Top News

(၁၇)ရက်ကြာ ကျင်းပပြုလုပ်မည့် Royal-D U19 Futsal ယနေ့ စတင်ယှဉ်ပြိုင်
24htopnews | October 10, 2024 11:12 PM CST

(၁၇)ရက်ကြာ ကျင်းပပြုလုပ်သွားမည့် Royal-D U19 Futsal ပြိုင်ပွဲကို ယနေ့ အောက်တိုဘာ (၁၀)ရက်တွင် စတင်ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စု အဖွင့်ပွဲစဉ်တွင် (၁၁)ဂိုးပြတ်အထိ သွင်းယူနိုင်သည့် အသင်းထွက်ပေါ်ခဲ့သည်။

ယနေ့ ပွဲစဉ်အတွင်း Insein City နှင့် United Phoenix FC တို့ယှဉ်ပြိုင်ကစားကြရာ Insein City က(၁၁)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီး၊ Teen Teenager နှင့် The Un derdog FC တို့ ယှဉ်ပြိုင်ကစားကြရာတွင်လည်း The Un derdog FC က (၈)ဂိုး (၃)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

MFF Royal-D U19 Futsal Championship 2024 ပြိုင်ပွဲကို အသင်းပေါင်း (၃၂ ) သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အောက်တိုဘာ (၁၀) ရက်မှ (၂၆) ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း(၃၀)၊ ဒုတိယဆု ကျပ်သိန်း (၂၀ )နှင့် တတိယဆု ကျပ်(၁၅) သိန်းပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

ယနေ့ ဖွင့်ပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဦးထွန်းထွန်းအောင်၊ တွဲဖက် ထွေထွေ အတွင်းရေးမှုး ဦးစည်သူဝင်း၊ Royal -D မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK