ်နှင့် သမီးဖြစ်သူ မူလတန်းပြ ဆရာမတို့ကို ဒီဇင်ဘာ ၆ ရက်တွင် နေအိမ်၌ ဓားဖြင့် ခုတ်သတ်ခံခဲ့ရ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက် အရ အဆိုပါ မိသားစုသုံးဦးသည် CDM ပြုလုပ်ခြင်းမရှိသဖြင့် ဒလန် ဟုစွပ်စွဲကာ လူ ၃၀ ခန့်က ဒီဇင်ဘာ ၆ ရက် နံနက် ၄ နာရီခန့်တွင် ဓားဖြင့် လာရောက် ခုတ်သတ်ခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကျားကျေးရွာ$ ဦးမြင့် (၆၇ နှစ်) အပါအဝင် ကျေးရွာသား ရှစ်ဦးတို့ကို မျက်နှာဖုံးတပ်ဆင်ထား သော လူ ၃၀ ခန့်က တုတ်၊ ဓားများ ဖြင့် ရိုက်နှက်ထိုးခုတ်သတ်ဖြတ်ခဲ့ ကြသည်။

အသတ်ခံရသူ ရှစ်ဦးသည် ၎င်းတို့၏ နေအိမ်များ၌ရှိနေစဉ် မျက်နှာဖုံးတပ်ဆင်ထားသော လူ ၃၀ ခန့် ရောက်ရှိလာပြီး ၎င်းတို့ကို  လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးသွားခဲ့ပြီး ကျေးရွာအရှေ့ဘက် တဲစုအနီး တွင် သူလျှို၊ ဒလန်ဟုစွပ်စွဲကာ တုတ်၊ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၅ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည် မြို့နယ် ဒေါင့်ကြီးကျေးရွာတွင် လက် နက်ကိုင်ဆောင်ထားသော လူတစ်စု က ဦးကျော်စိုးအပါအဝင် မိသားစု ဝင် သုံးဦးနှင့် ဒေါ်ဂျမ်း၊ ဒေါ်ဆွေမြင့် တို့ကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

၎င်းတို့ငါးဦးကို လက်နက်များ ကိုင်ဆောင်ထားသော လူတစ်စုက သတင်းပေး၊ ဒလန်ဟုစွပ်စွဲကာ သတ် ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အတူ တန့်ဆည်မြို့နယ်$ပင် ဒီဇင်ဘာ ၁၇ ရက် နံနက် ၂ နာရီခွဲခန့် က သာကေတကျေးရွာအတွင်းသို့ လူတစ်စုက သေနတ်များဖြင့် ဝင် ရောက်ပစ်ခတ်သဖြင့် လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒေါ် ခင်ဌေးနှင့် ၎င်းင်း၏ မိသားစုဝင်များ ဖြစ်သည့် သမီးဖြစ်သူ ဒေါ်မိ<ကယ်၊  သမက်ဖြစ်သူ ဦးဖိုးဇော်၊ မြေးဖြစ် သူ ခိုင်ထူး၊ မခိုင်နွယ်ထွန်းနှင့် မောင် အာဇာနည် (၁၀ နှစ်၊ ကိုရင်ဝတ်)  တို့မှာ သေနတ်ဒဏ်ရာ၊ မီးလောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ထို့ပြင် ကိုမိုးဝင်းနှင့် ၎င်းင်း၏ မိ သားစုဝင်များဖြစ်ကြသည့် မိခင်ဖြစ် သူ ဒေါ်ညိုသေး၊ ဇနီးဖြစ်သူ မစန္ဒာ၊ သားဖြစ်သူ မောင်မိုးဇက်တို့လည်း သေနတ်ထိမှန်ဒဏ်ရာ၊ မီးလောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ဒီဇင် ဘာ ၂၀ ရက်အထိ ရဟန်းသံဃာ တော် ၁၇ ပါးသည် အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် ပျံလွန်တော် မူခဲ့သည်ဟု နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၏ ဒီဇင်ဘာ ၂၀ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ လုပ်ကြံသတ်ဖြတ်ခံရ သည့် ရဟန်းသံဃာများမှာ မိုးမောက်၊ မိုးညှင်း၊ မင်းတပ်၊ ကနီ၊ ပုလဲ၊ မင်း ကင်း၊ ကောလင်း၊ ကလေး၊ မုံရွာ၊ ဝမ်းတွင်း စသည့်မြို့နယ်များမှ ဖြစ် ကြသည်။

အဆိုပါ ရဟန်းသံဃာတော် များသည် အကြောင်းမဲ့ ပစ်ခတ်သတ် ဖြတ်ခံရခြင်း၊ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံ ရခြင်း၊ ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရ ခြင်း စသည့်နည်းများဖြင့် သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ် ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦးရှိပြီး ၁၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက သတင်းထုတ်ပြန်သည်။

လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူ ၁၉၈ ဦးမှာ နေ ပြည်တော်တွင် တစ်ဦး၊ ကချင်ပြည် နယ်တွင် ငါးဦး၊ ကရင်ပြည်နယ်တွင် ရှစ်ဦး၊ ချင်းပြည်နယ်တွင် တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုးဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၂ ဦး၊ မ ကွေးတိုင်းဒေသကြီးတွင် ၁၇ ဦး၊ မန္တ လေးတိုင်းဒေသကြီးတွင် ၄၄ ဦး၊ မွန် ပြည်နယ်တွင် ၁၂ ဦး၊ ရခိုင်ပြည်နယ် တွင် တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၃၀၊ ရှမ်းပြည်နယ်တွင် တစ်ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နှစ် ဦးတို့ဖြစ်ကြောင်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူ ၁၄၈ ဦးမှာ ကချင်ပြည်နယ်တွင် နှစ်ဦး၊ ကယားပြည်နယ်တွင် တစ်ဦး၊ ကရင်ပြည်နယ်တွင် နှစ်ဦး၊ ချင်းပြည် နယ်တွင် တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ၂၂ ဦး၊ တနင်္သာရီတိုင်းဒေ သကြီးတွင် လေးဦး၊ ပဲခူးတိုင်းဒေသ ကြီးတွင် လေးဦး၊ မန္တလေးတိုင်းဒေ သကြီးတွင် ၄၂ ဦး၊ မကွေးတိုင်းဒေ သကြီးတွင် ၁၄ ဦး၊ မွန်ပြည်နယ်တွင် ၁၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၇ ဦး၊ ရှမ်းပြည်နယ်တွင် နှစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ခြောက် ဦးတို့ဖြစ်ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ လုပ် ကြံသတ်ဖြတ်ခံရမှုကြောင့် နိုင်ငံ့ဝန် ထမ်း ၃၈ ဦး သေဆုံးခဲ့ပြီး ၇၉ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။ သတ်ဖြတ်မှု ကြောင့် သေဆုံးခဲ့သည့် နိုင်ငံ့ဝန် ထမ်း ၃၈ ဦးမှာ နေ ပြည်တော်တွင် တစ်ဦး၊ ကချင်ပြည် နယ်တွင် တစ်ဦး၊ ချင်းပြည်နယ်တွင် နှစ်ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ခုနစ်ဦး၊ တနင်္သာ ရီတိုင်းဒေသကြီးတွင် နှစ်ဦး၊ ပဲခူး တိုင်းဒေသကြီးတွင် တစ်ဦး၊ မကွေး တိုင်းဒေသကြီးတွင် ၁၀ ဦး၊ မန္တလေး တိုင်းဒေသကြီးတွင် ခုနစ်ဦး၊ မွန်ပြည် နယ်တွင် နှစ်ဦး၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် လေးဦးနှင့် ရှမ်းပြည်နယ်၌ တစ်ဦးတို့ ဖြစ်ကြသည်။

သေဆုံးခဲ့သည့် နိုင်ငံ့ဝန်ထမ်း ၃၈ ဦးတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခုနစ်ဦး၊ အကျဉ်းဦးစီးဌာ နမှ တစ်ဦး၊ နယ်စပ်ဒေသနှင့် တိုင်း ရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ နှစ်ဦး၊ မြေစာရင်း ဌာနမှ တစ်ဦး၊ သစ်တောဝန်ထမ်း နှစ်ဦး၊ လျှပ်စစ်ဝန်ထမ်း လေးဦး၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနမှ မီးရထားဝန်ထမ်း နှစ်ဦး နှင့် စာတိုက်ဝန်ထမ်း တစ်ဦး၊ ပညာ ရေးဝန်ထမ်း ၁၂ ဦး၊ ကျန်းမာရေးဝန် ထမ်း သုံးဦး၊ ဆောက်လုပ်ရေးဝန် ထမ်း တစ်ဦးနှင့် စည်ပင်ဝန်ထမ်းတစ် ဦးတို့ ပါဝင်သည်။

လုပ်ကြံသတ်ဖြတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ငံ့ဝန် ထမ်း ၇၉ ဦးမှာ နေပြည်တော်တွင် နှစ်ဦး၊ ကချင်ပြည်နယ်တွင် ၁၀ ဦး၊ ကယားပြည်နယ်တွင် လေးဦး၊ ကရင် ပြည်နယ်တွင် တစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၅ ဦး၊ ပဲခူးတိုင်းဒေ သကြီးတွင် ၁၁ ဦး၊ မကွေးတိုင်းဒေသ ကြီးတွင် လေးဦး၊ မန္တလေးတိုင်းဒေသ ကြီးတွင် ၂၀၊ မွန်ပြည်နယ်တွင် နှစ် ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ဦး၊ ရှမ်းပြည်နယ်တွင် တစ်ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ဦးတို့ဖြစ်ကြသည်။

ဒဏ်ရာရရှိခဲ့သည့် နိုင်ငံ့ဝန် ထမ်း ၇၉ ဦးတွင် လွှတ်တော်ရုံးဝန် ထမ်းတစ်ဦး၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်း ၁၅ ဦး၊ ပြန် ကြားရေးဝန်ထမ်းတစ်ဦး၊ မြေစာရင်း ဝန်ထမ်း နှစ်ဦး၊ သစ်တောဝန်ထမ်း ငါးဦး၊ လျှပ်စစ်ဝန်ထမ်း ၁၃ ဦး၊ အ ကောက်ခွန်ဝန်ထမ်း သုံးဦး၊ လဝက ဝန်ထမ်း လေးဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မီးရ ထားဝန်ထမ်းတစ်ဦးနှင့် ရေကြောင်း ဝန်ထမ်း လေးဦး၊ ပညာရေးဝန်ထမ်း ၁၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ကိုးဦး နှင့် စည်ပင်ဝန်ထမ်းခြောက်ဦးတို့ ပါဝင်ခဲ့သည်။         

ထို့ပြင် ပစ်ခတ်သတ်ဖြတ်ခံရမှု များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန် ကုန်တိုင်းဒေသကြီးတို့တွင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်။

လက်ရှိတွင် တပ်မတော်၊ ရဲ တပ်ဖွဲ့နှင့် ဒေသဆိုင်ရာအာဏာပိုင်များအား သတင်းပေး၊ ဒလန်စသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံအနှံ့၌ သံဃာတော်များ၊ စစ်မှုထမ်းဟောင်း၊ အငြိမ်းစားဝန်ထမ်း၊ ရာအိမ်မှူး၊ ဆယ် အိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများမှာ သတ်ဖြတ်ခံ နေရသည်။


READ NEXT
Cancel OK