Top News

မှော်ဘီမြို့နယ်တွင် အထည်ချုပ် စက်ရုံ ဖယ်ရီးကား အုတ်တံတိုင်းကို တိုက်မိပြီး တိမ်းမှောက်၊ ယာဉ်ပေါ်ပါသူများအနက် (၁၀)ဦး ထိခိုက်ဒဏ်ရာရ
24htopnews | October 7, 2024 11:13 PM CST

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံး မှတ်တိုင်အနီးတွင် အထည်ချုပ် စက်ရုံ ဖယ်ရီးကား အုတ်တံတိုင်းကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူများအနက် (၁၀)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မှော်ဘီမြို့နယ်မီးသတ်စခန်းနှင့် ဒေသခံများထံမှ ကနဦး သတင်းများအရ သိရသည်။

ယနေ့ အောက်တိုဘာ (၇)ရက်၊ ည (၆)နာရီ (၄၉)မိနစ်အချိန်တွင် အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ ကယ်ဆယ်ရေးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ကြက်ဖြူကန်မှာ ဖယ်ရီကား အုတ်နံရံကို ဝင်တိုက်ပြီး မှောက်တာ။ ဆေးရုံကားတွေ အသွားပြန်လုပ်ပြီး ဆေးရုံကို ပို့ပေးနေပါတယ်။” ဟု မှော်ဘီမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦး၊ အမျိုးသမီ(၈)ဦး မစိုးရိမ်ရတို့အား မေတ္တာမြိုင်လူမူအသင်းကား၊ စေတနာမွန်လူမူရေးအသင်းကား၊ မြို့မလူမူရေးအသင်းကား၊ မြင့်မြတ်လူမူရေးအသင်းကားနှင့် မဇ္ဇိုမလှိုင်းလူမူရေးအသင်း လူနာတင်ယာဉ်များဖြင့် မှောဘီမြိုနယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK