Top News

နေပြည်တော် သုခတော်ဝင်အိမ်ရာရှိ တိုက်ခန်းတစ်ခုအတွင်း၌ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့်သေဆုံးနေ
24htopnews | October 7, 2024 11:13 PM CST

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာရှိ တိုက်ခန်းတစ်ခုအတွင်း၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေသော သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို ယနေ့ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းကတွေ့ရှိခဲ့ရကြောင်း အခင်းဖြစ်နေရာအနီးနေသူများထံမှ သိရသည်။

ဇဗ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာရှိ တိုက်အမှတ်(K1)၊ အခန်းအမှတ် (၁၃)တွင် တစ်ဦးတည်းနေထိုင်သော ဒေါ်စန္ဒာမိုး (၆၁)နှစ်သည် ၎င်းပိုင်ဆိုင်သည့်တိုက်ခန်း၏ ဧည့်ခန်းကြမ်းပြင်ပေါ်၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

” သူက နေ့တိုင်းဆွမ်းထွက်လောင်းတယ်။ ဒီနေ့ဆွမ်းလောင်းတာမတွေ့တဲ့အတွက် အဲဒီတိုက်မှာနေတဲ့ အမျိုးသမီးတစ်ယောက်က ကျန်းမာရေးကြောင့် ဆွမ်းမလောင်းတာလားဆိုတာမေးဖို့အတွက်သွားကြည့်တော့ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတာ။ တိုက်ခန်းထဲမှာလည်း ပစ္စည်းတွေကိုရှာဖွေထားတဲ့ပုံစံမျိုး ရှုတ်ပွနေတာကိုတွေ့ရတယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ၎င်း အမျိုးသမီး ၏ရုပ်အလောင်းအား ပေးဆပ်သူများနာမှုကူညီရေးအသင်းမှ ခုတင်-၁၀၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK