Top News

အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေစဉ် ထိုင်းနိုင်ငံက မြန်မာအရေးနှင့်ပတ်သက်၍ အစီအမံသစ်တစ်ရပ်ကို အဆိုပြု
24htopnews | October 10, 2024 6:12 PM CST

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေစဉ် ထိုင်းနိုင်ငံက  မြန်မာအရေးနှင့်ပတ်သက်၍ အစီအမံသစ်တစ်ရပ်ကို အဆိုပြုခဲ့သည်။

ဒေသဆိုင်ရာငြိမ်းချမ်းရေး ကြိုးပမ်းမှုသည်တိုးတက်မှုအနည်းငယ်ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံက နိုင်ငံရေးဆိုင်ရာ အဖြေတစ်ရပ် အတွက် လမ်းကြောင်းသစ်ကို အဆိုပြုရန် ရှိနေခြင်းနှင့်အတူ အရှေ့တောင်အာရှခေါင်း ဆောင်များက ပိုမိုဆိုးရွားလာသော မြန်မာနိုင်ငံမှပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းများ ရှာဖွေမည်ဟုမျှော်လင့်ရသော  ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၉ ရက်တွင် လာအိုနိုင်ငံ၌ ကျင်းပခဲ့သည်။

မြန်မာနစက က အကြမ်းဖက်သမားများဟု ပြောကြားထားသော ၎င်းအပေါ်အတိုက်အခံပြုလုပ်နေသည့်  အင်အားစုများနှင့်ဆွေးနွေးမှုများပြုလုပ်ရန် ငြင်းဆန်ထားသည်။

သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် PDF များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်၍ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် နစကက ဖိတ်ခေါ်ထားသည်။

ထိုင်းနိုင်ငံက ဒီဇင်ဘာလထဲတွင် အာ ဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အလွတ် သဘောဆွေးနွေး ပွဲပြုလုပ်ရန် ယခုသီတင်း ပတ်ထဲတွင် ကမ်းလှမ်းခဲ့သည်။

“ကျွန်တော်တို့ကတော့ နိုင်ငံရေးဆိုင်ရာ အဖြေတစ်ရပ်ကို မြင်ချင်ပါတယ်”ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေးဘာလန်ကူရာက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ထိုင်းဟာ မြန်မာ့ငြိမ်းချမ်းရေးကို ဦး တည်စေနိုင်တဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အာ ဆီယံကြိုးပမ်းအားထုတ်မှုဖြစ်ပေါ်လာ အောင်လို့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ နဲ့အတူ ညှိနှိုင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ် နေပါတယ်”ဟု ၎င်းင်းက ဆက်လက်ပြောကြား ခဲ့သည်။

ထိုင်း၏ကြိုးပမ်းဆောင်ရွက်မှုသည် လက်ရှိအာဆီယံငြိမ်းချမ်းရေး ကြိုးပမ်းအား ထုတ်မှုများကို ဖြည့်စွက်ပေး လိမ့်မည်ဖြစ်သော်လည်း အရှေ့တောင်အာရှဒေသ၏ အပြင်ဘက်မှနိုင်ငံများ ချက်ချင်းလက်ငင်း ပါဝင်လာနိုင်ဖွယ်ရာမရှိဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အောက်တိုဘာ ၈ ရက် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဆိုပြုခဲ့သော အဆိုပြုချက်သည် အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ရန် ရွေးချယ်မှု နည်းပါးလာချိန်တွင် ပေါ်ထွက်လာသော အဆိုပြုချက်ဖြစ်သည်။

မြန်မာတပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲယူခဲ့ပြီးနောက် လပိုင်းအတွင်းချမှတ်ခဲ့သော ငြိမ်းချမ်းရေးအစီအမံဖြစ်သည့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်သို့ မဟုတ် အပြန်အလှန် ဆွေးနွေးမှုစတင်ရန် နစကအပေါ် ဆန့်ကျင်နေသည့် အုပ်စုများကို ဖျောင်းဖျရန်အတွက် အင်ဒိုနီးရှား၏ကြိုးပမ်းမှုတို့နှင့် စပ်လျဉ်း၍ တိုးတက်မှုမရှိခဲ့ပေ။

မြန်မာ၏အိမ်နီးချင်းနိုင်ငံကြီးများဖြစ် သော အိန္ဒိယနှင့်တရုတ်တို့က ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် အခန်းကဏ္ဍတစ်ရပ်မှ ပါဝင် နိုင်သည်ဟု လွန်ခဲ့သောလများတွင် ထိုင်းနိုင် ငံကပြောကြားခဲ့သော်လည်း ထိုင်း၏နောက် ဆုံးအဆိုပြုချက်မှာ အာဆီယံအတွက် အကန့် အသတ်ဖြစ်နေသည်။

မြန်မာ နစက၏ ဗိုလ်ချုပ်များ သို့မဟုတ် နစကအပေါ် အတိုက်အခံပြုလုပ်နေသည့် အင်အားစုများကို အလွတ်သဘော ဆွေးနွေး ပွဲများသို့ ဖိတ်ကြားခြင်းပြုမပြုဆို သည်မှာ အာဆီယံဥက္ကဋ္ဌ လာအိုနှင့်အခြား အဖွဲ့ဝင် နိုင်ငံများ၏သဘောအတိုင်းဖြစ်လိမ့်မည်ဟု နီကွန်ဒေးက ဖြည့်စွက်ပြောကြားခဲ့သည်။

အကြမ်းဖက်မှုလျှော့ချရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ ဒီမိုကရေစီ အတိုက်အခံ များနှင့်ဆွေးနွေးရန် မြန်မာနစ က၏ကြိုးပမ်းအားထုတ်မှုများတွင် တိုးတက် မှုမရှိသလောက်ဖြစ်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်၏လာအိုခရီးစဉ်မတိုင် မီ အရှေ့အာရှအတွက် အမေရိကန်သံတမန်  ဒန်နီရယ်ခရစ္စတင်ဘ ရင့်ကသတင်းထောက်များကို ပြောကြားခဲ့ သည်။

“ကျွန်တော်တို့က နစကကို ဆက်လက် ဖိအားပေးရမယ်ဆိုတာ နိုင်ငံခြားရေးဝန် ကြီးက ဒေသတွင်း မိတ်ဖက်နိုင်ငံတွေကို ဆက်လက် အလေးပေးပြောကြားပါလိမ့်မယ်” ဟု ဘလင်ကန်၏ခရီးစဉ်နှင့်စပ်လျဉ်း၍ ခရစ္စ တင်ဘရင့်က ဖြည့်စွက်ပြောကြားခဲ့သည်။

Ref;VOA


READ NEXT
Cancel OK