Top News

၂၀၂၁ ဘဏ်ဂယက်နှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ
24htopnews | October 11, 2024 1:12 AM CST

■ လက်ရှိအချိန်အထိ မပြေလည်သေးသည့် ငွေသားထုတ်ယူမှုပြဿနာနှင့် ဘဏ်ဂယက်

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဘဏ်များတွင် လုပ်ငန်းလည် ပတ်ဆောင်ရွက်နေမှုမရှိခြင်း၊ ငွေ သားထုတ်ယူရန် ခက်ခဲခြင်း၊ ATM စက်များတွင်ပင် လိုအပ်ချက်အတိုင်း ထုတ်ယူရရှိနိုင်မှုမရှိသည့်အ ခြေအနေများဖြစ်ပေါ်ခဲ့ပြီး ဘဏ်များအပေါ် ပြည်သူများ၏ စိုးရိမ်မှုကို မြင့်တက်စေခဲ့သည်။

ပုဂ္ဂလိကဘဏ်အချို့တွင် ငွေသားထုတ်ယူရန်လိုအပ်သည့် Customer များအနေဖြင့် ကြိုတင်စာ ရင်းပေးသွင်းရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဘဏ်ခွဲအချို့ကို ဧပြီ ၂၀ ရက်တွင် စတင်ဖွင့် လှစ်ခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်အချို့၏ ATM စက်များတွင်  ဧပြီ ၂၀ ရက်က ငွေထုတ်ယူသူများ ပြားပြီး တန်းစီစောင့်ဆိုင်းရသည့် အထိ များပြားခဲ့သည်။ ငွေထုတ်ယူ သူများသည် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်နှင့် ရိုးမဘဏ် များ၏  ATM စက်များ၌ အများဆုံး ထုတ်ယူခဲ့ကြသည်။

ပုဂ္ဂလိကဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် ပမာဏမှာ တစ်ဘဏ်နှင့် တစ်ဘဏ် တူညီမှုမရှိချေ။  KBZ ဘဏ် ATM တွင် တစ်နေ့လျှင် လူတစ်ဦး ကျပ်နှစ်သိန်း၊ ရိုးမဘဏ်တွင် ကျပ်သုံးသိန်း၊ AGD ဘဏ်မှ တစ်နေ့လျှင် ကျပ် တစ်သိန်း ခွဲ၊ CB ဘဏ် မှ ကျပ်သုံး သိန်း အစရှိသဖြင့် ထုတ်ယူနိုင် ကြောင်း ဘဏ်အသီးသီးက ထုတ် ပြန်ကြေညာခဲ့သည်။

ATM စက်များ၌ ငွေထုတ်ယူနိုင်ရန် တန်းစီစောင့်ဆိုင်းရသည့် အခြေအနေများဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ ငွေထုတ်ရန် တန်းစီရာတွင်လည်း နေရာဦးခအဖြစ် တစ်ဦးလျှင် သောင်း နှင့်ချီပေးရသည့်ဖြစ်စဉ်များရှိခဲ့ပြီး အချို့မှာမူ ထုတ်ချင်တိုင်းပင် ထုတ် ၍ မရသည့် ဖြစ်စဉ်များရှိခဲ့သည်။   

ယင်းနောက်ပိုင်းတွင်လည်း ပုဂ္ဂလိကဘဏ်များ၏ ATM ငွေထုတ်စက်များတွင် တန်းစီသူများ လျော့ကျသွားခြင်းမရှိဘဲ ကျပ်ငွေ အချင်းချင်း ရာခိုင်နှုန်းတစ်ခုဖြင့် လဲလှယ်ပေးသည့် စျေးကွက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ရာခိုင်နှုန်းအနေဖြင့် ငါးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ပေး ချေပြီး ငွေလဲရသည်အထိရှိခဲ့သည်။

ပြည်သူများအကြား ATM များ တွင် ငွေထုတ်ယူရန် အချိန်ကြာမြင့် စွာ တန်းစီစောင့်ဆိုင်းနေရခြင်း၊  ဘဏ်များမှ ငွေသားထုတ်ယူရန် ခက်ခဲခြင်းများကြောင့် ဘဏ်များ ပြိုလဲသွားနိုင်သည့်အပေါ် စိုးရိမ်မှု  ပိုမိုမြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအားလုံး စနစ်တကျ လုပ်ငန်းများ ဆောင်ရွက်ရန် အ နီးကပ်ကြပ်မတ်ဆောင်ရွက်လျက် ရှိပြီး ဘဏ်များအားလုံး သတ်မှတ် ချက်များနှင့်အညီ ခိုင်မာစွာ ဝန် ဆောင်မှုပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်  စိုးရိမ်ပူပန်မှုမရှိဘဲ ဘဏ်များအပေါ် စိတ်ချယုံ ကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း ဗဟို ဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

ATM /POS မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံး ကျပ်ငါးသိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၊ ကုမ္ပဏီ / အဖွဲ့အစည်းများအတွက် တစ်ပတ် လျှင် အများဆုံးကျပ်သိန်း ၂၀၀ သတ်မှတ်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ညွှန်ကြားခဲ့ သည်။

လက်ရှိအခြေအနေအထိ ဘဏ်များတွင် ငွေထုတ်ရခက်ခဲ ခြင်း၊ ငွေထုတ်ရန် ရာခိုင်နှုန်းတစ်ခုပေး၍ ငွေထုတ်နေရခြင်းနှင့် ငွေသားရှား ပါးမှုပြဿနာမှာ ပြည်သူများ ရင် ဆိုင်နေရဆဲဖြစ်ပြီး ATM စက်များမှ ငွေထုတ်၍မရခြင်း၊ ဘဏ်များမှ ငွေ သားထုတ်ယူမှု အခက်အခဲများ ဖြစ် ပေါ်နေခဲ့သည်မှာ အချိန်ကာလ တစ် ခုအထိ ကြာမြင့်လာပြီဖြစ်သည်။

ပြည်တွင်းဘဏ်များ လုံခြုံ ခိုင် မာမှုရှိစေရန်အတွက် နိုင်ငံတော် ဗဟိုဘဏ်သည် ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းစဉ်များ လုပ်ဆောင် လျက်ရှိပြီး စောင့်ကြည့်ကြီးကြပ်စစ် ဆေးခြင်းနှင့် ကွင်းဆင်းကြီးကြပ် စစ်ဆေးခြင်းတို့ကို အခြေခံဆောင် ရွက်လျက်ရှိသည်။ ကြီးကြပ်စစ် ဆေးခြင်းလုပ်ဆောင်ရာတွင် ဘဏ် များ၏ငွေရေးကြေးရေးအခြေအ နေနှင့်  လုပ်ငန်းဆောင်ရွက်မှု အ ပေါ် ပုံမှန် သတင်းအချက်အလက်ရယူ ဆောင်ရွက်၍ ကြီးကြပ်စစ်ဆေး ခြင်း၊ ဘဏ်များ၏ အဓိကလုပ်ငန်းဆောင်ရွက်မှုညွှန်းကိန်းများကို လေ့ လာဆန်းစစ်ခြင်း၊ ကြိုတင်သတိပေး စနစ်အား ပံ့ပိုးကူညီဆောင်ရွက် ခြင်းတို့ဖြင့် ဘဏ်များ ခိုင်မာလုံခြုံ မှုရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ် သည်။ ကွင်းဆင်းကြီးကြပ်စစ်ဆေး ခြင်းလုပ်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်များမှာ ဘဏ်လုပ် ငန်းကဏ္ဍ တောင့်တင်းခိုင်မာစေ ရန်၊ ဘဏ်များ၏ လုပ်ငန်းဆောင် ရွက်မှုများနှင့် ၎င်းင်းတို့၏ငွေရေး ကြေးရေးအခြေအနေကို ကြီးကြပ် ရန်၊ ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ် သတ်မှတ်ရန်၊ ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံးဖြစ်စေရန်တို့ဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်၏ အဓိ က တာဝန်မှာ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု စနစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဖြစ် သည်။

ယုံကြည်စိတ်ချစွာဖြင့် ဘဏ် တွင် လာရောက်အပ်နှံထားသည့် အများပြည်သူ၏ငွေကြေးများ ဆုံးရှုံး မှု မရှိအောင် ကာကွယ်ရန်မှာ ဘဏ် များ၏တာဝန်ဖြစ်သည်။

ဘဏ်တွင် ငွေအပ်နှံထားသော အများပြည်သူသည် အကြောင်း ကြောင်းကြောင့် မိမိတို့စုဆောင်း ထားသော ငွေကြေးများ ဆုံးရှုံးသွား မည်ကို စိုးရိမ်ပူပန်ခြင်းဖြစ်သည်။

အများပြည်သူ ငွေကြေးများ ကို ယုံကြည် စိတ်ချရသည့်၊ ခိုင်မာလုံ ခြုံသည့် ဘဏ်များတွင် အပ်နှံနိုင် ရေး၊ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ် ရေးနှင့် အများပြည်သူ၏ ဗဟိုဘဏ် နှင့် ပြည်တွင်းဘဏ်များအပေါ် ထားရှိသည့် ယုံကြည်ကိုးစားမှု တိုး မြင့်လာစေရေးအတွက် နိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များ ဆက်လက်ကြိုးပမ်းရဦးမည်ဖြစ် သည်။

စံချိန်တင်မြင့်တက်ခဲ့သည့်စက်သုံးဆီစျေး

၂၀၂၁ ခုနှစ်သည် ပြည်တွင်း စက်သုံးဆီစျေးနှုန်း နှစ်ဆကျော် မြင့်တက်ခဲ့သော တစ်နှစ်တာကာ လဖြစ်ပြီး စက်သုံးဆီစျေးနှုန်းများ တစ်လီတာ ကျပ် ၁၅၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်း MPTA ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် တွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်း များမှာ ဒီဇယ်တစ်လီတာ ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၆၇၀ ကျပ်၊ အောက်တိန်း 92Ron တစ်လီတာ ၆၂၅ ကျပ်၊ အောက်တိန်း 95Ron တစ်လီတာ ၇၅၀ ကျပ်သာရှိသည်။

ပြည်တွင်း စက်သုံးဆီစျေးနှုန်း များမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ တရိပ်ရပ်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် စက်သုံး ဆီစျေးနှုန်းများမှာ  ဒီဇယ်တစ်လီ တာ ၁၅၀၀ ကျပ်၊ ပရီမီယံဒီဇယ်တစ် လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 92Ron တစ်လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 95Ron တစ်လီတာ ၁၅၂၅ ကျပ်အထိ အမြင့်ဆုံးမြင့် တက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ စက်တင်ဘာအထိ ရှစ်လအတွင်း ဒီဇယ်တစ်လီတာ ကျပ် ၈၄၀ အထိ မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ၁၂၇ ရာခိုင်နှုန်းကျော်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၈၃၅ ကျပ်ကျော် မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ၁၂၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ သည်။

အောက်တိန်း 92Ron တစ် လီတာ ကျပ် ၈၈၀ ကျော်မြင့်တက် ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၄၀ ကျော်၊ အောက်တိန်း 95Ron တစ်လီတာ ၇၇၅ ကျပ် မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ၁၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၁ ခုနှစ်သည် ရှစ်လတာ ကာလအတွင်း ပြည်တွင်းစက်သုံးဆီအမျိုးအစားအားလုံး စျေးနှုန်း နှစ်ဆကျော်အထိ မြင့်တက်ခဲ့သော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များအရ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်း လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။

၂၀၂၁ ခုနှစ်အတွင်း ကျပ်ငွေတန်ဖိုး ကျဆင်းမှု အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့ခြင်း

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင် ငံ၏ ကျပ်ငွေတန်ဖိုးကျဆင်းမှုအ မြင့်ဆုံးအဖြစ် တစ်ဒေါ်လာ ၂၇၀၀ ကျပ်ဝန်းကျင်သို့ရောက်ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ နောက် ဆုံးပတ်တွင်  နိုင်ငံခြားငွေလဲနှုန်းတစ် ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်ရှိ နေ ပြီး ရန်ကုန်မြို့ရှိ ငွေလဲကောင်တာ အချို့ အရောင်းအဝယ် ပြုလုပ်ခြင်း မရှိဘဲ ပိတ်သိမ်းထားသည်အထိ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံခြားငွေရောင်းစျေးနှုန်း နှင့် ဝယ်စျေးနှုန်းအကြား အများဆုံး ထားရှိရမည့် ကွာဟချက်သတ်မှတ် ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြား ငွေလဲကောင်တာများတွင် အမေရိ ကန်တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်း ကျင်ဖြင့် စတင်ရောင်းချခဲ့သည်။

ယင်းသို့ ကျပ်ငွေတန်ဖိုး ကျဆင်း မှုကို ဖြေလျှော့နိုင်ရန်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံ ခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချ ထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချ ခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လ အလိုက် ဒေါ်လာရောင်းချမှုအနေ ဖြင့် ဖေဖော်ဝါရီတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်တွင် ရောင်းချမှု မရှိခဲ့ပေ။ ဧပြီတွင် ဒေါ်လာ ၁၂ သန်း၊ မေတွင် ဒေါ်လာ ၂၄ သန်း နှင့် ဇွန်တွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၉ သန်း၊ သြ ဂုတ်တွင် ဒေါ်လာ  ၂၈ သန်း၊ စက် တင်ဘာတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်း ရောင်းချခဲ့သည်။

ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေစျေး

၂၀၂၁ခုနှစ်၌ ကျပ်  ၂၂၅၀၀၀၀ ဝန်းကျင်အထိ စံချိန်တင် ရောက် ရှိ ခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ စက်တင်ဘာ ၂၉ ရက်၌  ပြန်လည် ကျဆင်းခဲ့ပြီး ကျပ် ၂၀၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိ ခဲ့သည်။ စက် တင်ဘာ ၂၉ ရက်တွင် ပြည်တွင်းရွှေ စျေးနှုန်းမှာ ၁၆ ပဲရည် အခေါက် ရွှေစျေးနှုန်းမှာကျပ် ၂၀၇၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် ကမ္ဘာ့ ရွှေစျေး ၁၇၅၁ ဒေါ်လာဝန်းကျင်ရှိ ပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ တစ် ရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန် တက်ကာ ကျပ် ၂၂၅၀၀၀၀ ဝန်းကျင် သို့ စံချိန်တင်ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၂၈ ရက်တွင် ပြည် တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၂၅၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေး နှုန်း ၂၀၁၄၀၀၀ ဝန်းကျင်ရှိခဲ့သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ကာ နှစ်အလိုက် စံချိန်တင် စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက် တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက် တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော် ၀ါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြ ဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်၌ ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်၌ ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀၊ စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၂၂၅၀၀၀၀ အထိ စျေးရှိခဲ့သည်။

ယင်းသို့ စက်သုံးဆီစျေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက် မှု၏ နောက်ဆက်တွဲဂယက်အဖြစ် အခြေခံစားသောက်ကုန်နှင့် ကုန် စည်စျေးနှုန်းအများစု စျေးနှုန်းလိုက် ပါမြင့်တက်မှုကို ပြည်သူများ ခံစား ခဲ့ကြရသည်။                     

 


READ NEXT
Cancel OK