Top News

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ မန္တလေးတိုင်းဝန်ကြီးချုပ် လာရောက်၊ ရုပ်အလောင်းကို တောင်အင်းမြောက်အင်းသုသာန်တွင် သဂြို ၤဟ်မည်
24htopnews | October 7, 2024 8:12 PM CST

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ မန္တလေးတိုင်းဝန်ကြီးချုပ် လာရောက်၊ ရုပ်အလောင်းကို တောင်အင်းမြောက်အင်းသုသာန်တွင် သဂြို င်္ဟ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်မှာ အောက်တိုဘာ ၇ ရက် နံနက် ၄ နာရီခန့်က မန္တလေးဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့ဝင်များ အောက်တိုဘာ ၇ ရက်က လာရောက်ခဲ့ကြောင်း မိသားစုဝင်အချို့က ပြောကြားသည်။

NLD ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် အဂတိမှုအပါအဝင် အမှုပေါင်း ၁ဝခုဖြင့် ထောင်ဒဏ်၂၉ နှစ်ကျခံလျက်ရှိရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄) ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်းနေစဉ်ထဲက ကင်ဆာရောဂါအား ခံစားနေရသူဖြစ်ပြီး ကုသမှုများအား ခံယူနေရသူဖြစ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်ရုပ်အလောင်းအား လက်ရှိတွင် (ဃ-၃) ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ကျွဲဆည်ကန်နေအိမ်တွင် ထားရှိထားပြီး အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီတွင် တောင်အင်းမြောက်အင်း သုသာန်သို့ ပို့ဆောင်ကာ မီးသဂြို င်္ဟ်မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK